သဝဏ်လွှာ (၅) by May Aye Oo

padonmarMay 24, 20113min650

သဝဏ်လွှာ (၅)
by May Aye Oo on Tuesday, May 24, 2011 at 12:08pm

ကျောက်ကွင်းကျေးရွာ (ကျုံကျိုးကျေးရွာအုပ်စု)

အာယုဒါန (ကျန်းမာရေး) အလှူတော် .။

အခမဲ့ ဆေးခန်း

ကျောက်ကွင်းကျေးရွာ (ကျုံကျိုးကျေးရွာအုပ်စု) ပတ်ဝန်းကျင် ကျေးရွာ ၅ ရွာမှ ရွာသူရွာသားများ အား ကျန်းမာရေး စစ်ဆေး၊ ဆေးကုသပေးရန်အတွက် အခမဲ့ ဆေးခန်း ဖွင့်လှစ်ပေးမည် ဖြစ်ပါ၍ လုပ်အား၊ ပညာ ဒါန ပြုချင်သော ဆရာဝန် များ နှင့် ဆေး အလှူရှင်များအား ဖိတ်ခေါ်အပ်ပါသည်..။

ဆေးခန်းဖွင့်ပေးမည့်ရက် – ၂၈-၅-၁၁ (စနေ နေ့)

ကျမတို့ ၂၀၀ဝ အဖွဲ့မှ အခမဲ့ဆေးခန်းတွေ ဖွင့်ပေးခဲ့ တာ နေရာတော်တော်များခဲ့ပါပြီ။ အောက်ဖော်ပြပါ နေရာတွေမှာ ဖွင့်ပေးခဲ့တာပါ။ အခုလို အခမဲ့ ဆေးခန်း ဖွင့်ပေးနိုင်အောင်လဲ.. အနယ်နယ်၊ အရပ်ရပ် က စေတနာရှင်၊ အလှူရှင်များ က ဝိုင်းကြ၊ ဝန်းကြ၊ လှူကြ၊ တန်းကြ သလို၊ Volunteer ဆရာဝန်များကလဲ.. စေတနာ အပြည့်နဲ့ ပညာဒါန ရော၊ ဆေး ဒါန ရော၊ အားကြိုးမာန်တက် ပံ့ပိုးပေးခဲ့ကြတာပါ..။

နာဂစ် ဒေသ (Nargis affected Areas after Nagis in 2008)

6-5-2008 စွယ်တော်ကုန်းကျေးရွာ၊ ဒေးဒရဲမြို့နယ်၊ ဧရာဝတီတိုင်း။

28-6-2008 ကျွန်းပင်ကျေးရွာအုပ်စု၊ ဒေးဒရဲမြို့နယ်၊ ဧရာဝတီတိုင်း။

5-7-2008 အလယ်ရွာ၊ ကော့မှူးမြို့နယ်၊ ရန်ကုန်တိုင်း။

19-7-2008 ညောင်လမ်းကျေးရွာအုပ်စု၊ ဒေးဒရဲမြို့နယ်၊ ဧရာဝတီတိုင်း။

26-7-2008 ကျုံဒတ်ကျေးရွာအုပ်စု၊ ဒေးဒရဲမြို့နယ်၊ ဧရာဝတီတိုင်း။

13-9-2008 ချောင်းသစ်ပေါက်ကျေးရွာအုပ်စု၊ ဒေးဒရဲမြို့နယ်၊ ဧရာဝတီတိုင်း။

2009 whole year မြိုင် သီလရှင်သင် ပညာရေးကျောင်း၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင် ။

28-2-2009 to 1-3-2009 နမ္မတီးမြို့၊ မိုးကောင်းမြို့နယ်၊ ကချင်ပြည်နယ်။

4-7-2009 သပြုချောင်းကျေးရွာ၊ ဒေးဒရဲမြို့နယ်၊ ဧရာဝတီတိုင်း။

5 to 7-10-2009 မြိုင်မြို့၊ ပခုက္ကူခရိုင်၊ မကွေးတိုင်း။

13-3-2010 ကျုံလတာကျောင်းစု ကျေးရွာ၊ မော်ကျွန်းမြို့နယ်၊ ဧရာဝတီတိုင်း။ ။

14-3-2010 ကမကလူကျေးရွာ၊ ဘိုကလေးမြို့နယ်၊ ဧရာဝတီတိုင်း။

27 to 28-3-2010 တရုတ်တန်းရပ်ကွက်၊ ဝါးခယ်မ တစ်ဖက်ကမ်း၊ ဝါးခယ်မမြို့နယ်၊ ဧရာဝတီတိုင်း။

18 to 20-4-2010 ရေဦးမြို့၊ စစ်ကိုင်းတိုင်း။

22-8-2010 ခလောက်ခမယ်ကျေးရွာ၊ ကော့မှူးမြို့နယ်၊ ရန်ကုန်တိုင်း။

12-9-2010 သပြုချောင်းကျေးရွာ၊ ဒေးဒရဲမြို့နယ်၊ ဧရာဝတီတိုင်း။

23 to 30-10-2010 ပခုက္ကူ- မြိုင် ရှိ ကျေးရွာများ။

26 to 28-12-2010 ကျောက်ကွင်းကျေးရွာအုပ်စု၊ ဝက်ထီးကန်၊ ပြည်ခရိုင်၊ ပဲခူးတိုင်း။

16-1-2011 ကျွဲခြံစု ကျေးရွာ၊ ဒေးဒရဲမြို့နယ်၊ ဧရာဝတီတိုင်း။

18 to 20-3-2011 ဆားမှော်ကျေးရွာကြီး၊ မိုးကောင်းမြို့နယ်၊ ကချင်ပြည်နယ်။

2 to 3-4-2011 မြရတနာကျေးရွာ၊ စစ်ကိုင်းးမြို့၊ စစ်ကိုင်းတိုင်း။

9 to 11-4-2011 မြောင်ရင်းရွာ၊ ထုံးဘို၊ ပန်းတောင်းမြို့နယ်၊ ပဲခူးတိုင်း။

18 to 19-4-2011 နမောကျေးရွာ၊ ရွှေဘိုမြို့နယ်၊ စစ်ကိုင်းတိုင်း။

14-5-2011 နန္ဒဝန်ဓမ္မရိပ်သာ၊ ပြည်၊ ပဲခူးတိုင်း။

အခုလာမယ့် စနေနေ့ 28-5-2011 မှာ လဲ ကျောက်ကွင်းကျေးရွာ မှာ အခမဲ့ဆေးခန်းလေး ဖွင့်ပေးနိုင်အောင် လို့ အလှူရှင်များနဲ့ ၊ Volunteer ဆရာဝန်များကို ဖိတ်ခေါ်ပါရစေရှင်..။

××××××××××××××××××××××××××××××××××

ကျောက်ကွင်းကျေးရွာနဲ့ ပါတ်ဝန်းကျင် ကျေးရွာက ကလေးတွေ၊ လူငယ်တွေ ကို အသိပညာ နဲ့ စဉ်းစားတွေးခေါ် ဆင်ခြင်ဉာဏ် တိုးတက်စေချင်လို့၊ စာကြည့်တိုက် ကလေး လုပ်ပေးနေတာ၊ အားလုံး အသိပါ။ စာကြည့်တိုက် အတွက် စာအုပ်စာရင်းကို ဗလာစာအုပ်ထဲမှာ လက်ရေးနဲ့ ရေးပြီး၊ ဝက်ထီးကန် မှာ ကွန်ပြူတာ စာစီ ခိုင်းတာ ၂ လ ကြာပေမဲ့ စာအုပ် စာရင်း မရသေးပါဘူး။ ဒါနဲ့ ကျမ ကလဲ ဆရာတော် ဘုရား အကယ်၍များ စာရိုက်လို့ ရရုံ ကွန်ပြူတာလေး ရှိခဲ့ ရင်၊ ကိုယ့် ဖာသာ ကိုယ် ရိုက်လို့ ရတာပေါ့ လို့ ပြောမိပါတယ်..။ စာအုပ် စာရင်း ကိုလဲ တောင်းခဲ့ ပြီး ကျမ ဘဲ ကွန်ပြူတာ နဲ့ ရိုက် ပေးလိုက်ပါတယ်..။ အခု တစ်ခေါက် သွားရင် စာအုပ် စာရင်း ထုတ်ပေး လို့ ရပါပြီ..။

အဲဒါကို စကားစပ်မိရင်း.. မိတ်ဆွေ တစ်ယောက်ကို .. ပြောမိတာ.. သူက ကွန်ပြူတာ ရယ်၊ Printer ရယ်၊ UPS ရယ် လှူမယ် ဆိုလို့ ဒီ လာမယ့် စနေနေ့ 28-5-2011 နေ့ မှာ ကျောက်ကွင်း ကို သွားပို့ မှာပါ..။

ပြီးတော့ အလယ်တန်း၊ အထက်တန်း ပညာသင်စားရိတ်တွေ ထောက်ပံ့နေတာ.. ကန်ဇွန်းအင်းရွာ နဲ့ လေသာတောင် ကြီး ရွာ က ကလေး ၂ ယောက်ကို ပညာသင်စားရိတ် သွားပေးဖို့လဲ ရှိပါတယ်..။

ပြီးတော့ နန္ဒဝန်ဓမ္မရိပ်သာ၊ ပြည် က သီလရှင် စာသင်တိုက်မှာ အိမ်သာ နဲ့ အုတ် ရေလှောင်ကန် ကလေး လုပ်ပေးနေ တဲ့ ကိစ္စ ကိုလဲ သွားကြည့်ရအုံးမှာ..။

နောက်ပြီး .. ဆီဆုံကုန်းရွာမှာ စမ်းရေတွင်း တစ်တွင်း တူးပေးဖို့ လဲ ရှိသေးတာ..။

ပြီးတော့ ကာ.. တတိယ နှစ် သူနာပြု ဒီပလိုမာ ကျောင်းသားလေးကို လဲ သူ့ ကျောင်းပြီးတဲ့ အထိ နောက် ၅ လ ဘဲ ကျန်တာမို့ ကျောင်းဆက်တက် နိုင်အောင် ဆက်ထောက်ပံ့ပေးဖို့ .. .. ..

နောက် ပြီး .. .. နန္ဒဝန်ဓမ္မရိပ်သာ၊ ပြည် က သီလရှင် စာသင်တိုက်မှာ ဆရာလေးတွေဟာ .. တံမံတလင်းပြင် မှာဘဲ အိပ်ကြ ရတာမို့ ကော်ဇောလေး ဝယ်လှူချင်ပါတယ်..။

ဒါကြောင့် …. အလှူရှင် လိုအပ်နေသေးတဲ့

၁) ၁ဝ တန်း ပညာသင်စရိတ် တစ်နှစ်ပါတ်လုံးအတွက် (ကန်ဇွန်းအင်းရွာ ၁ ဦး နှင့် ဝက်ထီးကန် မှ ၁ ဦး)

၁၂၀၀၀ဝ × ၂ ဦး = ၂၄၀၀၀ဝ ကျပ်

ရ တန်း ပညာသင်စရိတ် တစ်နှစ်ပါတ်လုံးအတွက် (မြရတနာ ကျေးရွာ၊ စစ်ကိုင်းတိုင်း မှ ၁ ဦး)

၁၀၀၀၀ဝ × ၁ ဦး = ၁၀၀၀၀ဝ ကျပ်

၃ ဦးအတွက် = ၃၄၀၀၀ဝ ကျပ်

၂) နန္ဒဝန်ဓမ္မရိပ်သာ၊ သီလရှင် စာသင်တိုက်၊ ပြည် အတွက် ကော်ဇော တစ်လိပ်

၂၂၀၀×၆၁ ကိုက် = ၁၃၄၂၀ဝ ကျပ်

၃) ဆေးခန်းဖွင့်ရင် လိုအပ်မဲ့ဆေးတွေ ဝယ်ဖို့ အတွက် .. ရယ်..

အလှူခံ ပါရစေရှင်…။

အဲဒါတွေ အားလုံးပေါင်းပြီး .. ခရီးစဉ် တစ်ခု သွားမှာပါ..။ ဒါပေမဲ့ Volunteer ဆရာဝန် မရ ရင်တော့ ဆေးခန်းဖွင့်ပေး မယ့် အစီအစဉ် ကတော့ ပျက်သွားမှာ ပေါ့ …

ဒါကြောင့် သမီး၊ သား ဆရာဝန်တွေ… ဒီတစ်ခါလဲ .. ကူညီကြပါ အုံး… နော်..။

ဆေး နှင့် အစားအသောက် လှူ ရန် စိတ်ဝင်စားသူများ၊

Volunteer လုပ်အားဒါန ပြုလိုသူ ဆရာဝန်များ၊

ကော်ဇော လှူလိုသော အလှူရှင်များ ၊

ပညာရေး တစ်ဦးချင်းထောက်ပံ့ပေးလိုသော အလှူရှင်များ

email နဲ့ 2000.group.donation@gmail.com သို့ ဆက်သွယ်ပါရှင်.. ။

အလှူရှင် များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

အလှူခံ များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

လိုအပ်သူတိုင်းကို ကူညီနိုင်သောသူ ဖြစ်ချင်ပါတယ်..။

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000 GROUP

P.S – ကျမရဲ့ notes များကို.. Share လိုပါက ခွင့်တောင်းရန် မလိုပါ.. Share နိုင်ပါသည်.. ရှင်..

Dear bros and sis,

We would like to organize to open a FREE CLINIC at Kyauk-kwin Village (Kyon-kyoe Village Group), Wet-Htee-kan Township, Pyay District, Bago Region for the villagers of 5 villages.

Tentative Plan

27-5-11 8 pm – Leaving Yangon by Highway Bus

28-5-11 2 am – Arrival of Pyay

28-5-11 9 am to 4 pm – Free Clinic

28-5-11 9pm – Leaving Pyay by Highway Bus

29-5-11 5am – Arrival of Yangon

We also would like to request for your donation for ….

1) Education Support for Matriculation Students from Ka-zun-inn village and Wet-htee-kan

120,000 x 2 = 240,000 kyats

Education Support for Grade 8 Students from Mya Yadana Village, Sagaing

100,000 x 1 = 100,000 kyats

2) Carpet donation for the Nandawun Nunnery School (Nuns have to sleep on the concrete floor without any carpet. So that they feel very cold especially in rainy season and cold season. So that we wish to provide them a carpet for 57 nuns.

2200 x 61 yards (1 roll) = 134,2000 kyats

3) Medicines for the Free Clinic

If you’re interested to donate medicines, food for the elders (in kind or in cash), Education Support,

carpet donation and any doctors who wish to be volunteers,

please contact to my g-mail 2000.group.donation@gmail.com.

Thanks and best regards,

May Aye Oo

2000 GROUP

2000.group.donation@gmail.com

GIVE THE WORLD THE BEST YOU HAVE!

I LEARN TO GIVE NOT BECAUSE I HAVE MANY, BUT BECAUSE I KNOW THE FEELING OF ံNOTHING.

IF I CANNOT BE A BRICK, I WISH TO BE A PIECE OF SAND TO HEAL THE WORLD .