ယနေ့ည ၈း၄၅ မိနစ်ခန့်လောက်မှစမြင်လိုက်တာပေါ့နော် … ရွှေတိဂုံဘုရားရဲ့ အရိပ်ကောင်းကင်မှာ ပေါ်နေပါတယ် …  ပေါ်နေတာက အမဲရောင် ကောင်းကင်မှာ အဖြူရောင် အကွကလေးဖြစ်ပြီးတော့ စိန်ဖူးတော်က သက်သက်တစ်နေရာ ၊ စိတ်ဖူးတော် ပေါ်နေတဲ့ နေရာရဲ့ ၁၀ ပေ အကွာလောက်မှာ စိတ်ဖူးတော် မပါပဲစိန်ဖူးတော်ရဲ့ အောက်ပိုင်းက ဘုရားနဲ့ အဝေးမှာ ယှဉ်ရက်သားလေး ထင်ဟက် နေတာ လူတွေအားလုံး နိုင်ငံခြားသားတွေရော ဓါတ်ပုံတွေရိုက်ကြ အရိပ်ကိုရှိခိုးကြနဲ့ … ၉း ၁၁ လောက်ကျတော့ မိုးပေါက်လေး တွေရွာချလာပြီး ၉း ၃၀ လောက်မှာ အရိပ်က ပျောက်သွားတယ် … မတွေ့ရတော့ပါဘူး …  မိုးပေါက်ကျနေတာတောင် နိုင်ငံခြားသားတွေရော ဓါတ်ပုံတွေရိုက်နေကြတယ် … ရွှေတိဂုံဘုရား အရိပ်ထင်တာ အခုမှပဲမြင်ဖူးတယ် …

About မမလေး

has written 129 post in this Website..