မယုံသော်ရှိ ယုံသော်ရှိ

ဆူးMay 19, 20111min19911

ဘေးအိမ်က တချိန်က ညည တံခါးခေါက်ခံရတယ် နောက်ပိုင်း ဆရာ တယောက် လာပြီး ကူညီ ဖြေရှင်းပေးတဲ့ အတွက် ပြသနာ တခု အဆင်ပြေသွားခဲ့တယ်။ နောက်တော့ လူကြီးများ မေးမြန်းကြည့်တယ် ဒီဆရာကို ဘယ်လို နည်းနဲ့ သိခဲ့တာလည်း သူနဲ့ ပတ်သတ်တဲ့ ထူးခြားတဲ့ သိတာလေးတွေ ရှိရင် ပြောပါဆိုပြီး လူကြီး တယောက်ကို မေးခဲ့တယ်။

သူရဲ့ ပြောကြားချက်အရ ဆိုရင်တော့.. တချိန်က မြန်မာနိုင်ငံကို အင်္ဂလိပ် အုပ်ချုပ်ခဲ့ပြီး နောက်ပိုင်း ဂျပန် ဝင်တော့ ကင်ပေတိုင် စနစ်နဲ့ အုပ်ချုပ်မှုတွေ ရှိခဲ့တာ ကြားဖူးပါတယ်။ ကင်ပေတိုင် စခန်း လုပ်ပြီး လူတွေကို နိပ်စက်ဖို့ သိမ်းပိုက်ခံရတဲ့ အိမ် အကြောင်း ပြောပြပါတယ်။ အင်္ဂလိပ်ခေတ်တုန်းကတော့ ထိုမိသားစုက သိပ်ချမ်းသားတဲ့ လူတွေ ဖြစ်ကြပြီးတော့ စစ်ဘေးကြောင့် အိုးအိမ်ကို စွန့်ခွာ ထွက်သွားချိန်မှာတော့ အဆင်ပြေသလို ကြုံတဲ့ လူတွေ နေထိုင်ကြတာလည်း ရှိပါတယ်။ အိမ်ကြီး အိမ်ကောင်း ဆိုတော့ ဂျပန် ဝင်တဲ့ အချိန်မှာ ထို အိမ်ကို စခန်းလုပ်ပြီး နေကြပါတယ်။ ကင်ပေတိုင် စခန်း နိပ်စက်တဲ့ နေရာ လုပ်ခဲ့ပြီး နာကျင်မှုတွေ ခံစားနေရတဲ့ အသံကလည်း ဆူညံနေပါတယ်။ ထိုနေရာမှာပဲ သေသွားတဲ့ လူတွေ မနည်းပါဘူး။ နောက်ပိုင်း ဂျပန်တွေ ထွက်သွားချိန်မှာတော့ အိမ်ကလေး က တိတ်ဆိတ်ပြီး အင်္ဂလိပ်တွေ ပြန်ပြီး လာတော့ အရင်မိသားစု လည်း ထွက်ပြေးရာကနေ ပြန်ပြီးတော့ သူတို့ အိမ်ယာ မှာ နေဖို့ ပြန်လာကြပါတယ်။ အရင်လို မိသားစု သိပ်မချမ်းသာတော့ပါဘူး ဟိုပြေး ဒီပြေးနဲ့ ရှိတာလေးတွေလည်း ကုန်တဲ့ ဘဝ ဖြစ်နေကြပါပြီ။ ဆင်းရဲတဲ့ ဘဝဆိုတော့ ရွေးချယ်စရာ သိပ်မရှိပါဘူး။ ရှိတဲ့ နေရာမှာ ဖြစ်သလို နေဖို့ပဲ ရှိပါတော့တယ်။ မိသားစု လိုက် ပြန်ပြေးလာကြတော့ အိမ်က အရင်လို မဟုတ်တော့ပါဘူး။ ညနေစောင်းရင် အော်သံလိုလို ဆူညံသံလိုလို နဲ့ ကြားတော့ ရုတ်တရက် ကြားခါစမှာ မိသားစုဝင်တွေ အိမ်ပေါ်က ဆင်းပြေးပါတယ် နောက်ပိုင်း တော့ ကြားနေကြလို ဖြစ်ပြီး မသိချင်ယောင်ဆောင်နေလိုက်ပြန်ပါတယ်။ ဒီလိုနေတတ်သွားတော့ နောက်ထပ် တမျိး ပြသနာ ထပ်အရှာခံရပြန်ပါတယ်။ ညည အိပ်နေရင် ခြင်ထောင်တွေ ဘယ်သူ ဆွဲဖြုတ်မှန်း မသိပဲ ဆွဲဖြုတ်ခံရပါတယ်။ မနက်လင်းတော့ တအိမ်လုံး ရွံ့ခြေရာတွေကြီးပဲ ဖြစ်နေပါတယ်။ ခြေရာ အစ ဘယ်ကလဲ ကြည့်တော့ အိမ်ရဲ့ တနေရာမှာ ကြမ်းခင်းနေရာမှာ အပေါက် တခု ရှိပါတယ်။ နယ်က အိမ်တွေက ခြေတံရှည် အိမ်တွေ ဆောက်ကြသလို ကွမ်းတို့ တံတွေးတို့ ထွေးချင်ရင် လွယ်ကူအောင် ကြမ်းကို ဖောက်ထားတတ်ကြတယ်။ ထို ကြမ်းဖောက်ထားတဲ့ အပေါက်ကလေးကနေ စပြီး လာတဲ့ ခြေရာ ဖြစ်နေပါတယ်။ နီးစပ်ရာ ဆရာတွေကို ပြကြည့်မေးကြည့်တော့ ဒီ အပေါက်ကလေးကို ပိတ်လိုက်ရင် ငြိမ်သွားမယ် ခြင်ထောင်တွေ လာမဖြုတ်တော့ဘူး အကြံပေးတာနဲ့ အပေါက်ကို ညနေ မစောင်းခင် သစ်သားပြား တခြပ် ယူပြီး သံရိုက် ပြီး ပိတ်လိုက်ပါတယ်။ ည ရောက်တော့ လာပြန်တယ် ခြင်ထောင်တွေ ဆွဲဖြုတ်ခံရပြန်တယ်။ အပေါက်ကနေ တက်လာတဲ့ ရွံ့ခြေရာကိုလည်း တွေ့ပါတယ် သံရိုက်ထားတာလည်း ပွင့်နေပြန်ပါတယ်။ ဒီလိုနဲ့ သံရိုက်ပြီး အပေါ်က လေးတာတွေ ထပ်တင်ထားတယ် မရဘူး စိတ်ညစ်နေတဲ့ အချိန်မှာ လူတယောက်ရဲ့ သတင်းပေး ညွန်ကြားချက်နဲ့ ထိုဆရာကို ပင့်ပြီး အိမ်ရှင်းခိုင်းပါတယ်။ အိမ်ရှင်းပေးတဲ့ အခါမှာတော့ အစအနလေးတွေ ထွက်လာပါတယ်။ ကင်ပေတိုင် နိပ်စက်ခံရပြီး သေတဲ့ လူ တယောက် ဖြစ်နေပါတယ်။ ထိုလူရဲ့ ခြေထောက်နဲ့ လက်တွေကို အိမ်ရဲ့ ထောင့်လေးထောင့်မှာ မြုပ်ထားပြီး ခေါင်းကိုတော့ အပေါက်တည့်တည့်က နေရာမှာ မြုပ်ထားပါတယ် ဒါကြောင့် မကျွှတ်မလွတ်ဖြစ်ပြီး နှောက်ယှက်နေတာ ဖြစ်ပါတယ်။ ဒီလိုနဲ့.. ရှာတွေ့လို့ ရှင်းလင်း အပြီးနောက် ပိုင်းရက်တွေမှာ အနှောက်အယှက်ကင်းကင်းနဲ့ ထိုမိသားစု အေးအေးချမ်းချမ်း နေထိုင်နိုင်သွားလေ သတည်းပေါ့ကွယ်။

11 comments

  • kopauk mandalay

    May 19, 2011 at 4:30 pm

    ကျနော်တို့ ငယ်ငယ်ကလဲ အရပ်ထဲက အိမ်တစ်အိမ်ကို မြေမသန့်ဘူး လာဘ်ပိတ်နေတယ်လို့ အထက်လမ်းဆရာတစ်ယောက်က ပြောတာနဲ့ အိမ်ကမြေကြီးကို ငါးပေအနက်ထိတူးလိုက်တော့
    အရုးိစု တစ်စုထွက်လာတယ်
    သူ့ဘေးနား မှာဘူးလေးတစ်လုံး။
    အဲဒီအရုးိစုကိုလဲ ယူပြီး လွှင့်ပစ်ပြီးရော သူတို့အိမ်လဲ လာဘ်ပွင့်သွားပါတယ်။
    ညီအမ အပျိုကြိးနှစ်ယောက် အိမ်ထောင်ကျသွားပါလေရော။
    အတည်ပြောတာ ပစ္စည်းသက်သေ လူသက်သေရှိတယ်

  • nature

    May 19, 2011 at 5:00 pm

    အဲဒီလိုမျိုးဖြစ်နေရင်တော့ဗုဒ္ဓဘာသာအယူအဆအတိုင်း ဘုန်းကြီးပင့် မေတ္တာသုတ်ရွတ် ကမ္မဝါဖတ်လိုက်ပါ၊ အဆင်ပြေသွားပါလိမ့်မယ်။

  • တညင်သား

    May 19, 2011 at 6:58 pm

    ကျွန်တော်တို့အိမ်လဲ အဲဒီလို အိမ်မှာ အပေါက်ရှိတယ် အမြင့်ကြီးတော့ မဟုတ်ဘူး အောက်မှာ အမိုက်တောင်းထားတာလေ…….အမိုက်သိမ်းတဲ့ဂေါ်ပြားမပေါ်ခင်က တအိမ်လုံးရှိတဲ့အမိူက်တွေအပေါက်ထဲက လှဲချတဲ့နေရာပေါ့ညဘက်ဆို အဲဒီအပေါက်ပိတ်ပြီးမှ အိပ်တယ် ကြောက်လို့….အိပ်နေတုန်း ခြင်တောင်ကြိုး ပြုတ်နေတာ ခဏခဏကြုံရတယ် ဘယ်သူဖြုတ်မှန်းလဲမသိဘူး..ကြောက်တာပေါ့နော် .. ခုတော့ အဆင်ပြေသွားပါပြီ.. မိသားစုခြင်ထောင် အကြီးကြီး ထဲမှာ တယောက်ထဲအိပ်ရတာဆိုတော့…………ဟီးးးးး.း)

  • bigcat

    May 20, 2011 at 3:31 am

    သရဲရေ ရုပ်ဝါဒီသဂျီးကို ယုံသွားအောင် ညဖက်ကျရင် ကုတင်ပေါ်က ဆွဲချပါဗျို့…

  • nagargyi

    May 20, 2011 at 4:14 am

    သရဲဆိုတာ ဗုဒ္ဓဘာသာအရတော့ (၃၁)ဘုံမှာပါတဲ့ ပြိဿ ဆိုတာ လူတိုင်းသိကြ ပါတယ်။
    အဲဒီ သရဲ၊ ပြိဿကို မွေးထားလို့လည်း ရတယ်လို့ သိရတယ်။ ဒါကတော့ ပညာရပ်ဆိုင်ရာ ဖြစ်ပါတယ်။ အဲဒီ ပညာတတ်ရင် မီလျှံနာ၊ ဘီလျှံနာ ဖြစ်ပြီပေါ့။ သူတို့တွေက ဘာလို့ လူသိအောင် မလုပ်တာ လဲလို့ မမေးပါနဲ့။ ကျွန်တော်လည်း မဖြေတတ် ပါဘူး။ ဘယ်အဖွဲ့အစည်းမဆို သူ့စည်းကမ်းနဲ့သူ ရှိကြပါတယ်။ သူတို့မှာလည်း သူတို့ရဲ့ အဖွဲ့စည်းကမ်း ရှိပါလိမ့်မယ်။ နောက်ပြီး သူတို့မှာ အထက်ဂိုဏ်း၊ အောက်ဂိုဏ်း ဆိုတာလည်း ရှိတယ်လို့ သိရတယ်။

  • ဆူး

    May 20, 2011 at 7:08 am

    ရွှေရင်ကျော် ဂိုဏ်း နဲ့ ပတ်သတ်တဲ့ အကြောင်း အွန်လိုင်းမှာ တခါ ဖတ်ဖူးတယ်။
    အခုတော့ အဲဒီ ဆိုက်က ပိတ်သွားပြီ။ သူစည်းကမ်းတွေ ဘာညာကွိကွ ရှိတယ်။

  • hmee

    May 20, 2011 at 11:31 am

    အင်း….အဲ့ဒီလိုအိမ်မှာသာနေရရင် တရက်နဲ့ အသက်ထွက်မှာ ကြောက်လွန်းလို့။

  • ဆူး

    May 20, 2011 at 4:29 pm

    ယုံသော်ရှိ မယုံသော်ရှိ ဆိုတာကို မတလုံး နေရာ ရွှေ့လိုက်တယ်။

    • kai

      May 21, 2011 at 5:25 am

      အဲဒီလိုလုပ်လိုက်တော့..
      လုံးလည်နဲ့..ချာလည်မှာ..ချာလည်က..လုံးပြီး..ချားလိုလည်လိုက်သွားတာပဲ..။
      ချာလပတ်ကြီးပေါ့…။

      ကောင်းပါလေ့..။ 🙂

  • mgbahlaing

    May 21, 2011 at 8:00 am

    ဒါမျိုးတွေက မယုံလို ့မရဘူး ဦးခိုင်..နောက်မှ ကျွန်တော့်ကိုယ်တွေ ့လေးတွေ
    ရေးတင်ဦးမယ်။ ချာလပတ်တင်မကဘူး ဝလချည်းလည်ခဲ့ရတဲ့အကြောင်းတွေပေါ့။ 🙂

  • char too lan

    May 21, 2011 at 2:05 pm

    မှော်ဘီ ကုလားကြီးကုန်းက ရာဇိန်ရာမကျောင်းမှာလဲ ရှိတယ်
    ကိုယ့်ကိုယ်ကို မနဲသယ်နေရတဲ့ဘုန်ကြီးအိုကြီးတစ်ယောက်ရှိတယ်
    မနက်ပိုင်ကျရင် ဘာစကားမှမပြောဘူး လေဖြတ်ထားလို့ တရွေ ့တရွေ ့နဲ့ မနဲသွားရတာ ကျနော်တို့က Robotဦးဇင်းလို့ခေါ်ကြတယ် ညအိပ်တော့ ထထအော်ရင်အသံကြီးက တော်တော်ကြောက်စရာကောင်းတယ် ပီးရင်ရုန်းကန်နေတာ ကြမ်းပြင်တွေတောင် တဒုန်းဒုန်းနဲ့ မြည်တယ် မနက်မေးကြည့် သူဘာမှမသိဘူး အဲ့ဒါနေ့တိုင်းနီးပါးပဲ ပီးရင် ကိုရင်တွေရဲ ့ ခေါင်းအုံးတွေလဲ ခြင်တောင်အပြင်မှာပုံပုံနေတတ်တယ် ကျနော်အကိုတောင် ရရက်ပြည့်ပီး နောက်နေ့မနက်မှာထွက်တော့မှာ ညဘက်ကြီး အပြင်ခေါ်ပီး နပန်းသတ်ခိုင်း နေသေးတာ အကိုကအော်ဟစ်ပီးလန့်နိုးတော့ တစ်ကိုယ်လုံးနုံးချိပီး ချွေးတွေကိုရွဲနေတာပဲ တော်တော်လန့်ခဲ့တာ အိမ်လဲရောက်ရောဖျားရောပဲ 🙂 🙂

Leave a Reply