ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး(၄)

etoneMay 16, 20111min1241

“ဟဲ့… ငါတယောက်လုံးကုပေးနေတာ ဘယ်ဆေးရုံကို တက်ချင်သေးတာလဲ…..။
လိုအပ်လျှင် တက်ခိုင်းမှာပေါ့ … မလိုမှမလိုအပ်ပဲဟာ… နင်တို့
မယုံမကြည်နဲ့ဆိုငါ့ဆီမလာနဲ့ … ။ ”
xxxxxxxxxxxxxxxx
” ကြီးတော်ကြီး… ဆရာမစိတ်ဆိုးသွားပြီထင်တယ်…. မဖြစ်သေးပါဘူး …သမီးတို့
ဆရာဆီကိုပဲ သွားပြကြရအောင်နော်…. ။ ”
xxxxxxxxxxxxxxx
” ဆရာ …. သမီးအဒေါ်ပါ … လွန်ခဲ့တဲ့ငါးရက်လောက်ကတည်းက တလမ်းကျော်က စနေသမီး
ဆရာမဆီ သွားကုတာ… မသက်သာလို့လာတာပါ…. ။ အဲ့ဒီနေ့က ဆရာမလာဘူးထင်လို့ ….”
” ဟိုးတရက်က ဆရာနောက်ကျတယ်….. ဆေးရုံမှာ ဂျူတီရှိလို့ ထင်ထားတာထက်ပို
နောက်ကျသွားတာ… ခြောက်နာရီကျော်မှ လာဖြစ်လို့… ။ ကဲကဲ အမေကြီး
ခဏလှဲလိုက်ပါဦး… ။ ”
” ဒီလို အစားသောက်ပျက်တာ ကြာပြီလား…                 အော် … အင်း
ဟုတ်ပါပြီ …. ။ ဒါနဲ့ … အပ်ထရာဆောင်းတွေ ၊ ဓါတ်မှန်တွေ ရိုက်သေးလား…
ရှိလျှင် …အဲ့ဒါလေး ပြပါဦး ။ ”
“ရိုက်ထားတယ်ဆရာ… မြောင်းမြမှာဆေးစစ်တုန်းက တစ်ခါ …
ဟိုစနေသမီးဆရာမဆီသွားတုန်းက တစ်ခါ နှစ်ခါရိုက်တယ်… ။ ”
“ဒါဆို ပြပါဦး… ” ” ပြောတော့ နှစ်ခါဆို …. အခု တစ်ခါပဲ ရိုက်ထားတာပါလား
… မြောင်းမြက ရိုက်ထားတာပဲ ပါတာလား… နောက်တစ်ခုအိမ်နီးလျှင်
ပြန်ယူလိုက်ပါလား ….”
” အိမ်မှာ မရှိဘူး ဆရာရဲ့ … နောက်တစ်ခုက စနေသမီးဆရာမဆီမှာ …”
“အမ်….သူကဘာလို့ ယူထားရတာလဲ … လူနာက ပြန်မတောင်းဘူးလား…”
“သူက သူသိမ်းမယ်လို့ ပြောလို့ ပေးထားတာပါ ဆရာ…. ” ” ဒါဆိုလည်း ပြန်တောင်း
လာခဲ့ …ဆရာ ရိုက်ထားတာ နှစ်ခု ယှဉ်ကြည့်ချင်လို့… ဆရာထပ်ရိုက်ခိုင်းလျှင်
သမီးတို့ ပိုက်ဆံ ထပ်ကုန်မှာ စိုးလို့…. ”
” ကြီးတော်ကြီးတို့ ခဏထိုင်နေဦးနော်….. သမီးဟိုဘက်ဆေးခန်းပြန်သွားပြီး
ရိုက်ထားတာတွေ သွားတောင်းလိုက်ဦးမယ်…. ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက်ပဲ
ကြာမယ် … ။ ”
xxxxxxxx
“ဆရာမ သမီးဒေါ်ကျင်ရဲ့ အပ်ထရာဆောင်းနဲ့ ဓါတ်မှန် ရိုက်ထားတာလေးတွေ ပြန်ပေးပါလား …. ”
” ဘာလုပ်မလို့လဲ…နင်တို့ ကြည့်တတ်လို့လား … ။ ”
” တခြား ဆေးခန်းမှာ ပြကြည့်မလို့ ဆရာမ …. ”
” ငါ့ကို မယုံမကြည်နဲ့ တခြား ဆေးခန်းပြမယ်ဆိုလျှင် ပြန်ရိုက်လိုက်တော့…
ငါရိုက်ခိုင်းတာ ငါ့ဆီမှာပဲ သိမ်းထားတော့မယ်… ။ မပေးလိုက်တော့ဘူး … ”
xxxxxxxxx
” သမီး … မျက်နှာလည်း မကောင်းပါလား … ဘာဖြစ်လာတာလဲ … ”
“ဒီလို ဆရာရေ… ဟိုစနေနံဆရာမက သူရိုက်ခိုင်းထားတာမို့ …သူသိမ်းတတဲ့
မပေးလိုက်ဘူးတဲ့… ဆရာလိုချင်လျှင် ပြန်ရိုက်ပါတဲ့… ။
” ဘာ.. … ရိုင်းလိုက်တာ… လူနာနဲ့ ဆိုင်တဲ့ စာရွက်စာတမ်းကို
သူသိမ်းစရာဘာမှ မရှိဘူး … သူ့ပိုက်ဆံနဲ့ ရိုက်ထားတာလည်း မဟုတ်ဘူး
…သွားမရရအောင် ပြန်တောင်း ခဲ့…. သူက မပေးဘူးဆိုလည်း ….. အပ်ထရာစောင်းနဲ့
ဓါတ်မှန်ရိုက်ခရအောင် တောင်းခဲ့… ။ ဆရာတို့ ဆရာဝန်တွေက လူနာကို
လေးစားရမယ်လေ …. ဆင်းရဲတာ ချမ်းသာတာ တပိုင်းပဲ … ငါတော်တယ်
ငါတတ်တယ်…ငါ့ကို ဆရာမလုပ်နဲ့ဆိုပြီး စကားတစ်လမ်းထဲသွားလို့ ရတာမဟုတ်ဘူး
….. အနာနဲ့ ဆေးတည့်ဖို့ လူနာကို မေးမြန်းရမယ် … ဆွေးနွေးရမယ်…
လိုအပ်တာတွေ စစ်သင့်လျှင် စစ်ရမယ်လေ…. ကဲကဲ … လိုအပ်လို့တောင်းတာဆိုပြီး
ပြန်တောင်းခဲ့… . ”
သင်းသင်းခမျာ မျက်နှာလေး ဇီးရွက်လောက်သာသာဖြင့် ရှုံ့မဲ့ကာ
စနေသမီးဆရာမထိုင်သော ဆေးခန်းသို့ တဖန်သွားပြန်သည် ….။
” ဟဲ့… ဘာထပ်လာလုပ်တာတုန်း…. ”
” ဆရာမ… ဟို… ရိုက်ထားတာလေးတွေ အဆင်ပြေလျှင် ပြန်ပေးပါလားနော်… သမီးအဒေါ်
ရွာပြန်လျှင် ယူသွားချင်လို့ပါ … ”
“ဒါဆို ရွာပြန်တဲ့နေ့မှ ပြန်လာခဲ့…  ”   ”  ဟုတ် … ဟုတ်ကဲ့… မနက်ဖြန်
ရွာပြန်မှာပါ… ။ ”
” ဒါဆိုလည်း မနက်ဖြန်မှလာခဲ့ … ”
xxxxxxxxxx
“ဘာတဲ့လဲ သင်းသင်းရေ… မရခဲ့ဘူးလား… ”
” ဟုတ်ကဲ့ဆရာ မရခဲ့ဘူး မနက်ဖြန်မှလာတဲ့… ။”
” တယ်ခက်တာပဲ … ဆရာဝန်တယောက်က လူနာနဲ့ ပတ်သတ်တာ လူနာ သဘောတူညီမှူမရှိပဲ
ဘာမှ ယူထားခွင့်မရှိဘူးလေ… အလိုမတူပဲ လုယူထားသလိုဖြစ်နေပါပြီ… ကဲပါ …
အခုတော့ သက်သာအောင် အကြောဆေးသွင်းပေးထားမယ်… ။ အမေကြီးက
အားနည်းနေပုံလည်းရတယ်… ။ ”
“ဟုတ်ကဲ့ ဆရာကောင်းမယ် ထင်သလိုသာ လုပ်ပေးပါ ”
xxxxxxxx
“ဆရာမ သမီး အဒေါ်ရဲ့ ဟာတွေ လာယူတာပါ …. ။ ”
“ခဏစောင့်ဦး ငါ့မှာ လူနာတွေ တန်းစီနေတယ် မရှာပေးအားသေးဘူး … ” “ဟုတ်… ဟုတ်ကဲ့… ။ ”
နာရီဝက်ခန့်အကြာ ……” ဟိတ်ကောင်မလေး ထတော့ ထတော့ …ဒီမှာ လာအိပ်နေသေးတယ်…
ဆရာမခေါ်နေတယ်…။ ” ဆေးခန်းအကူ မိန်းမကြီး လာနှိုးမှ ကျမနိုးသွားရသည် ။
မှုန်တိမှုန်ဝါး မျက်လုံးအစုံကို ပွတ်ရင်း … ဆရာမနားသို့
ချည်းကပ်သွားလိုက်သည် … ။
” ကဲရော့ … မင်း အဒေါ်ဟာတွေ … တစ်ခုတော့ ပြောပြလိုက်မယ် သေချာမှတ်ထား …
ဒေါ်ကျင်ရောဂါက သိကြားမင်းဆင်းကုတာတောင် ပျောက်မဲ့ ရောဂါ မဟုတ်ဘူး ။ ”
သင်းသင်းလည်း လက်ထဲ စာရွက်စာတမ်းပြန်ရသည်နှင့် တပြိုင်နက် ဆရာမကိုပင်
နှုတ်ဆက်ဖို့ မေ့ကာ ကျောခိုင်း၍ ပြန်လာခဲ့တော့သည် …. ။
လမ်းသာလျှောက်နေသည် …. အတွေးတွေကတော့ ရောယှက်နေပြန်သည်… ။
“ဆရာမက ဟိုနေ့ကပြောတော့ ဘာမှ ပြသနာမဟုတ်တဲ့ ရောဂါဆို.. ဒီနေ့ကျတော့
သိကြားမင်းဆင်းကုတာတောင် ပျောက်မဲ့ ရောဂါမဟုတ်ဘူးတဲ့ … ။ တယ်လည်း
တတ်နိုင်ပါလား နော်… ။ ”
တယောက်ထည်း အတွေးများစွာဖြင့်လမ်းလျှောက်လာ

စဉ် … နောက်မှ
သဲသဲမည်းမည်းခေါ်သံကြားသဖြင့် လှည့်ကြည့်ရာ… အသက် အလတ်ပိုင်း
မိန်းမကြီးတယောက် သင်းသင်းနောက်သို့လိုက်လာသည် …. ။
ဘေးဘီဝဲယာကြည့်ပြန်တော့ မည်သူမှ မရှိသဖြင့် သူမကို ခေါ်တာပဲ
ဖြစ်ရမည်ဟုမှတ်ကာ မိန်းမကြီးလိုက်မှီအောင် မတ်တပ်ရပ်စောင့်နေခဲ့သည် … ။
” ဟိတ်ကောင်မလေး… ခေါ်မကြားအော်မကြားနဲ့ … ငါ့မှာ နောက်က ပြေးလိုက်ရတာ မောလိုက်တာ ”
“အန်တီ ဘာကိစ္စရှိလို့လဲ ပြောလေ… ကျမတို့ တခါမှ မတွေ့ခဲ့ဖူးပါဘူး … ။ ”
” အေးဟုတ်တယ်… တခါမှ မတွေ့ဖူးပေမဲ့ ငါက နင့်မျက်နှာကြည့်ရတာ
လိမ္မာမဲ့ပုံပေါက်လို့ … ကူညီချင်လို့ဟ…”
“ကျမ ဘာအကူအညီမှ မလိုပါဘူး အန်တီရယ်… ။ “

One comment

  • hmee

    May 16, 2011 at 7:36 am

    အီးတုံးရေ ဖတ်ရတာ ဆန့်ငင်ဆန့်ငင် ဖြစ်နေပြီနော်။

Leave a Reply