တန်ခိုးကြီးသော ရွှေတိဂုံဘုရားကြီး အရိပ်ကောင်းကင်မှာပေါ် ….

မမေလးMay 17, 20111min13020

ယနေ့ည ၈း၄၅ မိနစ်ခန့်လောက်မှစမြင်လိုက်တာပေါ့နော် … ရွှေတိဂုံဘုရားရဲ့ အရိပ်ကောင်းကင်မှာ ပေါ်နေပါတယ် …  ပေါ်နေတာက အမဲရောင် ကောင်းကင်မှာ အဖြူရောင် အကွကလေးဖြစ်ပြီးတော့ စိန်ဖူးတော်က သက်သက်တစ်နေရာ ၊ စိတ်ဖူးတော် ပေါ်နေတဲ့ နေရာရဲ့ ၁ဝ ပေ အကွာလောက်မှာ စိတ်ဖူးတော် မပါပဲစိန်ဖူးတော်ရဲ့ အောက်ပိုင်းက ဘုရားနဲ့ အဝေးမှာ ယှဉ်ရက်သားလေး ထင်ဟက် နေတာ လူတွေအားလုံး နိုင်ငံခြားသားတွေရော ဓါတ်ပုံတွေရိုက်ကြ အရိပ်ကိုရှိခိုးကြနဲ့ … ၉ း ၁၁ လောက်ကျတော့ မိုးပေါက်လေး တွေရွာချလာပြီး ၉ း ၃ဝ လောက်မှာ အရိပ်က ပျောက်သွားတယ် … မတွေ့ရတော့ပါဘူး …  မိုးပေါက်ကျနေတာတောင် နိုင်ငံခြားသားတွေရော ဓါတ်ပုံတွေရိုက်နေကြတယ် … ရွှေတိဂုံဘုရား အရိပ်ထင်တာ အခုမှပဲမြင်ဖူးတယ် …

20 comments

  • မမလေး

    May 17, 2011 at 4:01 pm

    ဒီနေ့ဥပုလ်စောင့်တယ် … လျှပ်စစ်မီး တစ်ညလှူခဲ့တယ် … ပြုပြုသမျှ ကုသိုလ် အမျှ အမျှ အမျှ ယူတော် မူကြပါကုန်လော့ ….

  • MaMa

    May 17, 2011 at 4:05 pm

    သာဓု သာဓု သာဓုပါ မမလေးရေ။ အရိပ်ပေါ်တာ ဓာတ်ပုံထဲမှာတော့ မမြင်ရဘူးနော်။ ဒါပေမယ် ကြည်ညိုစရာကောင်းတာတော့ အမှန်ပဲ။

  • မမလေး

    May 17, 2011 at 4:06 pm

    သာဓု သာဓု သာဓု သုံးကြိမ်ခေါ်လေ … တစ်ကယ်ပဲတော်

  • nigimi77

    May 17, 2011 at 4:11 pm

    ကြိုးစားပန်းစား လိုက်ရှာခဲ့ပါတယ်။ စာမှာရေးထားတဲ့ အတိုင်း မြင်ရမလားဆိုပြီး။

    ဘာမှ မမြင်ရလို ့ Comment ဖတ်မယ်ဆိုပြီး အောက်ဆင်းတော့ Image Copyright ပုံဖြစ်နေတော့။

    ကုသိုလ် အထဲကနေ Credit မပေးတဲ့ အဒိန်နဒါနာ (စလုံးပေါင်းမသိ) ကို ပြန်နှတ်ရလို ့ နှစ်ခေါက်ပဲ ခေါ်လိုက်တယ်။ 🙂

  • nigimi77

    May 17, 2011 at 4:17 pm

    အင်း….ခလေးမ စိတ်မကောင်းဖြစ်တော့မယ်။

    အိပ်ခါနီး ကျန်တဲ့ နောက် တကြိမ် ပေါင်းပေးလိုက်ပါမယ်။

    သာဓု သာဓု သာဓု။

  • မမလေး

    May 17, 2011 at 4:28 pm

    ဟုတ်တယ် ကင်မရာ မပါသွားလို့ ဓါတ်ပုံမရိုက်ခဲ့လိုက်ရဘူး ဖုန်းနဲ့ ကလည်း အဆင်မပြေလို့ပါ … နောက်နေ့ဆို ပုံတွေတွေ့ရမယ်ထင်ပါတယ် ..

  • parlayar46

    May 17, 2011 at 5:57 pm

    မမလေး — သာဓု သာဓု သာဓု ပါ သမီးရေ။

    ဒီပိုစ့်ကို ဝင်မန်းလိုက်ရင် ကြည်နူးဘွယ်ပိုစ့်လေး ပုံပျက်သွားမှာစိုးလို့ ကိုယ့်စိတ်ကိုယ် အနိုင်နိုင်ချုပ်တည်းပြီး ထွက်လိုက်ပါမယ်။

    နောင်တချိန်ချိန်မှာ ဘုရားစေတီတို့ရဲ့ ပုံရိပ်ထင်တာ၊ ရောင်ချည်တော်ကွန့်မြူးတာ နဲ့တကွ အခြားထူးခြားဖြစ်စဉ် များအကြောင်း တယောက်ယောက် ပိုစ့်တင်လာခဲ့ရင် အဲသည်တော့မှ တဝကြီး အဆဲခံပါတော့မယ်။

  • xman

    May 17, 2011 at 6:23 pm

    အဘရေ

    “ ကြည်နူးဘွယ်ပိုစ့်လေး ပုံပျက်သွားမှာစိုးလို့ ” ဆိုတဲ့စေတနာကို လေးစားပါတယ်။

    ဒါပေမယ့် အဲဒီစကားလေးကိုက ပုံပျက်သွားလောက်စရာတွေ ပြောချင်တယ်လို့ ဆိုလိုနေသလိုပဲနော်။

  • parlayar46

    May 17, 2011 at 6:31 pm

    အဲဒါ နောက်လာမှာတွေကိုလဲ ကြို ဟန့် ထားရာရောက်တယ်ဟဲ့ ။
    ငါ့နှယ် နော် …..

  • KoNyeinChan

    May 18, 2011 at 1:13 am

    ရွှေတိဂုံဘုရားက ကုန်းတော်ပေါ်မှာတည်ရှိတာတကြောင်း၊ တိမ်တိုက်တွေအနိမ့်ရောက်နေတာတကြောင်းကြောင့် ဘုရားရဲ ့ဆလိုက်မီး ထိုးလိုက်တဲ့အချိန်မှာ တိမ်တိုက်ပေါ် ဘုရားအရိပ်ထင်ရခြင်းဖြစ်ပါတယ်။ မိုးတွင်းပိုင်းဆို ခဏခဏတွေ ့ခဲ့မြင်ခဲ့ဘူးပါတယ်။

  • eros

    May 18, 2011 at 1:24 am

    အဲ အဲ အဘ ပါလေရာ ပြောမယ့်စကား ကိုငြိမ်းချမ်းဝင်ပြောသွားပြီ။

  • ဆူး

    May 18, 2011 at 6:11 am

    ဆူး လည်း ဥပုသ် စောင့်တယ်။ မနေ့က ရွာကို အဆက်ဖြတ်ထားလို့။

  • kai

    May 18, 2011 at 7:15 am

    ကြည်ညိုလို့ရပါတယ်..။ ကောင်းတဲ့စိတ်တွေထားလို့ရပါတယ်.။
    ဒါပေမဲ့.. အမှတ်တော့မမှားပါနဲ့..။ သဒ္ဓါလွန်လျှင် ကွန့်သည်…တဲ့..။
    သဒ္ဓါလွန်ပြီ း ကွန့်မိနေကြမှာစိုးပါတယ်..။

    တိမ်ဆိုတာက..ရေငွေ့.. ရေခဲမှုန်ကလေးတွေစုပေါင်းနေတာကို ခေါ်တာပါ..။
    လေထုသိပ်သည်းတဲ့ မြေပြင်နားနီးလာလေ.. သိပ်သည်းစုစည်းပြီး ရေဖြစ်ဖို့နီးစပ်လာလေပါပဲ..။ မိုးတိမ်ပေါ့..။

    ဆိုတော့…
    ရေခဲ..ရေငွေ့..ရေမှုန်တွေ စုစည်းနေရင်.. တိမ်တိုက်ကြိးဖြစ်နေပြီး.. အဲဒါကို .အလင်းရောင်နည်းတဲ့အချိန်(ညမှာ).အောက်က စလိုက်မီးနဲ့ထိုးရင်…အလင်းပိတ်နေတာမို ့.. ရောင်ပြန်မြင်ရနိုင်ပါတယ်..။
    ရွှေတိဂုံစေတီဟာ..ရွှေပြားကပ်ထားတဲ့ .. အဆောက်အဦဖြစ်တာမို ့…အလင်းပြန်နိုင်ပါတယ်…။
    သဘောက… ရွှေရောင်ကို စလိုက်မီးနဲ့ထိုးထားတဲ့အခါ… အပေါ်က..တိမ်မှာ..ရောင်ပြန်အရိပ်ထင်နိုင်ပါတယ်..။ ထင်တတ်ပါတယ်..။ မိုးတိမ်တွေဟာ မှန်သဘောသက်ရောက်လာတာမို ့..ဇောက်ထိုးရောင်ပြန်အရိပ်ထင်နိုင်တာပါပဲ..။
    တိမ်ရဲ့.. အနေအထား..အစိုင်အခဲပေါ်မူတည်ပြီး ..ရောင်ပြန်ဟာ..သဏ္ဍန်ပြောင်းနိုင်ပါတယ်..။

    ဘာပဲဖြစ်ဖြစ်..မြင်ရခဲတဲ့ပုံဖြစ်တာမို ့.. ဓါတ်ပုံရရင်တင်ပေးပါ..။

  • လင်းဝေကျော်

    May 18, 2011 at 8:41 am

    ကောင်းကင်ပေါ်မှာ မိုးတိမ်က ခံနေတော့ အောက်က ထိုးတဲ့ ဆလိုက်မီးကြောင်း အရိပ်ထင်ပါတယ်။
    ခဏခဏဖြစ်နေကြပါ။
    အရေးကြီးတာက ရွှေတိဂုံဘုရားအရိပ်ထင်တော့ လူတွေ ဘာတရားရသတုန်း။
    လောဘ၊ဒေါသ၊မောဟ တွေပျောက်ပြီး သတိ နဲ့မှတ်တာတွေပိုကောင်းလာသလား။

    • eros

      May 18, 2011 at 9:30 am

      ဟဲဟဲဟဲ ကိုလင်းဝေကျော်ရယ် သေချာတာပေါ့ဗျာ။

  • မမလေး

    May 18, 2011 at 5:10 pm

    တရားတော့မပြောတတ်ဘူး ပိုပြီးဆုတောင်းနေကြတာတော့ တန်းစီလို့ပဲ …

  • လင်းဝေကျော်

    May 19, 2011 at 9:59 am

    ဆုတောင်းဖို့လောက်သာ တတ်ကြတာကိုး

  • nigimi77

    May 19, 2011 at 10:09 am

    အက်ဆစ်သီချင်းဟောင်းတွေ နားထောင်နေတယ် လာမရှုပ်နဲ ့။

    …………….ဦးဏှောက်မှ မရှိတာကိုး……….(နှာခေါင်းသံဖြင့်ဆိုပါ)….

Leave a Reply