နောက်တယောက် အလှည့်ကျတော့ ….ရာထူးတိုးပြီး နယ်ချထားခံရတာကြောင့် မပြောင်းရွှေ့ချင်လို့ ဓါတ်ရိုက်ဓါတ်ဆင်လာလုပ်တာပါ…

ဆရာမမှာ အထူးစပယ်ရှယ် အော်ဒါမှာထားပုံရတဲ့ ခုံဖိနပ်တွေ အများကြီးတွေ့ပါတယ်… ဖိနပ်ပေါ်မှာ ကာယကံရှင်ရဲ့ နေ့နံ အသက်တွေ ရေးပြီး စမတွေ ဆွဲပါတယ်… ဘာဆွဲတာလဲတော့ကျမလည်း မသိပါဘူး ကောက်ကွေးတွေများလွန်းလို့ ဘာစာလုံးမှန်း သေချာမှန်းလို့မရပါဘူး … ။ ပါးစပ်ကလည်း ပွစိပွစိ ရွတ်ပါတယ်… ။ သူ ရွတ်လို့လည်း အားရရော… ရော့အင့်ဆိုပြီး ခုံဖိနပ်ကို ကာယကံရှင်လက်ထဲ ထည့်လိုက်ပါရော… ဟိုအမျိုးသမီးခမျာ ပါးစပ် အဟောင်းသားနဲ့ …. ဖိနပ်ပေးတော့ ချစီးရမလိုလို… ခေါင်းအုံးလုပ်ပြီး အိပ်ရမလို အူတူတူနဲ့ မျက်လုံးလေးကလည်လည်နဲ့ ဆရာမကို ပြန်ကြည့်တယ်ပေ့ါ…။ အထာနပ်တဲ့ ဆရာမက …ဖိနပ်ကို ကိုင်ပြီး ဘာလုပ်ရမှန်း မသိဘူးဖြစ်နေတယ်မဟုတ်လား …အဲ့ဒါက တီးရမှာတဲ့… ပြီးတော့ ဆက်ပြောပါတယ်… ဖိနပ်ဦးချွန်ကို အရှေ့ဘက်ကိုလှည့်ပြီး … ဖိနပ်နောက်ပိတ်ကို ကိုယ့်ဘက်ကို ညွှန်တဲ့ပုံနဲ့ တီးရမှာတဲ့ … ဆရာမက ပြောပြတာ … ဖိနပ်ထိပ်ဦးကို ကိုယ့်ဘက်မလှည့်ရဘူးတဲ့… ။ ဒီအထိ ရယ်စရာမကောင်းသေးဘူး… အရမ်းတော့ စိတ်ဝင်စားတယ်ပေါ့… ရာထူးတိုးပြီး နယ်ရွှေ့ခံထားရတာ ခုံဖိနပ်တီးတာနဲ့ အမိန့်စာ ပြောင်းပြန်ကျတယ်ဆိုတာ ဟုတ်ရောဟုတ်ရဲ့လားပေါ့… ။

ပြသနာကတော့ စပါပြီ…။ ဆရာမက သမီး အစမ်းတီးကြည့်စမ်းတဲ့…. သူကလည်း လူအများကြီးရှေ့မှာ ကြောက်ကြောက်လန့်လန့်နဲ့ တီးလိုက်တာ… ဖိနပ်တစ်ဘက်ဦးချွန်က ထိပ်ဘက်လှည့်ပြီး တစ်ဘက်ဦးချွန်က ကိုယ့်ဘက်ပြန်ထိုးနေပါတယ်… အဲ့ဒီအဖြစ်ကို မြင်တဲ့ဆရာမမှာ ပါးစပ်ဟပြီး ဆဲမလို့ကြံတုန်း … ပြိုင်တူမြင်တွေ့ကြတဲ့ ကျမတို့ တဖွဲ့လုံး ဟန်မဆောင်နိုင်ပဲ ဝါးလုံးကွဲ ထရယ်မိပါတော့တယ်… ။ ကျမတို့ရယ်တာ နှစ်မိနစ်လောက်ကြာကောင်းကြာပါလိမ့်မယ်… အဲ့ဒီအချိန်အတွင်း ဒေါသထွက်ချင်နေတယ် ဆရာမက သူ့ဒေါသကို မိနစ်ပိုင်း ထိန်းထားပုံရတယ်… ကျမတို့လည်း ရယ်သံဆုံးရော…  ရယ်စရာဘာပါလို့လဲလို့ ဘုတောပါရော… လူကြားထဲ အဆဲခံရမှာစိုးလို့ အားလုံး မတိုင်ပင်ထားပဲ ပါးစပ်လေးတွေကို လက်နဲ့ အုပ်ပြီး အရှိန်သပ်လိုက်ရတယ်… ။ ကျမတို့ကို ဟောက်ပြ ီး ဆရာမက ခုံဖိနပ်မှားတီးမိတဲ့ အမျိုးသမီးကို ယခုလို တီးပုံနဲ့ဆို နင် သွားပြီးမှ ပြန်လာရလိမ့်မယ်လို့ တချက်လွှတ်ဟောကိန်းထုတ်လိုက်ပါသတဲ့… ။ နောက်တယောက်လာတိုင်း မရိုးနိုင်အောင်ပါပဲ … ရယ်စရာလည်းကောင်းပါတယ်… ။ ဒါနဲ့ပဲ ကျမအလှည့်ရောက်လာပါတယ်… ဆရာမက ကျမကို မှတ်မိနေပါလိမ့်မယ်… အသံပြဲကြီးနဲ့ နှစ်ခါ ထရယ်ခဲ့ဖူးတယ်လေ…. ။

ဘာမှ မဟောခင် ကျမကို ခြေဆုံးခေါင်းဆုံး အကဲခတ်ပြီးတော့ …. ကျမဝတ်လာတဲ့ ထမိန်အရောင်ကို စပြောပါတယ်… အမည်းကြီး ဘာလို့ ဝတ်လာတာလဲဟယ် အမည်းဆိုတာ မကောင်းဘူးတဲ့… ကျက်သရေမရှိဘူးဆိုလားပဲ …  ။ စပ်စုယုံတင်မက ဆင်ခြေဆင်လက်မရိုးနိုင်အောင် ပေးတတ်တဲ့ ကျမကတော့ … ဆရာမသေချာကြည့်ပါဦး ကျမဝတ်လာတာ အမည်းမှ မဟုတ်တာလို့ စောဒက ပြန်တက်လိုက်တယ်… ။ သူကလည်း အပိုင်ဆိုတဲ့ မျက်လုံးနဲ့….. ငါဒီလောက်မျက်စိမမွဲသေးပါဘူး နင်ဝတ်လာတာ အမည်းပါဟယ်လို့ ပြောပြီး တခြား ဗေဒင်လာတွက်တဲ့လူတွေကို စစ်ကူတောင်းကာ အမည်း စစ်မှန်ကြောင်း approve လုပ်ခိုင်းတယ်ပေါ့… ဟိုလူတွေကလည်း သူတို့ဗေဒင်အဟော မခံရမှာစိုးလို့ တညီတညာတည်း အမည်းကြီး ဟုတ်တယ်လို့ ထောက်ခံကြတယ်လေ … ။ ကျမက စောဒက ထက်တတ်ပြန်တယ်… ဆရာမရယ် ကျမဝတ်လာတာ အမည်းဆိုပေမဲ့ ကျမက အမည်းအနေနဲ့ မဝတ်ပါဘူးလို့ … ။ အနက်အနေနဲ့ ဝတ်တာပါလို့ ပြန်ခံပြောတယ်… ဆရာမ စိတ်ထဲနည်းနည်းအချဉ်ပေါက်လာပြီလေ… မလောက်လေးမလောက်စား ကောင်မလေးက ငါ့ဟောခန်းလည်းလာသေး …ငါ့ကို အနက်တွေ အမည်းတွေလည်း လာပြောနေသေးလို့ စိတ်ထဲတွေးနေမိမယ် ထင်တယ်…။  ပြောတော့ ပြောချင်နေပုံပါ …ဘယ်က စပြောရမလဲ သူတွေးနေပုံရပါတယ်… အဲ့ဒီအချိန်ကျမက ဆရာမရယ် … အမည်းနဲ့ အနက်က မတူပါဘူးလို့… ။ အမည်းဆိုတာ မှောင်မိုက်တဲ့သဘော ၊ ကျက်သရေမရှိတဲ့သဘော ဆောင်ချင်လည်း ဆောင်မှာပေ့ါ …. ဒါကတော့လူသတ်မှတ်တာပါ.. အနက်ဆိုတာတော့ ကျမက ပြောင်းပြန် အဓိပါ္ပယ်ဆောင်ချင်တယ်လေ… ။ ကျမကို စကားကြီး စကားကျယ်နဲ့ပါလားလို့ မျက်မှောင်ကုတ်ပြီး ကျမပြောတာ ဘဝင်မကျသလိုပြန်ကြည့်ပါတယ်… ။ အနက်ဆိုတာ ပညာတစ်ခုရဲ့ အနက်ရှိုင်းဆုံး အနေထားကို ကိုယ်စားပြုတဲ့ အရောင်ပါလို့ အထွန့်တတ်တော့ … သူက စိတ်မဝင်စားသလိုလို ၊ လက်မခံနိုင်သလိုလို ငခူပြုုံးနဲ့ ဆိုစမ်းပါဦးတဲ့ … ။

ကျမပြောတာလည်း ဟုတ်တယ်လေဆရာမစဉ်းစားကြည့်ဆိုတာနေ အစချီလို့ ပြောပြပါတော့တယ်… ။ ကျက်သရေမရှိတဲ့ အရောင် အဖြစ် သတ်မှတ်လျှင် ဘာလို့ ဘွဲ့ပေးတဲ့အခါ အနက်ရောင်ကို ဝတ်ဆင်စေတာလဲ …. သိုင်းမှာတောင် ဆရာကြိးတွေဆိုလျှင် ခါးပတ်အနက်တွေဘာတွေ သတ်မှတ်တယ်လို့ပြောတော့ ဆရာမက … ဒေါကြီးပြီး… တော်ပြီတော်ပြီ … မဟောတော့ဘူး …. နောက်တယောက်တဲ့ ရှင် :P

 

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!