မင်္ဂလာရှိသော မြန်မာသက္ကရဇ် ၁၃၇၃ ခုနှစ်မှာ ဂေဇက်မှသူကြီးနှင့်တကွ ရွာသူရွာသားအပေါင်းမင်္ဂလာအပေါင်းနဲ့ပြည်စုံကြပါစေ။

ကျနော်ဂေဇက်မှာ ပိုစ့်မရေးဖြစ်တာကြာပါပီ။ယခုရေးမယ့်အကြောင်းအရာလေးဟာ ပြည်တွင်း၊ပြည်ပမှာရှိနေကြတဲ့ ညီငယ်၊ညီမငယ်လေးများအတွက်ရည်ရွယ်ပါတယ်။အထူးသဖြင့် စိတ်ဓါတ်ကျပီးမိမိကိုမိမိအားမလို အားမရဖြစ်နေကြတဲ့သူများတွက်ရည်ရွယ်ပါတယ်။

ကျနော်ဟာမည်သူ့ကိုမှ ဆရာလုပ်လိုစိတ်လည်းမရှိပါ။မိမိကိုယ်တိုင်ဖြတ်သန်းလာခဲ့သောဘ၀နဲ့ အတွေအကြုံလေးတွေ လက်ဆင့်ကမ်းပေးလိုတဲ့သဘောပဲရှိပါတယ်။လာမည့် စက်တင်ဘာလမှာ ကျနော်အသက်(၄၀)ပြည့်ပါတော့မယ်။ကျနော်အသက်(၁၉)အရွယ်မှစ၍ အနှစ်(၂၀)အတွင်းကြုံတွေ့သမျှ ဗဟုသုတလေးများကို လူငယ်များအတွက်မက်ဆေ့လေးတစ်ခုအဖြစ်ပေးပို့လိုက်တာဖြစ်ပါတယ်။

ယနေ့လူငယ်လေးများ၊များသောအားဖြင့်မိမိရောက်ရှိနေတဲ့ ဘ၀အပေါ် အားမရ၊အားမရှိဖြစ်နေကြတာကို ကျနော်ပတ်ဝန်းကျင်မှာရော၊ပြည်တွင်းမှာရှိနေတဲ့ သူတွေရော အွန်လိုင်း စာမျက်နှာပေါ်က အရေးအသားတွေ၊ကဗျာလေးကတဆင့်သိလာရပါတယ်။ဒါကြောင့် စာလေးနည်းနည်းလောက်ရေးချင်တဲ့စိတ်များပေါ်လာခဲ့ပါတယ်။တစ်ချို့က ငါကဘွဲ့လည်းမရ၊စာလည်းမတတ်ဟု မိမိကိုယ်မိမိ အားငယ်သိမ်ငယ်နေကြပါတယ်။

ဘ၀မှာ အောင်မြင်ဖို့(သို့)ချမ်းသာဖို့အတွက် ကံ၊ဥာဏ်၊လုံးလ၊၀ီရိယ၊ဇွဲ  ဆိုတဲ့ အခြေခံကုန်ကြမ်းတွေကို အချိုးညီစွာနဲ့ အသုံးချတတ်ဖို့ပဲလိုပါတယ်။

ငါကပညာလည်းမတတ်၊အရင်းနှီးလည်းမရှိဘူးဆြိုပီး၊ စိတ်ပျက်အားငယ်နေမဲ့အစား၊ငါဘယ်လို ဒီဘ၀ကနေရုန်းထွက်မလဲဆိုတာ အရင်ဆုံးစဉ်းစားပါ။အမေရိကန်သမတကြီးလင်ကွန်းဟာ မဟာသိပ္ပံဘွဲ့ရ ပုဂ္ဂိုလ်ကြီးမဟုတ်ပါ။ယနေ့ကမ္ဘာပေါ်မှာချမ်းသာနေသော သန်းကြွယ်သူဠေးကြီးများအားလုံးဟာလည်း ဘွဲ့ရပညာတတ်ကြီးတွေပဲမဟုတ်ပါ။သူတို့ဟာ အသုံးချနည်းပညာတွေနဲ့ ဇွဲ၊လုံ့လ၊၀ီရိယ အားတွေကိုအသုံးပြုပြီး တိုးတက်ကြီးပွါးချမ်းသာလာကြတာပါ။

ဒီနေရာမှာ ကျနော့်ရဲ့ အတွေ့အကြုံလေး စပါမယ်။ လွန်ခဲ့သော အနှစ်(၂၀)လောက်က ကျနော် (၁၉)နှစ်သားအရွယ်မှာ မိဘများကောင်းမူနဲ့ နှိင်ငံခြားမှာ သင်္ဘောသွားတက်မယ့် အချိန်၊ကျနော်တို့အိမ်ရဲ့ မျက်စောင်းထိုးလောက်မှာ ကားဝက်ရှော့လေးတစ်ခုရှိပါတယ်။အဲဒီမှာ အသက်(၁၃)နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ အလုပ်သင်အနေနဲ့ တောက်တိုမယ်ရ လုပ်ပေးနေရသူလေးတစ်ယောက်ပါ။ထိုဝက်ရှော့ဆိုင်ရှင်အပြင် အားလုံးရဲ့ခိုင်းဘက်လေးပါ။အဲဒီလိုနဲ့ ကျနော်လည်း နှိင်းငံခြားရောက် စင်္ကာပူမှ သင်္ဘောတက်၊အပျော်ကြီးပျော်၍ ဂုဏ်ယူနေချိန်ပါ။အဲဒီထဲမှာ ကျနော့်အစွမ်းအစဘာမှမပါသေးပါဘူး၊မိဘကပိုက်ဆံထုတ်ပေး၊စင်္ကာပူမှာရှိနေတဲ့ဦးလေးက သင်္ဘောပေါ်တင်ပေးလိုက်လို့ သကောင့်သားလွယ်လွယ်ကူကူသင်္ဘောပေါ်သို့ရောက်သွားပါတော့တယ်။အဲဒီလိုနဲ့ပဲ သင်္ဘောပေါ်ကနေ ဆင်းလိုက်တက်လိုက် အပျော်ကြီးပျော်ပီး အချိန်တွေကုန်ဆုံးသွားခဲ့ အသက်တွေကြီးသွားတာကိုမေ့လို့နေပါတော့တယ်။(၅)နှစ်လောက်ကြာတော့ အခွန်တောင်မကျေသေးပဲ ပြည်တော်ပြန်ရောက်လာပါတော့တယ်။

အဲ..ဒါပေမယ့်…ကျနော်ဇတ်လိုက်..၀က်ရှော့က အလုပ်သမားလေးက ဆရာအဆင့်နီပါးရောက်ရှိနေပါပီ။သူ့ရဲ့ ဆိုင်ရှင်ကမျက်နှာလွဲထားလို့ရနေပါပီ။အဲဒီလို့နဲ့ ကျနော်လည်း လေးငါးခြောက်လကြာတော့ အမေ့ဆီက ရှိတာလေးတွေရောင်းပီး နောက်ထက်တစ်ကြိမ်ရွက်လွင့်ဖို့ ရွေပြည်တော်ကြီးမှပြမ်လည်ထွက်ခွါလာပါတော့တယ်။

အဲဒီလိုနဲ့ နောက်ထပ်(၅)နှစ်ပြည့်ပြန်တော့၊ပြည်တော်ပြန်ရပြန်သပေါ့။။။ပါလာတာလေးနဲ့ တိုက်ခန်းဝယ်၊ကားလေးဝယ် ပြီးတော့ ရှာပုံတောထွက်ပါတော့တယ်။ထိုလူငယ်လေးကတော့ ကိုယ်ပိုင်ဝက်ရှော့လေးတစ်ခုကိုပိုင်ဆိုင်နေပါပီ။သူ့ရဲ့ ရိုးသားမူ၊ကြိုးစားမူတွေရဲ့ ရလဒ်ပါ။ထိုနောက် ကျနော်လည်းထုံစံအတိုင်း ပါလာလေးကုန်တော့ ရွှေပြည်တော်ကြီးမှ တတိယံပိ ပြန်လည်ထွက်ခွါလာပါတယ်။

နောက်ထပ်ငါးနှစ်ကြာသော်….ထိုသူငယ်မှာ ဇနီး၊သားသမီးများနှင့်အတူ ကိုယ်ပိုင်အိမ်၊ကိုယ်ပိုင်လုပ်ငန်း ကားနှစ်စီး အလုပ်သမားများနှင့်အောင်မြင်စွာတွေ့ရပါတော့သည်။

ထို့အတူမန္တလေးမှ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်သည်လည်း တစ်ချိန်က ကွမ်းယာရောင်းခဲ့ဘူးသူဖြစ်ကြောင်း သူ့ဘ၀ကို သူနှင့်တွေသူတိုင်းကိုပြန်ပြောပြလေ့ရှိပါတယ်။သူ၏ဘ၀ အဆင့်ဆင့်ဖြတ်သန်းလာရပုံကိုလည်း သူ၏ဆိုင်များတွင် အမှတ်တရဓါတ်ပုံများချိတ်ဆွဲထားပါတယ်။

ဒါကြောင့် စိတ်ဓါတ်ကျပြီး အားငယ်နေမယ့်သူများ မိမိတို့၏ဘ၀အတွက် တိုက်ပွဲဝင်ဖို့ ခွန်အားတွေကိုမွေးမြူကြပါစို့။

About ခေတ်သစ်ပေါက်ကျိုင်း

zaw min has written 92 post in this Website..