နိုင်ငံရေး အကျဉ်းသားတွေ လွတ်ဖို့ လုပ်သွားမယ် – ဇေယျာသော်

cobraMay 18, 20111min48

ဒီနေ့ ပြန်လွတ်လာတဲ့ အကျဉ်းသား ၁၄,၆၀ဝ ထဲမှာ နိုင်ငံရေး အကျဉ်းသား ၃ဝ ကျော် ပါဝင်လာပါတယ်။ အဲဒီအထဲမှာ ၂၀၀၈ ခုနှစ်တုန်းက အဖမ်းခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား၊ ဟစ်ပ်ဟော့ပ် (Hip Hop) အဆိုတော် ဇေယျာသော်လည်း ပါပါတယ်။ ဇေယျာသော်ဟာ ကော့သောင်းထောင်က ဒီနေ့ပဲ ပြန်လွတ်လာတာပါ။ ကော့သောင်းထောင်မှာ ကျန်းမာရေး စောင့်ရှောက်မှု သိပ်ပြီး ညံ့ဖျင်းနေတယ်လို့ ဆိုပါတယ်။ ဇေယျာသော်ဟာ Generation Wave လို့ခေါ်တဲ့ မျိုးဆက်သစ် လူငယ်များ အစည်းအရုံးက ခေါင်းဆောင်တဦးဖြစ်ပြီး သူ့ကို နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ တရားမဝင် အသင်းဖွဲ့စည်းမှုတွေနဲ့ ဖမ်းဆီးခဲ့တာပါ။ အကျဉ်းထောင်အတွင်း ဘယ်လိုအခြေအနေတွေ ကြုံခဲ့ရသလဲ ဆိုတာနဲ့ အဆိုတော် ဇေယျာသော် ပြန်လွတ်လာပြီးတဲ့နောက် ဘာတွေ ဆက်လုပ်မလဲ ဆိုတာတွေကို သိနိုင်အောင် ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။ အခု ပြန်လွတ်လာတဲ့အကြောင်း ရှင်းပြပါဦး၊ အကျဉ်းချုပ်လေး။ “ချမှတ်ထားတဲ့ ပြစ်ဒဏ်အရဆိုရင် လွတ်ရက်စေ့ဖို့အတွက် ၁ဝ လကျော်လောက် လိုပါသေးတယ်။ ဒါပေမဲ့ အခု ၂၈/၂၀၁၁ အမိန့်ကြော်ငြာစာအရ တနှစ် လျှော့ရက်ခံစားပြီး လွတ်လာခဲ့တာပါ။” ဇေယျာသော်နဲ့အတူ အမှုတွဲထဲမှာ ပါတဲ့သူတွေရော လွတ်သလား၊ ဘယ်သူတွေ ကျန်သေးလဲ။ “ကျနော်တို့ အမှုတွဲက ၆ ယောက် ရှိပါတယ်။ အဲဒီ ၆ ယောက်မှာ ၂ ယောက်က အစောကြီးကတည်းက လွတ်သွားပြီးသားပါ။ ပြီးတော့ အခု ကျနော် လွတ်လာတယ်ပေါ့။ ကျန်တဲ့