မိတ်ဟောင်းဆွေဟောင်းနှင့်စကားပြောဆိုနည်းသင်တန်းတက်ချင်နေပါသည်။

moonpoemMay 16, 20111min1155

မိတ်ဟောင်းဆွေဟောင်းတွေ တွေ ့ကြလျှင် အချင်းချင်းဖက်လှဲတကင်းဖြင့် မေးကြမြန်းကြ၊ ပြောကြဆိုကြ အားရပါးရ
ရယ်မောကြ အတိတ်ကငယ်ကျိုးငယ်နာတွေ ဖော်ကြဖြင့် ပျော်စရာကောင်းလှသည့်မြင်ကွင်းမျိုးကို တီဗွီဇာတ်လမ်းထဲတွင်ရော
အပြင်မှာပါ ကျွန်မ မကြာခဏဆိုသလို တွေ ့မြင်ဖူူးပါသည်။
သို ့သော်ကျွန်မအတွက်တော့ တချို ့သော သူငယ်ချင်းများနှင့်သာ ထိုသို ့ခံစားမှုမျိုးရှိပေမယ့် တချို ့သော သူငယ်ချင်းများနှင့်တော့
အေးစက်သလိုမျိုး ခံစားရသည်။ တခါတရံ ကိုယ်က အားရပါးရနှင့် ခေါ်ပြောနှုတ်ဆက်လိုက်ပေမယ့် သူ့ဘက်က မခေါ်ချင်တာမျိုး၊
တခါတရံတော့လည်း စကားတစ်ခွန်းနှစ်ခွန်းပြောပြီးသည်နှင့် သူနှင့်ကိုယ်နှင့်ကြား အရင်ကလို မဟုတ်တော့ဘဲ တစုံတခုခြားသွားသလို ဖြစ်သွားသော ခံစားမှုမျိုး၊ တခါတရံကျပြန်တော့လည်း တစ်ဘက်ကအရမ်းကိုကြွားသလိုဖြစ်ပြီးကိုယ့်ကို
နှိမ်သလိုပြောလာပြန်လျှင်လည်း အနှိမ်ခံရသည့်စိတ်ဖြင့် မခံချင်ဖြစ်လာတာမျို းအမျိုးမျိုးအထွေထွေပါပဲ။
သို့အတွက်ကြောင့်လားမသိ တကယ်ကိုဘယ်အချိန်မှာပဲခေါ်ခေါ် အမြဲတမ်းဖော်ဖော်ရွေရွေနှင့် ဆက်ဆံတတ်သော
သူငယ်ချင်းတချို ့ကိုတော့ ရင်ထဲကနှစ်နှစ်ကာကာ ကျေးဇူးတင်မိပါသည်။
ကျွန်မကို သူစိမ်းတစ်ယောက်ပမာ ဆက်ဆံခဲ့ကြသော သူငယ်ချင်းတွေကို ထပ်မံတွေ ့လျှင် ကျွန်မကိုယ်တိုင်ကပဲ
ခေါ်ရမှာ စိတ်ညစ်သည့်အတွက် ရှောင်နေမိမလားမသိ။ ထိုအခါ ကျွန်မသည်ကော တခြားတစ်ယောက်၏ အမြင်တွင်
စိမ်းကားသွားသော သူငယ်ချင်းတစ်ယောက်ဖြစ်နေဦးမည်လား ။ စဉ်းစားရခက်ပါသည်။ သူငယ်ချင်းတွေတွေ ့ကြလျှင်
အရင်ကလို သူစိတ်ဝင်စားတာနှင့် ကိုယ်စိတ်ဝင်စားတာသည် မတူ၊ သူ ပြောတာလည်းကိုယ်စိတ်မဝင်စားကိုယ်ပြောတာလည်း
သူစိတ်မဝင်စား စကားဝိုင်းသည် ခြောက်ကပ်ကပ်နှင့် ဖြစ်နေတာမျိုးကိုလည်း ကျွန်မမလိုချင်ပါ။ မိတ်သစ်ဆွေသစ်ကို
ခင်မင်ဖို ့ရာ စကားပြောခြင်း သည် ကျွန်မအတွက်တော့ မခက်ခဲလှပါ။ ထို ့ကြောင့် မိတ်သစ်ဆွေသစ်ကို
ခင်မင်ဖို ့ရာ စကားပြောခြင်း အတတ်ပညာထက် မိတ်ဟောင်းဆွေဟောင်းနှင့် စကားပြောဆိုတတ်ခြင်းကိုသာ ကျွန်မလိုအပ်နေပါသည်။ သို ့အတွက်ကြောင့် ကျွန်မသည်မိတ်ဟောင်းဆွေဟောင်းနှင့် စကားပြောဆိုနည်းသင်တန်းကိုတက်ချင်ပါသည်။ သိကြလျှင်လည်း သင်ပေးကြပါ။လမ်းညွန်ကြပါ။

5 comments

  • MaMa

    May 16, 2011 at 1:07 pm

    အနေဝေးသွားကြတဲ့အခါ အတွေ့အကြုံ ပတ်ဝန်းကျင်တွေက ကွဲပြားသွားကြတယ်။ အရင်က အရမ်းခင်ခဲ့တဲ့ လူတွေအတွက်ကတော့ ကွဲကွာသွားချိန်မှာ ဖြစ်ပျက်ခဲ့တာတွေကို စကားလက်ဆုံ ပြောမကုန်ဖြစ်ကြပါလိမ့်မယ်။ အရင်ထဲက သိပ်မခင်ခဲ့ရင်တော့ ကိုယ်ကပဲ တစ်ဖက်သားရဲ့ စကားကို အလိုက်အထိုက် ပြောခြင်းဖြင့်လည်းကောင်း၊ သူပြောလိုသော အကြောင်းအရာကို စိတ်ဝင်တစား နားထောင်ပေးခြင်းဖြင့်လည်းကောင်း၊ ဒါမှမဟုတ် နှစ်ဦးလုံးနဲ့ဆိုင်တဲ့ ဟိုတုန်းက နှစ်လိုဖွယ်လေးများကို ပြန်ပြောခြင်းဖြင့်လည်းကောင်း နွေးထွေးတဲ့ ဆက်ဆံမှုလေးတွေကို ရရှိနိုင်ပါတယ်။

  • manawphyulay

    May 16, 2011 at 1:08 pm

    စကားပြောဆိုဖို့က သင်တန်းတက်စရာမလိုဘူးလို့ မနောတော့ မြင်မိပါတယ်ရှင်။ လူစိတ်ဆိုတာလည်း သိတဲ့အတိုင်းပဲလေ ကိုယ်ပြုံးလည်း ပြန်ပြုံးချင်မှ ပြုံးကျတာ လူ့သဘာဝပဲမလား။ တစ်ခါတလေ မမြင်ချင်ယောင်ဆောင်သွားတာတွေလည်း ရှိတတ်ကြပါတယ်။ ဒါပေမယ့် စကားပြောချင်တာက မိတ်ဆွေဟောင်းနဲ့လား သူငယ်ချင်းတွေနဲ့လားဆိုတာ အရင်ဆုံး ခွဲခြားတတ်ဖို့ လိုပါမယ်။ မိတ်ဆွေဆိုတာ နောက်မှတွေ့တာ အလုပ်ခွင်၊ ရပ်ကွက်၊ နောက် စီးပွားရေးသမားအချင်းတွေကိုဆိုလိုချင်းဖြစ်ပါတယ်။ သူငယ်ချင်းဆိုတာ ငယ်သူငယ်ချင်း၊ ကစားဖော်ကစားဖက်၊ ကျောင်း၊ တက္ကသိုလ်တက်တုန်းတွေ့တာတွေကို ခေါ်တာပါ။ မိတ်ဆွေနဲ့ သူငယ်ချင်းကျတော့ ပိုရင်းတာက သူငယ်ချင်းက ပြောမနာမဆိုအနေအထားဆိုတော့ ပိုပြီး ပြောရဆိုရ စိတ်ထဲရှိတာ အမှန်ကိုထုတ်ဖော်ဖြစ်သွားတော့ စိတ်ပေါ့တာပေါ့။ စိတ်ညစ်ရင်လည်းပြော စိတ်ပျော်ရင်လည်းပြောဆိုတော့ သူငယ်ချင်းဆိုတာ သူသာတယ် ငါသာတယ်ဆိုတာ မရှိဘူးလေ။ သူငယ်ချင်းအစစ်ကိုပြောတာပါ။ ဒီလိုလုပ် နည်းပေးလိုက်မယ် မနောကတော့ မခေါ်ချင်တဲ့ပုံစံဖမ်းတဲ့မိတ်ဆွေကို အတင်းရအောင် လိုက်ခေါ်တယ်။ နောက် ကြွားတဲ့မိတ်ဆွေကို ကြွားခွင့်ပေးလိုက်တယ်။ နှိမ်တဲ့မိတ်ဆွေကို သနားတဲ့အကြည့်နဲ့အပြုံးနဲ့တုံ့ပြန်လိုက်တယ်။ အဲဒါ တွေ့တိုင်းသူတို့ တုံ့ပြန်မှုကို ပြန်ပြီးလက်သင့်ခံပေးလိုက်ရင် မိတ်ဆွေကောင်း မိတ်ဆွေဟောင်းတွေနဲ့ အဆင်ပြေသွားမှာပါရှင်……

  • ဆူး

    May 16, 2011 at 2:49 pm

    ဘဝ အတွေ့ အကြုံ ရင်ဆိုင်ရတာချင်း မတူတဲ့ အတွက် စိတ်နေစိတ်ထား ပြောင်းလဲ သွားတာဖြစ်နိုင်ပါတယ်။
    တခါဆို သူငယ်ချင်း တယောက် နဲ့ မတွေ့တာ ၁ဝနှစ်ကျော်ကြာမှ တွေ့ခဲ့ပါတယ်။ သူရဲ့ စကားပြောတဲ့ ပုံစံက ပြောင်းလဲသွားပါတယ်။ ထူးဆန်းတာက သူက သူငယ်ချင်းကို စကားပြောရမှာ စိတ်မဝင်စားပဲ လူကြီးတွေကိုပဲ စိတ်ဝင်တစားပြောချင်နေသလို သူလှမ်းပြောတဲ့ စကားတွေကလည်း တခုမှ မဟုတ်ပဲ ဟန်တလုံး ပန်တလုံးနဲ့ ရွှီးဖျန်းနေမှန်း သိပ်သိသာတယ်။ မတွေ့တာ ၁ဝနှစ်ကျော် ကြာနေမှတော့ လတ်တလော ကိစ္စများ ဘယ်လိုလုပ် သိနိုင်မလဲ။ ထင်တာတွေ စွပ်ပြောပြီး ဆုံးမ နော် ဆုံးမ နော်တဲ့.. ရီစရာကောင်းတယ်။ သူကျင်လည်တဲ့ လောက မှာ နေရာတခုရဖို့ တော်တော် ချွန်တွန်း လုပ်ပြီးမှ နေရာ ရလာသလား မသိပါဘူး။

  • OQ23

    May 16, 2011 at 2:52 pm

    လောကကြီးကဒီလိုပါပဲ။
    စဉ်းစားရခက်တယ်။ ဒီလိုပါပဲ တခါတလေကျရင်
    ကိုယ်ကကောင်းပြီးသူကပြန်မကောင်းတော့လဲ စိတ်ညစ်ရတယ်။မိန်းခလေးအများစုကတော့ ဒီပုံစံ၊ ဒီအချိူးတွေပါပဲ။
    ကြည့်ပေါင်းမှရမယ်။နောက်မှပဲဆက်ဆွေးနွေးတာပေါ့။

  • paukpauk

    May 16, 2011 at 2:58 pm

    မိတ်ဆွေဟောင်းတွေ ခင်မင်ဘို့ထက် နီးစပ်တဲ့သူတွေနဲ့ ပိုခင်မင်အောင် ရှာဖွေတာက ပိုလွယ်ပြီး ပိုလည်းလက်တွေ့ကျမယ်လို့ အကြံပေးပါရစေ။
    ဥပမာ မိမိ မိသားစုကိုအရင်စကြည့်ပါလား။

Leave a Reply