ေမေလ ၁၈ ရက်နေ့က ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာသည့် အဆန်ရထား တစ်စီးပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားကာ လူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိကြောင်း သတင်း ရရှိပါသည်။ ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာသည့် အဆိုပါ အဆန်ရထားသည် နေပြည်တော် တပ်ကုန်းမြို့နယ်၊ဖြုတ်ခွဲဘူတာနှင့် ဆင်သေဘူတာကြားရှိ ဆင်သေဘူတာ အနီးတွင် ရထားပေါ်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း နေပြည်တော် တပ်ကုန်းမြို့နယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိပါသည်။ ”ရန်ကုန်ကထွက်လာတဲ့ အဆန်ရထားက တပ်ကုန်းမြို့နယ် ရွှေမြို့ဘူတာနဲ့ တပ်ကုန်းဘူတာကြား မှာရှိတဲ့ ဆင်သေဘူတာမှာ ရထားပေါ်မှာတင် ပေါက်ကွဲမှု ဖြစ်တာပါ။ လူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရတယ်လို့ သတင်းရထားပါတယ်။ ဒါပေမယ့် ဒဏ်ရာရသူ အရေအတွက် ကတော့ ဒီထက်များရင် များနိုင်ပါသေးတယ်”ဟု နေပြည်တော် တပ်ကုန်းမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

About gigihan

has written 5 post in this Website..