“အချစ်နဲ့လိင်”
ဆစ်ဂမန်ဖရိုက်ဆိုတဲ့ အတွေးမိုက်မိုက်နဲ့
စိတ်ပညာရှင်
1960ခုနှစ်လောက်ကထင်ပါရဲ့
“လိင်မတူတာမှန်ရင် ကြီးကြီးငယ်ငယ်
သန့်စင်တယ်ဆိုတာလုံးဝမရှိ
တဏှာဆိုတာနဲ့ ဘဲ တွယ်ညိတတ် ပါတယ်”လို့
ခပ်ရဲရဲဖွင့်ဆိုတော့ ဖတ်မိတဲ့ အနောက်ဆန်သူများက
“ဟုတ်လိုက်လေ” “မှန်လိုက်လေ”ဆိုပြီးတော့
လက်ခုပ်တွေ အထပ်ထပ်တီးခဲ့ကြတာ
လက်ဖဝါးတွေများတောင်နာလို့ပေ့ါကွယ်…….

တစ်ချိုု့သော ဝါဒခပ်ကြမ်းကြမ်း လက်ခံသူများကတော့လည်း
“ချစ်တယ်”ဆိုတဲ့စကားလုံးဟာ
ဆန့်ကျင်ဘက်လိင်တွေကြား
အိစက်ညက်ညောတဲ့ဖဲမွေ့ယာပေါ်အတူအိပ်စက်
ချုစ်ဗျုဟာကျင်းခွင့်ရ ဘို့ အတွက်
ဝေါဟာရလှလှသုံး အယဉ်ကျေးဆုံး
မြူဆွယ်တာပါ လို့ မညှာမတာ ဆိုလာပြန်ပါတယ်။
မိန်းမသားများမတော့လဲ
စုံမက်လို့ ချစ်ခင် မြတ်နိုးသက်ဝင်သူကို
ချစ်တယ် ဆိုတဲ့စကားလုံးအတွက်
တန်ဖိုးအထားဆုံးပန်းတပွင့်
ပြန်လည်လို့ နှင်းအပ်ခြင်းပါတဲ့
(ဒါကတော့ အာရှမှာပါ)
ဘယ်နိုင်ငံမှာနေသူဘဲဖြစ်ဖြစ်
အလိုမတူ မကြည်ဖြူဘဲမပေးတာဇွတ်ယူမိလို့ကတော့
! ! ! ! ! ! ! ! ! ! ! ! ! ! !
အချစ်ကို နှစ်သက်စဖွယ်လို့ ဖက်တွယ်ထားသူများကလဲ
ချစ်ခြင်းတရား ဆိုတာ
စုံမက်နှစ်သက် ခြင်းသက်သက်
တပ်မက်ခြင်းဆိုတဲ့တဏှာ
မပါလဲရပါသတဲ့။
အတူနေခြင်းမနေခြင်း
ရုပ်ခန္ဓာပါတ်သက်ခြင်း မရှိလဲဖြစ်ပါသတဲ့။
နှလုံးသားအတွင်း မမြင်နိုင်သောမေတ္တာတရား
ဖွဲ့တည်ထားတဲ့သံယောဇဉ်အမျှင်မပြတ်သမျှ
ချစ်ခြင်းတရားဆိုတာရှိနေမှာပါတဲ့။
နှောင်ဖွဲ့တဲ့မေတ္တာသာပဓါန
ရမ္မက်နဲ့အိပ်စက်ခြင်းက သာမည ပါတဲ့။
ကဲ အချစ်နဲ့ပါတ်သက်ရင်
သင်ကော ဘယ်ဘက်ကပါချင်ပါသလဲ ?
ခပ်ရဲရဲဘဲ ဖြေချလိုက်စမ်းပါဗျာ……………………………
(အရှုံးသမားရဲ့ အိုဘယ့်မိန်းမသား ကို ဖတ်လိုက်ရတဲ့အခါ ဒီအတွေးလေး ထွက်လာပါတယ်)
ကိုပေါက်လက်ဆောင် အတွေးကန့်လန့်လေး
(16-5-2011)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။