ပြပွဲ

စဆရ ႀကီးMay 17, 20111min550

ခပ်တင်းတင်း ရင်ထဲချစ်ခြင်းရှိသမျှကို
မညှာတမ်း ထုတ်ကာပြတော့မယ်
မင်း.. ခံနိုင်ရည်မှ ရှိပါလေစ
အိုဘယ့် ငါ့ချစ်သူ။

တိမ်တိုက်တွေကို မော့ကြည့်ရင်း
ထင်းထင်းကြီး ထွန်းလင်းနေတဲ့ ကောင်းကင်က “လ”တစ်စင်းကို
ငါတစ်ယောက်တည်းမော့ကြည့်ရင်း မင်းဆီကိုပို့လွှတ်ခဲ့တဲ့ စကားတွေလဲ
ခုလောက်ဆို အတောင်ညောင်းလို့ မင်းနားရောက်နေရော့ပေါ့

သိပ်တော့မထူးဆန်းပါဘူး
ချစ်သူနှစ်ဦးဆုံတွေ့ခြင်းမှာတော့ မာနတွေ မရှိသင့်ဘူးမလား
နှာခေါင်းနှစ်ပေါက်နဲ့ အသက်ရှူနေခြင်းတူနေမှတော့
ငါ့လိုလူတစ်ယောက်ကို မင်း…
ပြုံးပြနေသင့်တယ်ထင်ရဲ့

လွမ်းမောခြင်းတွေတော့ ပါပါစေပေါ့။

ဆုံမှတ်လို့ပဲဆိုဆို၊
ကောင်းကင်ထဲစီးဆင်းနေတဲ့ မြစ်တစ်စင်းပဲပြောကြပါစေ
ငါကတော့ မဖြစ်နိုင်ဘူးဆိုတာတွေကို လုပ်ပြချင်နေမိတယ်

လက်ခုပ်တီးမယ့်သူမရှိတဲ့
တစ်ကိုယ်တော် အရည်အချင်းပြပွဲမှာ
ရင်ခုန်သံတွေနဲ့ မင်းကို ကပြအသုံးတော်ခံတော့မယ်

ရဲရဲသာ ရင်ဖွင့်တော့။ ။

(စိုင်းကွမ်းခေး)
၁၈-၅-၂၀၁၁