ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာသည့် အဆန်ရထားမှာ နေပြည်တော် တပ်ကုန်းမြို့နယ်၊ ဆင်သေဘူတာ အနီးတွင် ရထားပေါ်၌ ပေါက်ကွဲမှု ဖြစ်ပွား

gigihanMay 18, 20111min1066

ေမေလ ၁၈ ရက်နေ့က ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာသည့် အဆန်ရထား တစ်စီးပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားကာ လူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိကြောင်း သတင်း ရရှိပါသည်။ ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာသည့် အဆိုပါ အဆန်ရထားသည် နေပြည်တော် တပ်ကုန်းမြို့နယ်၊ဖြုတ်ခွဲဘူတာနှင့် ဆင်သေဘူတာကြားရှိ ဆင်သေဘူတာ အနီးတွင် ရထားပေါ်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း နေပြည်တော် တပ်ကုန်းမြို့နယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိပါသည်။ ”ရန်ကုန်ကထွက်လာတဲ့ အဆန်ရထားက တပ်ကုန်းမြို့နယ် ရွှေမြို့ဘူတာနဲ့ တပ်ကုန်းဘူတာကြား မှာရှိတဲ့ ဆင်သေဘူတာမှာ ရထားပေါ်မှာတင် ပေါက်ကွဲမှု ဖြစ်တာပါ။ လူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရတယ်လို့ သတင်းရထားပါတယ်။ ဒါပေမယ့် ဒဏ်ရာရသူ အရေအတွက် ကတော့ ဒီထက်များရင် များနိုင်ပါသေးတယ်”ဟု နေပြည်တော် တပ်ကုန်းမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

6 comments

  • gigihan

    May 18, 2011 at 4:27 pm

    eleven website မှ ကူးယူတင်ပြပါသည်။

  • paukpauk

    May 18, 2011 at 4:55 pm

    ဖောက်ခွဲတဲ့ သူတွေ သူ့ဆွေမျိုးသေရင် ဘယ်လိုခံစားမယ်မသိဘူး။

    အစိုးရက ဖောက်တာဆိုပြီး လက်ညှိုးထိုးဦးမယ်။ တစ်ခါလာ အစိုးရနဲ့ပုံချ…

    ဒီလို အောက်တန်းကျတဲ့ တော်လှန်ရေးတော့ တသက်လုံး ရှုတ်ချတယ်ဟေ့။
    ဒီလိုလူတွေ ရှိနေ ဖျက်ဆီးနေသမျှ…
    ကာင်းကောင်းမွန်မွန် နိုင်ငံရေးလုပ်ပြီး တိုင်းပြည်ကောင်းကျိုးလုပ်တဲ့သူတွေ နစ်နာတယ်ဗျာ။

  • ဆူး

    May 19, 2011 at 5:49 am

    ပေါက်ပေါက် ကို အမှန် ပေးသွားတယ်။

  • fighternk

    May 19, 2011 at 8:40 am

    လူဆိုတာအလှည့်နဲ့ပါ ၊ သူတို့လည်းတစ်နေ့ပြန်ခံရမှာပါ…..

  • king

    May 19, 2011 at 12:36 pm

    ဘယ်သူလုပ်တာပဲ ဖြစ်ဖြစ် ကန့်ကွက် ရှုတ်ချပါတယ် ….
    ဘယ်လိုကျားကွက်ပဲ ရွှေ့ရွှေ့ လူ့အသက်နဲ့ ဆိုင်တဲ့ကိစ္စတွေဆိုရင် စဉ်းစားပြီး လုပ်စေချင်ပါတယ်
    လူတစ်ယောက်ကို စတေးပြီး လူအများကို ကယ်တင်ဖို့ဆိုရင်တောင် …………………

  • apulay

    May 20, 2011 at 3:43 am

    ဖောက်ခွဲဖျက်ဆီးရေးသမားတွေ တခါတလေ သူများကိုသေအောင် မလုပ်ရသေးခင် သူတို့လက်ထဲမှာပဲပေါက်ကွဲ သွားတာတွေရှိတယ်နော် ။
    သူများကို မကောင်းကြံတဲ့သူတွေ အမြဲတမ်း အဲဒီလိုဇာတ်သိမ်းသင့်တယ် ။

Leave a Reply