Do You Know? အခွန်ဆောင်ရင် အခွန်ဆောင်ကြေးပေးရသေးတယ်

paukpaukMay 19, 20111min14511

အသိမိတ်ဆွေထဲက တစ်ယောက်နိုင်ငံခြားမှာ သင်္ဘောလိုက်ပြီး ပြန်လာတော့ အခွန်ဆောင်ဘို့ FE Bank ကို သွားတယ်။ ထားပါတော့ဗျာ သူက တစ်လ ဒေါ်လာ ၅၀၀ဝ လောက်ရတော့ တလကို ၁၀% နဲ့ ၅၀ဝ ဆောင်ရမယ်။ ၁ဝ လစာဆိုတော့ ဒေါ်လာ ၅၀၀ဝ ပေါ့။ သူကလဲ ၅၀၀ဝ သယ်လာတော့ အတော်ပဲပေါ့။ ဒါနဲ့ FE bank ကိုသွားတော့ ၅၀၀ဝ အစား အဲဒီထဲက  Service charge ၅% ထပ်ကောက်တယ်တဲ့ခင်ဗျ။ အဲဒီတော့ ၅၀၀ဝ အစိုးရကိုပေးသွင်းရမယ့်အစား ဝန်ဆောင်ကြေးဆိုပြီး ထပ်ဆောင်းပေးရတယ်တဲ့။

ကိုယ်က အခွန်ဆောင်တယ်ဆိုတာတောင် ဆောင်လို့ဆိုပြီးထပ်ကောက်သေးတာ ကောင်းကြသေးရဲ့လားဗျာ။

ဝန်ထမ်းတွေကလဲ အစိုးရကခန့်ထားတာတွေပါ။ ဘယ်သူ့ကို ဝန်ဆောင်ခထပ်ပေးရတယ်ဆိုတာတော့ မရှင်းလင်းပါဘူး။

အဲဒီလိုဆိုရင် ၁၀% အစား ၁၀.၅% ဆောင်နေရသလိုဖြစ်နေတာပေါ့တဲ့။

အဲဒီပိုက်ဆံတွေ ဘယ်ရောက်သွားသလဲဆိုတာတော့ မသိပေမယ့်…

နိုင်ငံခြားတိုင်းပြည်တွေမှာကော သူတို့နိုင်ငံပြင်ပ (နိုင်ငံခြား)မှာ မိမိလုပ်အားနဲ့ သမာအာဇီဝ အလုပ်လုပ်ကိုင်နေခဲ့တဲ့ သူတွေတိုင်းကိုယ့်နိုင်ငံပြန်ပြီး အခွန်ပေးဆောင်ရသလားဆိုတာ… ပြောပြကြပါဦး။

 

 

11 comments

  • nigimi77

    May 19, 2011 at 12:15 pm

    သေချာတာတော့ ကျုပ်ဟိုမှာ ရှိတုန်းက အဲဒီနိုင်ငံအစိုးရကို အခွန်ဆောင်ရပါတယ်။

    ဒါက သူတို ့နိုင်ငံမှာ အလုပ်လုပ်နေတော့ ဝင်ငွေခွန်ပေါ့။ သဘာဝကျပါတယ်။

    သို ့သော်လည်း အဲဒီနိုင်ငံမှာ အလုပ်လုပ်ပြီး ကိုယ့်နိုင်ငံရဲ ့ သံရုံးမှာ အခွန်ဆောင်ရတာ ကမ္ဘာမှ မြန်မာနိုင်ငံ

    သာ ရှိမယ်လို ့ထင်ပါတယ်။

  • intro

    May 19, 2011 at 1:35 pm

    ကဲ… သင်္ဘောလိုက်ပြီး အခွန်မဆောင်ရင် ဘာဖြစ်မတုန်း… တကယ် မသိလို့ပါ…

  • fatty

    May 19, 2011 at 3:34 pm

    အဲလိုအခွန်ဆောင်ရတာ မြန်မာပြည်ဘဲရှိမယ်ဆိုတာ ဟုတ်မယ်ထင်ပါတယ် ..။
    အခွန်ဆောင်တယ်ဆိုတာ အစိုးရကိုပေးရတာပါ။ ဘဏ်ကဘဲတဆင့်ပေးနိုင်တာမို့ ဘဏ်က ဝန်ဆောင်ခယူတာပါ။ ဘဏ်မှာ ပိုက်ဆံအပ်ရင် အတိုးပေးရပါတယ် ..။ အဲဒိအတိုးပေးဖို့ ဝန်ဆောင်ခယူတဲ့
    စီးပွါးရေးနဲ့ … အပ်တဲ့ငွေရဲ့ အချို့သော ရာခိုင်နှုန်းကို စီးပွါးရေးလုပ်ငန်းရှင်တွေကိုပြန်ပြီး အတိုးနဲ့ချေးပါတယ်။
    ငွေလာအပ်သူကို ၂ ကျပ် တိုးပေးရင် … စီးပွါးရေးလုပ်ငန်းရှင်တွေကို ၃ ကျပ် ၄ ကျပ် တိုးယူပါတယ် .. ဥပမာပြောတာပေါ့ ..။

    သဘောင်္လိုက်ပြီး အခွန်မဆောင်ရင် ငွေမဲဖြစ်ပါမယ် ..။ UN ဝန်ထမ်းမျာသာ အခွန်ကင်းလွတ်ခွင့်ရှိပါတယ်။
    ဒါတောင် ၁၉၈၈ နောက်ပိုင်းထိ UN ဝန်ထမ်းတွေကို အခွန်ကောက်ပါသေးတယ်။ နောက်မှ ဝန်ထမ်းတွေ
    fight ယူလို့ ( UN law အရ ) မကောက်တော့တာပါ။ အဲဒီတုန်းက ဆလွန်းကားကအစ ကိုယ့်ငွေနဲ့ကို တင်
    သွင်းခွင့်ရလို့ အသဲအသန်ဆောင်ကြရပါတယ် ..။

  • paukpauk

    May 19, 2011 at 4:10 pm

    အော် ဘိန်းကုန်သည်ဟောင်းတွေကတော့ ငွေဖြူဖြစ်တယ်ပေါ့။
    သူတို့လာကတည်းက အိမ်ခြံဈေးတွေ တောက်လျှောက်တက်သွားတာ သတိထားမိတယ်။
    အားလုံးလိုလိုပါပဲ..။

  • fatty

    May 20, 2011 at 3:17 am

    ဘိန်းကုန်သည် အဟောင်းရောအသစ်ရော ငွေဖြူဖြစ်ပါတယ် သူတို့လဲ အခွန်ဆောင်ရပါတယ် ..။
    ဒါမေမဲ့ ဘဏ်က နေတဆင့်တော့မဟုတ်ဘူးပေါ့ …။ သဘောင်္လိုက်မဲ့အစား အဲဒါလုပ်ပါလား …..။

  • zawinaing

    May 20, 2011 at 4:41 am

    မြန်မာပြည်က FE Bank ၂ ခုစလုံးမှာ ဘာအတိုးမှမပေးပါ….

    ဝန်ဆောင်ခကတော့ယူတယ် ဒီကြားထဲ 0.3 ဆိုရင်လဲ 1 FEC ယူသေး ။
    ဘယ်လောက်တွက်ချေကိုက်လည်းဆိုတာ….. ဒါတောင် under table တွေကယူသေးတယ်………

  • zawinaing

    May 20, 2011 at 4:42 am

    မြန်မာပြည်က FE Bank ၂ ခုစလုံးမှာ ဘာအတိုးမှမပေးပါ….

    ဝန်ဆောင်ခကတော့ယူတယ် ဒီကြားထဲ 0.3 ဆိုရင်လဲ 1 FEC ယူသေး ။
    ဘယ်လောက်တွက်ချေကိုက်လည်းဆိုတာ….. ဒါတောင် under table တွေမပါသေးဘူး ………

  • susunosuki

    May 20, 2011 at 5:47 am

    ဝန်ကြီးကတော့ ပြောပါတယ်။ ခြစားတယ်ဆိုတာ ချက်ခြင်းမထူးနိုင်တဲ့ ကိစ္စလို့။ တဖြေးဖြေးခြင်းပြောင်းယူရမယ်တဲ့။ လောလောဆယ်သတိပေးနေတယ်တဲ့။ နောက်တဖြည်းဖြည်း လူစားလဲမယ်လို့ပြောသွားပါတယ်။

  • Ko Ko Aung

    May 20, 2011 at 7:55 am

    သူအရင် အလဲခံလိုက်ရဘို့ များပါတယ်။

  • zawinaing

    May 20, 2011 at 5:12 pm

    လူစားလဲမှာလာ လူလဲစားမှာလား… ?????????

  • Foreign Resident

    May 21, 2011 at 4:13 am

    “သင်္ဘောလိုက်ပြီး ပြန်လာတော့ အခွန်ဆောင်”

    For your information
    Other foreign countries, Seaman does not need to pay tax.
    Because, according to “international taxation practice”,
    you need to pay tax only to the country you worked.

    Then, seaman (mainly & only) works in international water &
    no country own or govern this international water &
    so, he don’t need to pay tax to any government.

    Likewise, A person, working in Singapore,
    need to pay tax to Singapore government only.
    They really don’t need to pay tax to Burmese Government,
    ( if follow according to recent international laws )

    But, stupid Burmese government never follow international laws &
    Then, Burmese people working in Singapore
    need to pay double taxation.
    ( both Singapore & Burmese Government )
    Burmese seaman needs to pay tax while other foreign seaman don’t.

    Greedy & Brutal Burmese Government &
    What a poor Burmese people.

Leave a Reply