do as i say … not as i do

fattyMay 20, 20111min63

တနေ့ကဘဲ ဘီယာဆိုင်ရှေ့ကဖြတ်သွားတုန်း အသိတယောက်ကလှမ်းခေါ်တာနဲ့ .. မဝင်ချင်ဝင်ချင် ဝင်လိုက်မိပါတော့တယ် ..။
ကျနော် ဘီယာ အရက်ပြင်းတွေရှောင်တာကြာပါပြီ။ အသဲက သိပ်မကောင်းလှလို့ပါ ..။

သူငယ်ချင်းက လက်ရှိ MRTV 3 မှာလုပ်နေတုန်း ..။ မင်းချနေတုန်းဘဲလားကွာဆိုတော့ … တခါတလေပေါ့ကွာတဲ့။
သူ့တခါတလေကြည့်ရတာကလည်း မျက်နှာက ဖေါသွပ်သွပ် …။

စကားစမည်ပြောကြရင်း … တခါက ဆရာကြီးသိပ္ပံမှုးတင်နဲ့ အတူ အရက်သောက်ခြင်းဟာ အသဲကို ဆိုးဝါးစွာထိခိုက်စေတဲ့အကြောင်းလေး
ပညာပေးအစီအစဉ် ရိုက်တုန်းကအဖြစ်လေး သွားသတိရလိုက်ပါတယ် …။

ဟိုတုန်းကတော့မြန်မာ့အသံရဲ့မူက …
ပြန်ကြားပေးရန ်မြန်မာ့အသံ
ဖျော်ဖြေပေးရန ်မြန်မာ့အသံ
ပညာပေးရန ်မြန်မာ့အသံ ….. ဆိုတဲ့မူပါဘဲ ..။ အခုတော့ဘာမူလဲမသိတော့ပါ ..။

အဲဒီမှာတုန်းက ကျနော်အများဆုံးကိုင်တာက ပညာပေးအပိုင်းပါ ..။
ကျန်းမာရေး လူမှုရေး ပညာရေး ဆိုင်ရာတွေရိုက်ကူးတင်ဆက်ရပါတယ် ..။
ပျော်စရာကောင်းတာက ကိုယ်ကြိုက်တဲ့ အကြောင်းအရာကိုယ်ရွေး .. လူကြီးတွေတင်ပြ .. သူတို့က မင်း idea ကောင်းသားဘဲ လုပ်လေ ..
ဆိုရင်ပြီးပြီ ..။

ကျနော်တခါတော့ အရက်ရဲ့ဆိုးကြိုးတွေရိုက်ကူးတင်ပြဖို့ အကြံလေးရမိတယ် ..။
ပထမဆုံးပြင်ဆင်ရတာက … စာအုပ်တွေရှာဖတ်ရပါတယ် ..။ ကိုယ်လိုချင်တဲ့အချက်တွေရပြီဆိုတော့ ရိုက်ကူးဖို့ အစီအစဉ်စဆွဲရပြီပေါ့။
အဲဒီမှာ ဆရာ သိပ္ပံမှုးတင်ဆီမှာ အရက်ကြောင့်သေသွားတဲ့ လူတစ်ယောက်ရဲ့ အသဲ ကိုဆေးစိမ်ထားတာရှိတယ် ဆိုတာသိရလို့ ..
ဆရာကြီးအိမ်သွားပြီး အကျိုးအကြောင်းပြောပြ အကူအညီတောင်းရပါတယ် ..။

ဆရာကြီးကလည်း လူမှုရေးစိတ် ပရဟိတစိတ်အင်မတန်ပြည့်ဝသူမို့ .. အားတက်သရောကူညီပါတယ် ..။
သူပြောပြတာနဲ့တင် စာမူရေးဖို့အတော်လုံလောက်သွားပါပြီ ..။

ဒါနဲ့ အရက်မကောင်းကြောင်း အရက်ဖြတ်နေသူများ ဆေးရုံသွားရိုက် …။ အသဲကင်ဆာဖြစ်နေသူတွေသွားရိုက် ..။
အသဲရဲ့လုပ်ဆောင်ချက်တွေရှင်းပြနိ