အမေ့အိမ်သို့ အလည်တစ်ခေါက်

padonmarMay 17, 20111min1053
ကလေးတွေရဲ့ ရင်တွင်းစကား
ကလေးတွေရဲ့ ဆုတောင်း
တစ်ခုတည်းသောစာသင်ခန်းလေး
ကလေးတွေရဲ့ စာရိတ္တဆု

Good Idea ရဲ့ Post ဖတ်ပြီးစိတ်ဝင်စားလို့ သူငယ်ချင်းတွေစုပြီး အမေ့အိမ်ကို ဒါနခရီးတစ်ခေါက်ရောက်ခဲ့ပါတယ်၊ ၅၄၈ မေခလမ်း ၁၄ ရပ်ကွက် လှိုင်သာယာ မှာရှိပါတယ်၊မေးစမ်းပြီးသွားတော့ လူကြီးတွေထက် လူငယ်တွေ ကလေးလေးတွေက ကျောင်းအကြောင်းကိုပိုသိကြပါတယ်၊ကလေးလေးတစ်ယောက်က အလကားသင်ပေးတဲ့ကျောင်းလား ၄လမ်းထဲမှာရှိတယ်လေလို့ လမ်းညွှန်ပေးပါတယ်။အလုပ်အားတဲ့ရက်သွားရတာဆိုတော့ ကျောင်းပိတ်ရက်ဖြစ်လို့ ကလေးတွေတော့မတွေ့ခဲ့ရပါဘူး၊ဂျပန်ငလျင်အတွက် ကလေးတွေရဲ့ ရင်တွင်းက ဆုတောင်းစကားလေးတွေနဲ့ ကောက်ရပစ္စည်း ပြန်ပေးလို့ ဆုချတဲ့ ဆုဖလားလေးကိုပဲ မှတ်တမ်းတင်ခဲ့ရပါတယ်၊
အပြန်မှာကွန်ပြုတာ အဟောင်းလေးတွေ ယူသွားတာ ဆရာလေးဆရာမလေးတွေသယ်ပေးဖို့ လိုက်လာကြတော့
လမ်းကကလေးတွေက သူတို့ဆရာ ဆရာမတွေကို နှုတ်ဆက်ကြတာ ကြည်နူးစရာပါ။
စာလည်းသင် ကလေးတွေရဲ့ အသိစိတ်ဓာတ်လေးတွေလည်းပြုပြင်ပေးနေတဲ့ ကျောင်းလေးပါပဲ။ မိတ်ဆွေတို့လည်း ကူညီပေးလိုက်ကြပါအုံး။

 

3 comments

  • MaMa

    May 18, 2011 at 3:42 pm

    ပညာဒါနဆိုပြီး ပညာကို အလကား သင်ပေးတဲ့အပြင် စာရိတ္တ ကြံ့ခိုင်မှုကိုပါ ဦးစားပေးတာဟာ အလွန် အင်မတန်ကောင်းတဲ့ အချက်ပါပဲ။ အကျင့်စာရိတ္တပိုင်းကို သင်ကြားမှုဆိုတာ မတွေ့ရသလောက် ဖြစ်နေပါပြီ။ သဘာဝဘေးအန ္တရာယ်အကြောင်း ပြောဆိုရှင်းပြပြီး ကလေးတွေရဲ့ ရင်တွင်းခံစားချက်ကို လွတ်လွတ်လပ်လပ် ရေးဆွဲခိုင်းတာဟာလည်း အနာဂတ်မှာ တီထွင်ဖန်တီးနိုင်မှုအတွက် တွန်းအားတစ်ခု ဖြစ်လာပါလိမ့်မယ်။ လောကကြီးကို ကိုယ်တတ်နိုင်သလောက်လေးနဲ့ ကူညီအားဖြည့်လိုက်ကြပါစို့လား။

  • paukpauk

    May 19, 2011 at 1:29 am

    ဒီနေရာလေးက ကလေးတစ်ယောက်ဟာ တစ်ချိန်မှာ တိုင်းပြည်ခေါင်းဆောင် ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောရဲပါသလဲ။
    မွန်မြတ်သော စေတနာလေးများဖြင့်
    ပန်းပျိုးနိုင်ကြပါစေ။

  • bigcat

    May 19, 2011 at 1:57 am

    အားပေးရမှာပေါ့ဗျာ..

Leave a Reply