လူ ဟူသည်မှာ

captainamericaMay 16, 20111min17120

ဖန်ဆင်းရှင်ဘုရားသခင်သည် ကမ္ဘာ၌မြည်းသတ္တဝါကို ဖန်ဆင်းပြီးနောက်
ယင်းမြည်းသတ္တဝါများကိုပြောကြားသည်မှာနေထွက်သည်မှနေဝင်သည်အထိ
မောင်မင်း၏ကျောပေါ်တွင ်အလေးအပင်များတင်ဆောင်ကာ လူသားများအတွက်
မမောနိုင်မပန်းနိုင်အလုပ်အကျွေးပြုရမည်ဖြစ်ကြောင်း အစားအစာအဖြစ်မြက်ကို
သာစားသောက်ရမည်ဖြစ်ပြီး အသိဉာဏ်ကင်းမဲ့ရမည်ဖြစ်ကြောင်း မောင်မင်း၏သက်တမ်းကို အနှစ်(၅၀)သက်မှတ်ပေးမည်ဖြစ်ကြောင်း မိန်.ကြားခဲ့သည်၊၊
ထိုအခါမြည်းသတ်တဝါက
“အဖဘုရားသခင်ကျွန်တော့်အတွက်အနှစ်(၅၀)ကကြာလွန်းလှပါတယ် အနှစ်(၂၀)သာပေးသနားတော်မူပါဘုရား”ဟုပြန်လည်လျှောက်ထားခဲ့ရာဘုရား
သခင်က
“ကောင်းပြီမောင်မင်းဟုခွင့်ပြုခဲ့ပါသည်….
ထိုနောက်ဘုရားသခင်သည် ခွေးသတ္တဝါအားဖန်ဆင်းပြီးနောက်ထိုခွေးသတ်
တဝါအား မောင်မင်းသည် ်လူတို.၏အကောင်းဆုံးအဖော်မွန်အဖြစ်နေထိုင်လျှက်
သူနှင့်သူအိမ်ကိုစောင့်ရှေက်ပေးရမည်ဖြစ်ကြောင်း သူဘာကျွေးကျွေးစားသောက်ရမည်ဖြစ်ကြောင်းနှင်. မောင်မင်း၏သက်တမ်းကို(၂၅)နှစ် သတ်မှတ်ပေးမည်ဖြစ်ကြောင်း မိန်.ကြား
ခဲ့ပြန်ပါသည်
ထိုအခါခွေးသတ္တဝါက
“အိုဘုရားသခင် ကျွန်တော်အတွက်(၂၅)နှစ်ဆိုတာကြာလွန်းလှပါတယ် (၁၀)
နှစ်သာသတ်မှတ်ပေးပါဘုရား” ဟုပြန်လည်လျှောက်ထားရာ ဘုရားသခင်က
“ကောင်းပြီ မောင်မင်း” ဟုခွင့်ပြုခဲ့ပြန်သည်
တဖန်ဘုရားသခင်သည် မျောက်သတ္တဝါအားဖန်ဆင်းပြီးနောက်ထိုမျောက်
သတ္တဝါအား မောင်မင်သည်သစ်ပင်တစ်ပင်မှ အခြားအခြားတစ်ပင်သို.ခုန်
ပျံကျော်လျွားလျှက် အသီးအနှံများကိုခူးယူစားသောက်ကာကလေးကလား
ပေါကြောင်ကြောင်အလုပ်ကိုလုပ်လျှက် မောင်မင်းကိုယ်တိုင်သဘောကျပြုံး
ရွှင်ရယ်မြူးနေရမည်ူဖစ်ကြောင်းနှင့်မောင်မင်း၏သက်တမ်းကိုအနှစ်(၂၀)သက်
မှတ်ပေးမည်ဖြစ်ကြောင်း မိန်.ကြားတော်မူခဲ့ရာ မျေက်သတ္တဝါမှ
” အို မဟုတ်ဘူး (၁၀)နှစ်သာသက်မှတ်ပေးပါဘုရားသခင်” ဟုပြန်လည်လျှောက်ထားခဲ့ရာဘုရားသခင်က
” ကောင်းပြီ မောင်မင်း” ဟုထပ်မံခွင်.ပြုပြန်သည်..
နောက်ဆုံးအနေဖြင့်ဖန်ဆင်းရှင်ဘုရားသခင်သည် လူသတ္တဝါအား
ထပ်မံဖန်ဆင်းပြီးနောက်ထိုလူသတ်တဝါအားမောင်မင်းသည်ကမ်ဘာပေါ်
တွင်စဉ်းစားချင့်ချိန် ဆင်ခြင်တုံတရား အရှိဆုံးဖြစ်ပြီး မောင်မင်း၏အသိဉာဏ်ကိုအသုံးချလျှက် အခြားသတ္တဝါများကိုထိန်းချုပ်အသုံးချကာကမ္ဘာကြီးကိုစိုးမိုးချယ်လှယ်ရမည်ဖြစ်ကြောင်နှင်. မောင်မင်း၏သက်တမ်းကို
အနှစ်(၂၀)သက်မှတ်ပေးမည်ဖြစ်ကြောင်း မိန်.ကြားခဲ့သည်
ထိုအခါလူသတ္တဝါက
“အိုကျေးဇူးပြုပြီးနားဆင်ပါဘုရားသခင် ကျွန်တော်မျိုးအတွက်အနှစ်(၂၀)
မှာ မလုံလောက်ပါဘုရား မြည်းထံမှလျှော.ပေးခဲ့သောအနှစ်(၃၀) ခွေးထံမှ
လျှော.ပေးခဲ့သော(၁၅)နှစ် မျောက်ထံမှလျှော.ပေးခဲ့သော(၁၀)နှစ်တို.ကို
ကျွန်တော်မျိုး၏သက်တမ်းတွင်ပေါင်းထည့် ပေးပါဘုရားသခင်”
ဟုတောင်းပန်လျှောက်ထားလေရာဘုရားသခင်က
” ကောင်းပြီ မောင်မင်းသူတို.အသက်ကိုမောင်မင်းယူစေ” ဟုခွင့်ပြုလေသည်
ထိုအခါမှစကာ လူတို.သည်ကမ္ဘာပေါ်တွင် ပထမအနှစ်(၂၀)အားလူဆန်ဆန်နေရပြီးနောက် အိမ်ထောင်ရက်သားကျကာ မိသားစုအိမ်ထောင်တာဝန်ကိုအနှစ်(၃၀)လုံးလုံး မြည်းကဲ့သို.မရပ်မနား လုပ်ကျွေးပြုစုနေရခြင်းဖြစ်ပါသည် ထိုနောက်သားသမီးများအိမ်ထောင်ရက်သားကျပြီး မိသားစုထံမှခွဲထွက်သာွးသည်အခါ (၁၅) နှစ်လုံးလုံးခွေးကဲ့သို.အိမ်ကိုစောင့်ရှောက်နေရပြီးတဖန် အိုမင်းလာပြီးပင်စင်ယူပြီးသည့်အချိန်တွင်ကျန်(၁၀)နှစ်မှာသား
သမီးများနေထိုင်ရာအိမ်တစ်အိမ်မှအခြားတစ်အိမ်သို.ကူးပြောင်းကာ
မြေးများပျော်ရွင်စေရန်အတွက် မျောက်များအတိုင်းခုန်ပျံကျော်လျွားလျှက်ကလေးကလား ပေါကြောင်ကြောင်အလုပ်ကိုလုပ်နေရခြင်းဖြစ်ပါသည်

ဝန်ခံချက်၊၊ ၊၊ ပင်စင်စားအဖိုးကြီးတစ်ယောက်နဲ.စကားပြောဖြစ်ပြီးသူအကြောင်းခံစားပေး
နေတုန်းမှာတိုက်တိုက်ဆိုင်ဆိုင်ဖတ်လိုက်ရတဲ့ဘာသာပြန်ဆောင်းပါးလေး
တစ်ပုဒ်ကိုပြန်တင်ပေးလိုက်တာပါ…………

20 comments

  • parlayar46

    May 17, 2011 at 4:27 am

    ကောင်းလိုက်တဲ့ post လေး…
    အရင်ကဒါမျိုးဆန်ဆန် ဖတ်ဘူးပေမယ့် အခုဖတ်ရတော့လဲ တော်တော်သဘောကျမိတယ်။ လူ့ဘဝကို တကယ်ထင်ဟပ်နိုင်တာကိုး။

    ဒီထဲကအတိုင်းဆို ကျုပ်တော့ ခွေးဖြစ်ကာနီးနေပြီ 🙂

  • MaMa

    May 17, 2011 at 7:04 am

    ခေါင်းစဉ်ကို နားမလည်ဘူး။ လူဟူသည်မှာလို့ ရေးတာလား။ ဒါမှမဟုတ်ရင် ခေါင်းစဉ်ကို အဓိပါယ် ပြန်ခိုင်းရမယ် ထင်တယ်။

  • kai

    May 17, 2011 at 9:06 am

    ပြင်လိုက်မယ်.. တော်တော်ဖတ်ရဆိုးနေတယ်..။
    တမင်တကာကို အသစ်အဆန်း ထွင်ရေးတာဆိုရင်တေ့ာ .. စာလုံးအသစ်စာရင်းထဲထည့်လို့ရအောင်.. ရှင်းလင်းပြပါနော…။

  • kopauk mandalay

    May 17, 2011 at 9:51 am

    ဒါလေးက ပြီးခဲ့တဲ့နှစ်လောက်က magazine တစ်ခုထဲမှာ ပါဘူးတဲ့ ဘာသာပြန်ပို့စ်လေးပါ။
    အသစ်အဆန်းတမင်ထွင်ရေးတာလဲ မဟုတ်နိုင်ပါဘူး။
    စာလုံးအထပ်ဆင့်တွေဘယ်လို ရိုက်ရမယ်ဆိုတာ မသိလို့ သူရိုက်တတ်သလိုရိုက်လိုက်တာဖြစ်နိုင်ပါတယ်။
    သူကြီးအနေနဲ့ သတ်ပုံမှန်အောင်ပြင်ပေးမယ်ဆိုရင် ဖတ်ရတဲ့သူလဲနားလည် ရေးပြရတဲ့ သူအတွက်လဲ ပိုကောင်းပါတယ်။
    ပြင်ပေးစေလိုပါတယ်ဗျာ

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 17, 2011 at 11:55 am

    သိပ်လေးလေးနက်နက်အပင်ပန်းမခံပါနဲ့လားကွယ်
    လူ…………………..ဆိုဒါဂို
    ဒီလိုနားလည်ရဒယ်ကွဲ့
    လ နှစ်ချောင်းငင်လူ
    ရှေ့ကပေါက်သေး
    နောက်ကပေါက်အီး
    မှတ်ထား

  • paukpauk

    May 17, 2011 at 12:03 pm

    လွန်ခဲ့တဲ့နှစ်က သူငယ်ချင်းတယောက်ပို့တဲ့ ppt. မှာဖတ်လိုက်ဖူးတယ်။
    နီးစပ်ပါတယ် ဘာသာပြန်တာ။
    Bravo, try again!

  • captainamerica

    May 18, 2011 at 4:30 am

    ပတ်ဆင့်ရိုက်လို.မရလို.ပါသူဂျီးရယ်….ခေါင်းစဉ်ကတော့ကိုယ်စိတ်ကူးနဲ.ကိုယ်
    ပေးလိုက်တာပါ…….သူဂျီးပြင်မယ်ဆိုလည်းသဘောပါခင်ဗျ……

  • captainamerica

    May 18, 2011 at 5:41 am

    ကျွန်တော်မြန်မာစာနဲ.ကျောင်းပြီးထားတာပါခင်ဗျ………..

  • king

    May 18, 2011 at 10:39 am

    ညန်မာချာ နဲ့ ကြောင်းပီးချားထာချိုရင်
    ညန်မာချာ ကျင်ပေးပါခင်ညာ
    ( ^ _ * )

  • paukpauk

    May 18, 2011 at 10:56 am

    မြန်မာစာသမားလဲ ကက်ပတိန်ဖြစ်တာပဲလား?
    🙂

  • padonmar

    May 18, 2011 at 2:02 pm

    သူက အရုပ်ကက်ပတိန် လို့ပြောထားတယ်လေ၊

  • MaMa

    May 18, 2011 at 4:01 pm

    ဒါဆိုရင်တော့ ပညာရှိ သတိဖြစ်ခဲ ဖြစ်သွားတယ်လို့ ပြောရမယ်။ မြန်မာစာနဲ့ ကျောင်းပြီးတဲ့လူကို စာလုံးပေါင်းသတ်ပုံပြောရတာ မိကျောင်းမင်းကို ရေထဲဆင်းပြ အဲ- မှားလို့ မိကျောင်းမင်း ရေကင်းပြ သလို ဖြစ်နေပြီထင်တယ်။

  • nature

    May 18, 2011 at 5:24 pm

    ကြံကြံဖန်ဖန်ရေးတတ်တယ်။

  • MaMa

    May 19, 2011 at 1:10 am

    ဇော်ဂျီဖောင့်မှာ ပတ်ဆင့်ရိုက်ချင်ရင် Esc အောက်က ~နဲ့တွဲနှိပ်ရပါတယ်။ (ဥပမာ- ~+က= – ္က)
    ဒီရွာထဲက Senior ကိုကြောင်ကြီးက ဇော်ဂျီဖောင့်ကျွမ်းပါတယ်။ သူပဲ ဒီဆိုဒ်ထဲမှာ မန့်ပြီး ရေးပြထားတာ တော်တော်စုံတယ်။ အကုန်လုံးတော့ မမှတ်မိဘူး။ လွယ်တာလေးတွေပဲ သိတယ်။

  • paukpauk

    May 19, 2011 at 1:50 am

    ဏ ပတ်ဆင့်ကျတော့ မလုပ်တတ်ပြန်ဘူး
    ဘယ်လိုရေးရသလဲ ဟင်။
    တယောက်ယောက်များ တင်ထားဖူးသလား။

    • bigcat

      May 19, 2011 at 1:54 am

      (shift p) is ဏ
      ္စ္ဏ္ဏ္ဏ`shift p is ္ဏ

  • captainamerica

    May 19, 2011 at 2:07 am

    ကျေးဇူးပါ မမရေ ကျွန်တော်ကစာရိုက်တဲ့ပညာသိပ်မရပါ မသိသေးတဲ့အ
    ‌ေ ကြာင်းအရာတစ်ခုကိုသိရတဲ့အတွက်ကျေးဇူးပါခင်ဗျ…………. 😛

  • nagargyi

    May 19, 2011 at 3:42 am

    ( shift ) ကိုဖိထားပြီး ( p ) ကိုရိုက်လျှင် ( ဏ )။
    ( shift နဲ့ esc အောက်က ~ ခလုပ် ) ကိုတွဲနှိပ် ပြီးရင်လက်လွှတ် ပြီးမှ p ကိုနှိပ်ရင် ( — )္ဏ

Leave a Reply