Duke University

DSCN2382

အမေရိကားရဲ့ ထိပ်တန်းတက္ကသိုလ်များထဲမှာ တခုအပါအဝင်ဖြစ်တဲ့ North Carolina ပြည်နယ် Durham မြို့က Duke University ကိုရောက်စဉ် ရိုက်ထားတဲ့ ဓာတ်ပုံလေးများကို မှတ်မိသလောက် စာများနဲ့ တွဲတင်လိုက်ပါတယ်။ ဓာတ်ပုံအက်ဆေးတခုလို သဘောထားဖတ်ပေးကြပါနော်။
Duke University က ၁၉ရာစုနှစ်ကထဲက တည်ရှိခဲ့တဲ့ တက္ကသိုလ်တခုဖြစ်ပါတယ်။ကျောင်း Campus ကို အရှေ့၊ အနောက်၊ ဗဟိုနဲ့ ဆေးရုံဌာန အဖြစ်လေးပိုင်းခွဲထားပြီး အဆောက်အဦး ၂၂ဝကျော် ရှိပါတယ်။ ကျောင်းပတ်ဝန်းကျင်မြေအကျယ်အဝန်းက ၇၂၀ဝဧကရှိတဲ့ သစ်တောအုပ်အပါအဝင် စုစုပေါင်း ၈၆၁ဝ ဧက ရှိပါတယ်။ ကျောင်းပတ်ဝန်းကျင်မြေအကျယ်အဝန်းက ၇၂၀ဝဧကရှိတဲ့ သစ်တောအုပ်အပါအဝင် စုစုပေါင်း ၈၆၁ဝ ဧက ရှိပါတယ်။ ဘေးပတ်ဝန်းကျင်မှာ မိုးထိအောင်မြင့်မားတဲ့ သစ်ပင်ကြီးတွေနဲ့ စိမ်းစိုနေပါတယ်။ ရာသီဥတုကတော့ ပူအိုစိုစွတ်ပါတယ်။ အဆောက်အဦးအတော်များများကတော့ နောက်ပိုင်းတိုးချဲ့ထားတာတွေ ဖြစ်ဖို့များပါတယ်။အပြင်အုတ်နံရံကို ရှေးဟောင်းအုတ်စီထားတဲ့ ပုံစံလုပ်ထားပါတယ်။ စာသင်ခန်းဖြစ်ပါတယ်။ Fund တောင့်တဲ့ တက္ကသိုလ် အတော်များများရဲ့ စာသင်ခန်းတွေက သိပ်မကွာပါဘူး။ Fund တောင့်တဲ့ တက္ကသိုလ် အတော်များများရဲ့ စာသင်ခန်းတွေက သိပ်မကွာပါဘူး။ စာကြည့်တိုက်မှာ ကွန်ပြူတာပါ သုံးလို့ရတယ်။ပိုက်ဆံရှိတဲ့ private တက္ကသိုလ်ဆိုတော့ facility ခြင်းတူပေမဲ့ သူတို့က ပေါပေါသီသီ သုံးနိုင်ပါတယ်။ အပြင်လူတွေအလွယ်တကူ ဝင်ထွက်သွားလာနိုင်လို့ စာကြည့်တိုက်နဲ့ ကျောင်းပရဝုဏ်အတွင်းမှာ ပစ္စည်းပျောက်မှု ခဏခဏဖြစ်ပါတယ်။ ကျောင်းဖွင့်ချိန်တွေမှာ တလတလဆိုရင် ကွန်ပြူတာနဲ့ပတ်သက်တဲ့ ပစ္စည်းအမျိုးလေးဆယ်လောက် အပျောက်အရှ ရှိတယ်လို့သိရပါတယ်။ ကျောင်းပိုင် ဘတ်စ်ကား ဆယ်စင်းခန့်က ကျောင်းဧရိယာအတွင်း ကျောင်းသားများအတွက် ကြားငါးရက်မှာ အခမဲ့လွန်းပျံ ခရီးဆွဲပေးပါတယ်။ ညခုနှစ်နာရီနောက်ပိုင်းမှာတော့ ကျောင်းသားဆိုရင် စီစဉ်ပေးထားတဲ့ တက္ကှစီကို ကျောင်းအသွားအပြန်အတွက် ဖုံးဆက်ခေါ်သုံးခွင့် ရှိပါတယ်။ များသောအားဖြင့် ခရီးသည်နှစ်ဦး၊ သုံးဦးပြည့်အောင်တော့ စောင့်ရတတ်ပါတယ်။ ကျောင်းမှာ ကိုယ်ပိုင်ရဲတပ်ဖွဲ့ရှိပြီး ၂၄နာရီ ပတ္တရောင် လှည့်နေပါတယ်။ ကျောင်းသားအများစု နေကြတဲ့ တိုက်ခန်းများပါ။ အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းအပါကို ခုနှစ်ရာလောက်ကျပါတယ်။ ကျောင်းနဲ့နီးရင်တော့ ပိုပေးရမှာပါ။ သက်ဆိုင်ရာ ပရိုဂရမ်များ။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေအပတ်ကတော့ ဘွဲ့နှင်းသဘင်ကျင်းပတဲ့ အချိန်ဖြစ်ပါတယ်။ Duke Chapel ဘွဲ့ယူအပြီး အမှတ်တရ ဓာတ်ပုံရိုက်ကြတဲ့ Duke Chapel church ပါ။ပရိတ်သတ် ၁၆၀ဝ ဆန့်ပါတယ်။၂၁လ graduate သင်တန်းတခုအတွက် အားလုံးအပြီးအစီး ယူအက်စ်ဒေါ်လာ ၉၆၀၀ဝ ရှိတယ်သိရပါတယ်။ ကျူရှင်ကြေး one credit ကို ဒေါ်လာတထောင်ကျော်ဆိုတော့ နေထိုင်စားသောက်စရိတ် ချွေနိုင်ရင်တော့ ရှစ်သောင်းကျော်လောက်နဲ့ ပြီးနိုင်ပါတယ်။ အာရှသား အများအပြားတွေ့ရပါတယ်။ အထူးသဖြင့် တရုတ်၊ အိန္ဒိယနဲ့ ကိုရီးယားတွေပါ။ ဘွဲ့နှင်းသဘင်ပုံတွေတင်မလို့ လုပ်ထားပေမဲ့ personal ပုံတွေပဲ ကူးထားမိလိုက်လို့ မတင်တော့ပါဘူး။ ပွဲကို ဘတ်စကတ်ဘော ရုံထဲမှာ လုပ်ပါတယ်။ အခြားနေရာတွေမှာလည်း သက်ဆိုင်ရာ ပရိုဂရမ်တွေအလိုက် အသီးသီးကျင်းပ ကြပါတယ်။ ထုံးစံအတိုင်း Dean နဲ့ ဖိတ်ကြားထားတဲ့ ထင်ရှားတဲ့ ရာထူးလက်ရှိ ကျောင်းသားဟောင်းတဦးက မိန့်ခွန်းပြောပြီး ဘွဲ့ပေးပါတယ်။ နာမည်ခေါ်လိုက်ရင် ဘွဲ့ဝတ်စုံနဲ့ ထိုင်ရာကထပြီး စင်ပေါ်တက် စလွယ် အသိုင်းခံပြီး စင်အောက်ပြန်ဆင်းရုံပါပဲ။ ပြီးတော့ အစုလိုက် ဓာတ်ပုံအရိုက်ခံ၊ နေ့လည်စာ ကျွေးတာလေးစားပြီး တနေ့တာ အစီအစဉ်ပြီးဆုံးပါတယ်။ အပြန်မှာ ဘတ်စ်ကားမပြေးလို့ လမ်းလျောက်ရပါတယ်။ ကားရှိမှဖြစ်တဲ့ နယ်မြို့ဆိုတော့ လမ်းမှာ ရှေ့ကသွားနေတဲ့ မိသားစုသုံးယောက်နဲ့ ကျနော်တို့ပဲ လမ်းလျောက်နေတာ ရှိပါတယ်။ ပြင်သစ်ကျောင်းသူနဲ့ သူရဲ့မိဘတွေပါ။ ကောင်မလေးက ဒေါက်ဖိနပ်ပေါက်လို့ ဖိနပ်ချွတ်ပြီးတောင် လျောက်ရပါတယ်။ နောက်တနေ့ တနင်္ဂနွေနေ့မှာ လုပ်တဲ့ ဘွဲ့ရများအားလုံး စုပေါင်းပါဝင်တဲ့ပွဲကိုတော့ မသွားဖြစ်တော့ပါဘူး။

14 comments

  • weiwei

    May 19, 2011 at 3:32 am

    ကိုကြောင်ကြီးလဲ အဲဒီမှာ ဘွဲ့သွားယူတာလား ?
    တရုတ်ပြည်မှာ တက္ကသိုလ်ပေါင်းများစွာကို ရောက်ခဲ့ပြီး သေသေချာချာဓါတ်ပုံမရိုက်ခဲ့တာတွေကို အခုမှ နောင်တရသွားတယ် …
    တရုတ်ပြည်က သာမန်တက္ကသိုလ်တွေလဲ အဆောက်အဦးနဲ့ ခြံဝင်းတွေ ကျောင်းလမ်းတွေ တော်တော်ကောင်းတယ် …

    • bigcat

      May 19, 2011 at 3:53 am

      ဟုတ်ပါဘူးဗျာ။ ကြောင်ကြီးတို့ အဲလောက်ထိ မတော်၊ မချမ်းသာပါဘူး။ အဲဒီခရီးမှာ ကျနော်နဲ့ဆိုင်တဲ့အပိုင်းကို ပို့စ်နောက်တခုအနေနဲ့ တင်ပါမယ်။

  • etone

    May 19, 2011 at 3:56 am

    ကြားပဲ ကြားဖူးတာ အခုမှပဲမြင်ဖူးတော့တယ်…။

    ကုန်ကျစရိတ်များများလည်း တတ်နိုင် ၊ ဦးဏှောက်လည်း ကောင်းမှသာ ဒီလို တက္ကသိုလ်မျိုး တက်လို့ရမယ်… ။

  • moonpoem

    May 19, 2011 at 4:20 am

    မရောက်ဘူးပေမယ့် ဗဟုသုတရစေတဲ့ အတွက် ပိုစ့်တင်ပေးတဲ့ ကိုကြီးကြောင်ကို ကျေးဇူးအများကြီးတင်ပါတယ်။

  • fighternk

    May 19, 2011 at 4:59 am

    ဒီတစ်သက် အိမ်မက်လို့ပဲ မှတ်လိုက်ပါတော့မယ် ။
    ဒီပိုစ့်လေးကြောင့်လည်း ဗဟုသုတအများကြီးရသွားပါတယ်။

  • shwe ni

    May 19, 2011 at 5:20 am

    ကျေးဇူးကိုကြောင်ကြီး
    သူတို့ အဓိပဓိလမ်းမကတော့ Yangon University နဲ့ဆင်တယ် အပင်လေးတွေစိမ်းစိမ်းစိုစိုနဲ့

  • ဆူး

    May 19, 2011 at 5:25 am

    ကျောင်းဝင်းကြီးက အကျယ်ကြီးနော်.. စာသင်ခန်းတွေ တခုနဲ့ တခုဝေးလား။
    ကျောင်းထဲမှာ လမ်းလျောက်တာနဲ့တင် တနေ့ တနေ့ တော်တော် ဝိတ်ကျမဲ့ သဘောရှိတယ်။

  • eros

    May 19, 2011 at 9:14 am

    အင်း တက်ချင်လိုက်တာ။ ဒါပေမယ့် scholar ရမှ ကျောင်းတက်နိုင်မယ့်ဘဝဆိုတော့.. ဟော့ ဟော့။

  • padonmar

    May 19, 2011 at 2:18 pm

    စာသင်ခန်းပုံစံလေး သဘောကျတယ်။ဆရာ့ ခုံကို ဝိုင်းထားသလိုပဲ၊ ကျောင်းသားတွေ အချင်းချင်းလည်းမြင်ရတယ်၊
    ပိုပြီးနွေးထွေးမှုရှိသလို၊ one way teaching မဟုတ်ဘူးဆိုတာပြသလို ခံစားရတယ်၊
    အဲဒီလို နေရာမျိုးမှာ ကျောင်းတက်ချင်လိုက်တာ။

  • မမလေး

    May 25, 2011 at 5:46 pm

    ဘယ်နားက အပင်တွေစိမ်းစိုတာလဲဟင် ။။။။

  • MaMa

    May 26, 2011 at 12:04 am

    ခြင်္သေ့ပုံနဲ့ ကိုကြောင်ကြီး ခုတော့ ကြောင်ပုံလေးနဲ့ ဖြစ်သွားပါလား။ မျက်နှာဖုံးချွတ်လိုက်တာလား။

  • nozomi

    May 26, 2011 at 6:31 am

    အောင် has wrote 140 articles on this blog.
    ကိုကြောင်ကြီး အမည်မှာ အောင် ပါရမယ် အဲဒီတော့
    “အကိုအောင်” ပေါ့

  • ဆူး

    May 26, 2011 at 6:36 am

    အကိုအောင် ဆိုတာ အကောင်အို ကိုပြောတာလားဟင်… 😉 :))

  • nozomi

    May 26, 2011 at 7:20 am

    အဲဒီလိုကြီး ဟုတ်က ဟုတ်က တွေကို ပြောရဘူးလေ
    ကောင်မလေးတွေ တွေ့ရင် အဲဒီလို ခေါ်မှာဘဲလို့ တွေးကြည့်တာပါ 😛

Leave a Reply