အမှုဆောင်အရာရှိ (AD) လာဘ်စား ၊ ဈေးရောင်းသမ တစ်ဦးအားအနိုင်ကျင့်

အခင်းဖြစ်ပွားသောနေရာမှာ သံတွဲမြို့နယ်အတွင်းရှိ ဂျိတ္တောကျေးရွာ စည်ပင်
သာယာပိုင် ဂျိတ္တောဈေးတွင်ဖြစ်ပါသည် ။
ယ္ခုနှစ် ၂၀၁၁-၂၀၁၂ ဈေးလေလံ ရရှိသူများမှာ ဒေါ်စိန်စိန် (သံတွဲ) နှင့်
မ မိုးမြင့်မြင့်စိုး (ဂျိတ္တော) တို့ဖြစ်ကြပါသည် ၊ ၎င်း ၂ ယောက်မှာ မနှစ်ကထက် ၁၀% တိုးမြှင့် ဈေးလေလံရရှိထားသူများဖြစ်ပါသည်၊

ယ္ခင်နှစ်လေလံ တွင်ဈေး ခြင်းတောင်းကြီးတစ်လုံးလျှင် နေ့စဉ် ၃၀ဝ နှုန်း
ကောက်ခံ ခဲ့ပါသဖြင့် ယ္ခုနှစ် လေလံကြေးတိုးနှစ်တွင် ၄၀ဝ နှုန်းထားဋ္ဌ
ဖြစ်သင့်ပါသည်၊ သို့သော် ယ္ခုဈေးကောက် ဒေါ်စိန်စိန် နှင့် မ မိုးမြင့်မြင့်
စိုး တို့မှ ဈေးခြင်းတောင်းကြီး တစ်လုံးကို ၅၀ဝ နှုန်းကောက်ခံသည့် အ
ပြင် ဈေးကောက်သူ မှ တုတ်ကိုင်၍ ဈေးကောက်ကောက်နေသည့်ကိစ္စ
ကို စည်ပင်မှ အမှုဆောင်အရာရှိ (AD) သို့တင်ပြသော်လည်း (AD)
မှ မည်သည့်အရေးယူခြင်းမျိုးမှ မပြုလုပ်ခဲ့ကြောင်းဈေးသူဈေးသားများထံမှ
သိရှိခဲ့ရပါသည်၊ ဈေးကောက်လေလံရရှိသူ ၂ ဦးထံမှ တရားမဝင် လာဘ်
( ၁၀) သိန်းခန့် တောင်းယူထားပြီးဖြစ်သောကြောင့် ၎င်း AD မှာ ပြည်
သူ့မျက်နှာ ကိုမကြည့်ဘဲ ငွေ မျက်နှာကိုသာကြည့်ခဲ့ကြောင်းသိရှိခဲ့ရပါ
သည်၊

ဖြစ်ပုံမှာ လွန်ခဲ့သည့် ( ရက်စွဲမသေချာပါ) – . ၃.၂၀၁၁ နေ့တွင်
ဂျိတ္တောဈေးကောက်သူ ဒေါ်စိန်စိန် နှင့် မ မိုးမြင့်မြင့်စိုး တို့မှ ငါးရောင်းသူ
မခင်သန်းဝင်း (ခ) အဝင်း နှင့် ဈေးကောက်ရာမှ စကားများပြီး တုတ်ဖြင့်
ရိုက်ခဲ့ရာ ခေါင်းတွင်ပြင်းထန်သောဒဏ်ရာ ရ၍ (၄)ချက်ချုပ်ခဲ့ရကြောင်း
နှင့် မ မိုးမြင့်မြင့်စိုးမှ ပါးစပ်ဖြင့် မခင်သန်းဝင်း အား ကိုက်ခဲ့ရာ လက်မောင်း တွင်အသားတုံးထွက်ပြီး ပြင်းထန်စွာဒါဏ်ရာရရှိခဲ့ကြောင်း
ဂျိတ္တောဈေးသူဈေးသားများပြောပြ၍ သိရှိခဲ့ရပါသည်၊

၎င်းးဖြစ်စဉ်အတွက် ဂျိတ္တောရဲစခန်းမှုး ထံ၌ အမှုဖွင့်သောအခါ စည်ပင်
ဈေးအတွင်းဖြစ်၍ စည်ပင်နှင့်သာသက်ဆိုင်ကြောင်းစခန်းမှုးမှ ပြောကြား
ခဲ့ သဖြင့် အခက်အခဲဖြစ်ခဲ့ရပါသည်၊

အဆိုပါဖြစ်စဉ် အပေါ် အမှုဆောင်အရာရှိ AD သည် လိုင်စင် စည်းကမ်း
ဖြင့်အရေးယူခြင်း၊ တရားဥပဒေနှင့်အညီ ရဲစခန်းတွင် အမှုဖွင့်အရေးယူ
ပေးခြင်း မပြုဘဲ လာဘ်ငွေမျက်နှာဖြင့် အမှုမှန်များ ဖုံးကွယ် ထိမ်ချန်
ထားမှု အပေါ နိုင်ငံတော် အစိုးရအနေဖြင့် ပြည်သူ့ အကျိုးရှေ့ရှု ၍
ဥပဒေနှင့်အညီ ရှင်းလင်းပေးပါရန် တင်ပြအပ် ပါသည် ၊။

** ယ္ခုသော် အရိုက်ခံခဲ့ရ ပါသော မခင်သန်းဝင်း (ခ) အဝင်းမှာ
ခေါင်းတွင်ရရှိခဲ့ သောဒါဏ်ရာကြောင့် ဥနှောက်ပိုင်းဆိုင်ရာချွတ်ယွင်းနေ
လျှက် ရှိနေပါကြောင်းနှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် အမှုဖွင့်ရန်
ကြိုးပမ်းနေ သည်မှာ ၂ လ ကြာမြင့်ခဲ့ပါသော်လည်း အချည်းနှီးသာလျှင်
ဖြစ်ခဲ့ပါကြောင်း တင်ပြလိုက်ရပါသည် ခင်ဗျား ။

18 comments

  • MaMa

    May 16, 2011 at 12:06 pm

    ဗျို့…သဂျီး ကူပါဦး။ ဘယ်လို လုပ်ရမလဲ။ ဘယ်ကို တိုင်ရမလဲ။ သဂျီးကိုတော့ တိုင်နေပြီ။

  • manawphyulay

    May 16, 2011 at 1:13 pm

    သံတွဲမြို့ပေါ်မှာ ရဲစခန်းမရှိဘူးလား။ သွားတိုင်လိုက်ပေါ့။ အဲဒီမှမရရင် ထပ်ပြီး ဒီပြင်နေရာရှာတိုင်ပေါ့ သက်သေခိုင်လုံတယ်။တကယ်ဆိုရင်ပေါ့။ အဲ ဂျိတ္တောကျေးရွာတို့ လုံးသာ ရွာက ခုမီးရပြီလားဟင်… အရင်ကတော့ မီးမရှိတော့ ရောက်တုန်းက ညဘက်တွေဆို အိမ်ထဲမှာနေရတယ်။ ခုတော့ မရောက်ဖြစ်တာလည်းကြာခဲ့ပါပြီ။ ဂျိတ္တောကျေးရွာအပြင် အပေါ်ရေကျွန်း(ပုလဲကျွန်း)ကိုလည်း သတိရတယ်မိတယ်။

  • manawphyulay

    May 16, 2011 at 1:14 pm

    သံတွဲမြို့ပေါ်မှာ ရဲစခန်းမရှိဘူးလား။ သွားတိုင်လိုက်ပေါ့။ အဲဒီမှမရရင် ထပ်ပြီး ဒီပြင်နေရာရှာတိုင်ပေါ့ သက်သေခိုင်လုံတယ်။တကယ်ဆိုရင်ပေါ့။ အဲ ဂျိတ္တောကျေးရွာတို့ လုံးသာ ရွာက ခုမီးရပြီလားဟင်… အရင်ကတော့ မီးမရှိတော့ ရောက်တုန်းက ညဘက်တွေဆို အိမ်ထဲမှာနေရတယ်။ ခုတော့ မရောက်ဖြစ်တာလည်းကြာခဲ့ပါပြီ။ ဂျိတ္တောကျေးရွာအပြင် အပေါ်ရေကျွန်း(ပုလဲကျွန်း)ကိုလည်း သတိရမိတယ်။

    • i love this

      May 16, 2011 at 6:44 pm

      ဟုတ်ကဲ့ပါ မ မနောရေ သူတို့ကဆင်းရဲပါတယ်တဲ့ဗျာ၊ သံတွဲအထိ တက်ပီးတိုင်
      ရင်လဲ ရှိသမျှ အားလုံးပြောင်သလင်းခါ မယ်စိုးလို့ပါ တဲ့၊ သံတွဲ ရဲစခန်းက ပါးစပ်
      ပေါက်တွေလဲ မျိုမယ် ဆိုပြီးကြိမ်းမောင်းနေကြလို့ပါတဲ့၊ သက်သေကတော့ဗျာ ဈေးသူဈေးသားအားလုံးသက်သေခံမယ်ပြောပါတယ်ဗျ ၊
      ခုတော့ ဂျိတ္တောမှာ ၂၄ နာရီ မီးရနေပါပြီခင်ဗျာ၊
      အဲ တစ်ခုတော့ရှိပါတယ် တစ်ယူနစ်ကို ၅၅ဝ တဲ့ဗျာ၊

  • MaMa

    May 16, 2011 at 2:08 pm

    (ဂျိတ္တောရဲစခန်းမှုး ထံ၌ အမှုဖွင့်သောအခါ စည်ပင်
    ဈေးအတွင်းဖြစ်၍ စည်ပင်နှင့်သာသက်ဆိုင်ကြောင်းစခန်းမှုးမှ ပြောကြား
    ခဲ့ သဖြင့် အခက်အခဲဖြစ်ခဲ့ရပါသည်၊ ) လို့ စာရေးသူက ရေးပေးထားပါတယ် မနောရေ။

  • captainamerica

    May 16, 2011 at 4:35 pm

    ဟုတ်ကဲ့ဗျာ ကြားရတာစိတ်မကောင်းတော်တော်ဖြစ်မိပါတယ် ကျွန်တော်တို.ဗမာပြည်မှာလည်းဒီလိုကြီး
    နိုင်ငယ်ညှင်းအမှုတွေ စေ-က်ကျင့်ယုတ်တာတွေဘယ်တော့မှပျောက်ကြမှာလဲမသိဝူး……ရဲကလည်းဘာ
    မှမလုပ်ပေးနိုင်ဝူး စည်ပင်ကလူယုတ်မာကလည်းလာဘ်စားပြီးငြိမ်နေတယ်………. Clean goverment
    လို.ပြောခဲ့တာဘာကြီးတုန်း ကာယကံရှင်တွေလက်ခံနိုင်မယ်ဆိုရင်ကျွန်တော်တခုအကြံပေးပါရစေ
    နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးအဖွဲ.မှူးသို.လို.လိပ်မူပြီးဖြစ်ခဲ့သမျှကိတ်စကိုကိုယ့်ဘက်ကအထောက်အ
    ထားခိုင်ခိုင်မာမာပြပြီးသတ်တိရှိရှိ နဲ.တက်သာတိုင်ပါ တစ်ခုခုတော့ထူးခြားပါလိမ့်မယ် ကိုယ်ဘက်ကသာအထောက်အထားခိုင်လုံတယ်ဆိုရင်သူတို.ဘက်ကလည်းဒီတိုင်းတော့နေလို.မရ
    တော့ပါဝူး (**** ျမှတ်ချက် ***) စည်ပင်ရေးရာဦးဌာနသည်ယခုအခါနယ်စပ်ရေးရာဝန်ကြီး
    ဌာနလက်အောက်သို.ရောက်ရှိနေပါသည်………ယခင် (နတလ)နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန
    သည်အတူတူပင်ဖြစ်ပါသည်… 🙂 🙂

  • thanmyint84

    May 17, 2011 at 12:40 pm

    ဟုတ်တယ်ရှင့် ကျွန်မထံ ကိုလဲ မေးဝင်လာပါတယ် I love this တင်ထားတဲ့
    အတိုင်းပါ ၊ ဒီလိုမျိုးတွေ နောက်ထပ်မဖြစ်စေဖို့ ဆုတောင်းနေမိပါရဲ့ ။

  • pannu

    May 18, 2011 at 7:21 pm

    သူတို့ က ဒီလိုတွေ အတွက် သင်တန်းမျိုးစုံတက်ပီးသား လုပ်ကြအုံးမှာ. ၊။

  • nagargyi

    May 19, 2011 at 4:14 am

    စည်ပင်ဌာနသည် အခုအခါ ပြည်နယ် အစိုးရ၏ လက်အောက်တွင် ရှိတယ်လို့သိရတယ်။ ဒါ့ကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှုးဆီ လိပ်မူပြီး တိုင်ရင်ရမယ်လို့ ထင်တယ်။ ပြည်နယ်အစိုးရ သိအောင် လုပ်သင့်တယ် လို့ထင်တယ်။

  • nagargyi

    May 19, 2011 at 4:16 am

    စည်ပင်ဌာနသည် အခုအခါ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရ၏ လက်အောက်တွင် ရှိတယ်လို့သိရတယ်။ ဒါ့ကြောင့် ပြည်နယ် အုပ်ချုပ်ရေးမှုးဆီ လိပ်မူပြီး တိုင်ရင်ရမယ်လို့ ထင်တယ်။ ပြည်နယ်အစိုးရ သိအောင် လုပ်သင့်တယ် လို့ထင်တယ်။

  • redbull

    May 19, 2011 at 8:06 am

    ရက်စက်ပါပေ့ မောင် AD ဆိုသူရယ်…အမယ်မင်းရက်စက်လှပါဘိ…
    ရှေးဘဝက ရေစက် တွေ မို့လား…
    ဖခင်ဘုရင်ကြီးမှာ မကြားလိုပါ…

  • လင်းဝေကျော်

    May 19, 2011 at 8:29 am

    ပြည်နယ်အုပ်ချုပ်ရေးမှုးဆီလိပ်မူပြီးတိုင်ပါ။
    ရခိုင်အမျိုးသားများ ပါတီကို တိုင်ပါ။ ကိုယ့်နယ်က လွှတ်တော်အမတ်ကို တိုင်ပါ။
    ပြည်ထဲရေးဝန်ကြီးဌာနကိုတိုင်ပါ။ နေပြည်တော် သမ္မတရုံးအထိ တိုင်ပါ။
    လူကိုတိုင်သွားတိုင်လို့ရရင်သွား၊ မရ ရင် စာပို့ပြီးတိုင်ပါ။ တစ်ခါမရရင် ၂ခါ ၃ခါပို့ပြီးတိုင်ပါ။
    အောက်ခြေက ကောင်တွေ လူပါးဝနေတာ လွန်လွန်းတယ်။ ဒီခွေးတွေ က သူတို့ပိုက်ဆံရဖို့ပဲ။
    ရဲကိုလည်း ပြောလိုက်ပါ စည်ပင်ဥပဒေကသပ်သပ် အခုက ရာဇဝတ်မှု ရိုက်မှုကိုလာတိုင်တာပါလို့။

  • cobra

    May 19, 2011 at 9:11 am

    ကြီးနိုင်ငယ်ညှင်းဆိုတာတွေကဘယ်တော့မှပျောက်ဆုံးမှာလဲဗျာ…။

  • cobra

    May 19, 2011 at 9:20 am

    ကြီးနိုင်ငယ်ညှင်းဆိုတာတွေက
    ဘယ်တော့မှပျောက်ဆုံးမှာလဲဗျာ…။

  • nigimi77

    May 19, 2011 at 9:56 am

    ဟေ့လူ ကော်ဘရာ။ ခင်ဗျား သူငယ်ချင်းမ အပျိုစင်လေး အကြောင်းဆက်ဦးလေဗျာ။

    တန်းလန်းနဲ ့ ထားခဲ့ ရလား

  • winnmyo

    June 16, 2011 at 6:14 am

    ကျွန်တော်ကသံတွဲကပါ။ သတင်းကိုစိတ်ဝင်စားလို့ လိုက်မေးကြည့်တော့ အရိုက်ခံရတယ်ဆိုတဲ့ မခင်သန်းဝင်း
    (ခ) အဝင်းကို သွားမေးကြည့်ပါတယ်။ သူကမဟုတ်ပါဘူးတဲ့ခင်ဗျာ။ ကိုယ်တိုင်မေးထားတာဖြစ်တဲ့အတွက် အပေါ်ကတင်ထားတဲ့ သတင်းကမှားနေပါတယ်။ သူကြီးသာဆုံးဖြတ်ပါ။ မခင်သန်းဝင်းဆီကနေ အရိုက်မခံ ရ ကြောင်းထောက်ခံစာယူပေးဆိုရင်လဲယူပေးလို့ရပါတယ်ခင်ဗျာ။ ကျန်တဲ့သတင်းတွေ မှန်လားမှားလားတော့
    ကျွန်တော့်အခြေအနေနဲ့ က AD တို့အကြောင်းကိုစုံစမ်းလို့မရလို့မတင်ပေးနိုင်သေးပါဘူး။ သတင်းရခဲ့ရင်တင်
    ပေးပါမယ်ခင်ဗျာ။

  • ogre

    June 16, 2011 at 6:52 am

    သ ။။။ အသံကြားတာနဲ..အတင်းကာရောစွပ်ရေး..လို့ ။။။။။သတင်း တဲ့
    န။။။ န တာနဲ ရူးသွားလောက်လို့။။။။နယူးစ် တဲ
    နတတနဲ့ မရူးကြပါစေနဲ့။။
    ချင့်ယုံ

  • etone

    June 16, 2011 at 6:59 am

    ဟိုအစ်မကြီးကလည်း လက်နှေးလိုက်တာ … အင်း … အဲ့လိုပြောလို့ကတော့မရဘူး ငါးရောင်းတာ လက်တော့မြန်မှာပဲ လုပ်ရမှာ အားနာနေလို့ဖြစ်မယ်… ။ ရန်ဖြစ်လျှင် ကိုယ်က အရင်တီးနိုင်မှ မနိုင်လို့ကတော့ ဗျင်းခံရမှာပဲ ။ အခြေနေမဟန်ကတည်းက ဈေးကောက်ရဲ့ ချက်ကောင်းကို တသက်လုံးအမှတ်ရနေအောင် လုပ်ခဲ့သင့်တာ… ။

Leave a Reply