ဘယ်သူတွေက democracy နဲ့ထိုက်တန်သလဲ

paukpaukMay 17, 20111min965

မြန်မာပြည်မှာ ရော ပြည်ပမှာပါ ဒီမိုကရေစီဆိုပြီ အော်ကြတယ်။

တောင်းဆိုနေကြတယ်…

တချို့က စည်းကမ်းဆိုတာ သိပေမဲ့ အများက မလိုက်နာချင်ပါဘူး။ လုပ်သင့်လုပ်ထိုက်တာလဲ မလုပ်ကြဘူး။ အခွင့်အရေးတော့ လိုချင်ကြပါတယ်။

ဥပမာ.. ကားမှတ်တိုင်မှာ တန်းစီဘို့ဆိုတာတောင် ဘယ်တော့မှ မစဉ်းစားကြပါဘူး။

ဘယ်သူကမှလဲ စတင်ကောင်အထည်ဖော်ပေးဘို့ မလုပ်ကြဘူး၊ မြန်မာပြည်မှာပြောတာပါ။

တန်ရာတန်ရာအစိုးရပဲရတယ်ဆိုတာ သဘာဝကျပေမယ့်…

5 comments

  • Kyaemon

    May 17, 2011 at 9:31 pm

    “တန်ရာတန်ရာအစိုးရပဲရတယ်ဆိုတာ သဘာဝကျပေမယ့်…”

    Good posting inspiring or inviting more discussions…. rather than the “status quo.”

    (One friendly suggestion: Could we change the word “democraZy” in the title? Should be “democraCy.” The word “democraZy” is used by people who are against democraCy. They mock them as being “crazy” for democracy.

    It’s quite the opposite of what the author intended).

    “YEA TOR R HMAN, PYORR TOR R THAN”

  • paukpauk

    May 18, 2011 at 2:19 am

    ကျေးဇူးပါ၊ (ကာက်မန့်ကလဲမြန်လိုက်တာ မနှိပ်ရသေးဘူးဖြတ်ကနဲ့တက်သွားလို့ ထပ်ရေးလိုက်တာ။)

    စာလုံးကျသွားတယ်၊ ဒီနေ့မှ စရေးတင်လိုက်တာလေ။ စစချင်းမှားတာ့တာပဲ…
    ခုမှ Democrazy vs. Democracy ကွာခြားတာ သိသွားတယ်။

    ကျေးဇူးကြေးမုံ။

  • MaMa

    May 18, 2011 at 3:19 am

    သားသမီးမကောင်း မိဘခေါင်း၊ တပည့်မကောင်း ဆရာ့ခေါင်း ဆိုရိုးရှိတယ်လေ။ ထိုက်တန်တယ်ဆိုတာကို ဘယ်ကစရေတွက်ရမလဲ။ တန်းစီရမယ်ဆိုတာ သိပေမယ့် အများမိုးခါးရေသောက်တော့ ကိုယ်လည်း လိုက်သောက်ရတော့တာပဲ။

  • ဆူး

    May 18, 2011 at 7:18 am

    ဆက်ရေးပါ.. စောင့်ဖတ်နေမယ်။

Leave a Reply