ဦးခေါင်းနှစ်လုံးနဲ့ ကလေးလေး …

မမေလးMay 18, 20111min1386
တရုတ်နိုင်ငံ စီချွမ်ခရိုင်မှာ အမျိုးသမီးတစ်ဦး က ဦးခေါင်းနှစ်လုံးနဲ့ မိန်းကလေးတစ်ဦးကို ထူးထူး ခြားခြားမွေးဖွားပေးခဲ့ပါတယ်။ ဦးခေါင်းအမြွှာနဲ့မွေးဖွား လာတဲ့ သမီးငယ်လေးဟာ ခန္ဓာကိုယ်တစ်ခုတည်းမှာ ဦးခေါင်းနှစ်လုံး၊ လက်နှစ်ဖက်၊ ခြေထောက်နှစ်ချောင်း ပါရှိခဲ့တယ်လို့ မွေးဖွားပေးတဲ့ဆရာဝန်တွေရဲ့အဆိုအရ သိရပါတယ်။ ဒီလိုခန္ဓာကိုယ်တစ်ခုတည်းမှာ ဦးခေါင်း နှစ်လုံးပါရှိမွေးဖွားလာတဲ့လက္ခဏာကို ဆေးပညာအခေါ် အဝေါ်အရ Dicephalic Parapagus လို့ သိရပါ တယ်။ ဒါဟာ ဖြစ်လေ့ဖြစ်ထမရှိတဲ့ အမြွှာ လက္ခဏာလည်းဖြစ်ပါတယ်။ ဒီလို Dicephalic Parapagus ပေါင်းစည်းနေတဲ့ အမြွှာပုံစံမျိုးဟာ ခန္ဓာကိုယ်တစ်ခုတည်း ရှိနေတဲ့အတွက် သီးခြားစီခွဲထုတ် ဖို့ မဖြစ်နိုင်ဘူးလို့ သိရပါ တယ်။ ဒီလို ခန္ဓာကိုယ် တစ်ခုမှာ ဦးခေါင်းနှစ်လုံး ပါရှိတဲ့ အမြွှာမွေးဖွားခြင်း ဟာ မျိုးဥဆဲလ်တွေဟာ အပြည့်အဝ ခွဲထွက်နိုင် ခြင်းမရှိတဲ့အတွက်ဖြစ်ပါ တယ်။ ဒီလိုအဖြစ်မျိုးဟာ ရှားပါးလှတဲ့အဖြစ်မျိုးဖြစ် ပြီး ဒီလိုအမြွှာမျိုးကို ၂၀၀၉ ခုနှစ်က ပို့စ်မောက်မြို့က လီဆာချိန်ဘာလိန်ဆိုသူ အမျိုး သမီးတစ်ဦးကမွေးဖွားပေးခဲ့ပြီး ၃၂မိနစ်အကြာမှာ သေ ဆုံးသွားခဲ့ကြောင်း သိရပါတယ်။ အမေရိကန်ပြည် ထောင်စုက ဦးခေါင်းဆက်အမြွှာအဘီဂေးလ်နဲ့ ဘရစ် တနီဟန်ဆဲလ်တို့ကတော့ သတင်းမီဒီယာတွေကြားထဲ မှာ ကျော်ကြားသူတွေဖြစ်လာခဲ့ရသလို အော်ပရာဝင်း ဖရေးနဲ့ ရှိုးပွဲနှင့် ရုပ်မြင်သံကြားမှတ်တမ်းတင်ရုပ်ရှင် တွေမှာပါ ပါရှိခဲ့ပါတယ်။ ဒီဦးခေါင်းဆက်အမြွှာတွေဟာ ခန္ဓာကိုယ်တစ်ခုတည်းသာရှိပေမယ့် ကိုယ်တွင်းအင်္ဂါ တွေကတော့ သီးခြားစီရှိနေတယ်လို့ဆိုပါတယ်။ သူတို့ ဟာ တစ်ချိန်တည်းမှာသီးခြားစီစားနိုင်သလို သီးခြားစီ စာရေးနိုင်သူတွေဖြစ်ပြီး လမ်းလျှောက်ခြင်းနဲ့ ကားမောင်း ခြင်းတွေကိုတော့ ပူးတွဲလုပ်ဆောင်ရတယ်လို့ သိရပါ တယ်။
foreverfriend.ning.com

6 comments

  • မမလေး

    May 18, 2011 at 7:06 pm

    နှစ်ကိုယ့်တစ်စိတ် ဆိုတာ နှစ်ကိုယ်ပေါင်းမှ တစ်ယောက်လို့ပြောတာလား …

  • fighternk

    May 19, 2011 at 5:14 am

    ဘယ်လိုများ အသက်ရှင်မလဲ ဆိုတာတော့ စဉ်းစားစရာပဲ….

  • cobra

    May 19, 2011 at 8:50 am

    ဒါဝဋ်ကျွေးလား..အခွင့်အရေးလား….။

  • apulay

    May 20, 2011 at 3:30 am

    ကလေးလေးက မွေးကတည်းက သွားတွေပေါက်နေတယ်နော်

  • susunosuki

    May 20, 2011 at 9:17 am

    ကလေးမလေးရဲ့ ဖေဖေက ကွမ်တုံက စားဖိုမှူးဆိုတော့ အစားမက်လွန်းလို့ သူ့သွေးသားက ပါးစပ်နှစ်ခုရှိတာများဖြစ်နေမလား။

  • nature

    May 20, 2011 at 2:15 pm

    ဘဝဝဋ်ကြွေးလား ၊ဆုတောင်းမှားခဲ့တာလား။

Leave a Reply