ရွာသားများအတွက် သတင်းကောင်း
ရွာသားများအတွက် ကျွန်တော်စုံစမ်းလို့ရသမျှ လက်တို့လိုက်ပါအုံးမယ်။ တစ်ရက်က အင်တာနက်ဂျာနယ်မှာ McWill ကို မန္တလေးမှာ one stop service ရတယ်ကြားလို့ စိတ်ဝင်စားတာနဲ့ စုံစမ်းကြည့်လိုက်မိပါတယ်။ McWill ကို တပ်ဆင်မယ်ဆိုရင်
ကနဦး တပ်ဆင်ကအဖြစ် – ၅၀၀၀၀၀/ကျပ်
နှစ်စဉ်ကြေးအဖြစ် – ၆၀၀၀၀/ကျပ် (တစ်နှစ်တစ်ကြိမ် ပေးသွင်းရပါမည်)
User Terminal အဖြစ်
– ePST681 အမျိုးအစား (၁၅၀၀၀၀/ကျပ်)
– CPE628W အမျိုးအစား (၂၈၀၀၀၀/ကျပ်) နှစ်မျိုးမှ ကြိုက်နှစ်သက်ရာ တစ်ခုနဲ့ တွဲဖက်ဝယ်ယူရမည်လို့ သိခဲ့ရပါသည်။
ePSTဆိုတာက အထိုင်ဖုန်းအမျိုးအစားဖြစ်ပြီး၊ Lan Port တစ်ခု၊ USB Port တစ်ခုပါဝင်ပြီး တစ်ချို့အမျိုးအစားများတွင် USB Port တစ်ခုသာပါဝင်သည်ဟုသိရသည်။
Lan Port ပါသည့်စက်များအတွက် ကတော့ Network ကြိုးနှင့် တိုက်ရိုက်သုံးလျှင်ရနိုင်သော်လည်း USB အတွက်ဆိုလျှင်တော့ Driver တင်လိုက်လျှင် နက်အသုံးပြုမည့် ကွန်ပျူတာတွင် Virtual Network Card တစ်ခုပေါ်လာပြီး အသုံးပြုလို့ရပြီဟုသိခဲ့ရသည်။
CPE အမျိုးအစားနဲ့ဆိုလျှင်တော့ Lan Port တစ်ခုနဲ့ WiFi အတွက်လေးလုံး ပေါင်း (၅)လုံး သုံးလို့ရမည်လို့သိခဲ့ရသည်။ Phone အတွက် RJ 11 port တစ်ခုပါဝင်ပြီး ရိုးရိုးကြိုးဖုန်းအထိုင်စက်နှင့် တပ်ဆင်အသုံးပြုလို့ရသည်။
နံပါတ်ကတော့ 010******* (စုစုပေါင် ၁ဝလုံး) ပါဝင်သော ဖုန်းဖြစ်ပါသည်။
အသုံးပြုခအနေနဲ့တော့ Data Service အပေါ်မူတည်ပြီးတော့
128Kbps အတွက်တော့ 2 kyats
256Kbps အတွက်တော့ 3 kyats
512Kbps အတွက်တော့ 6 kyats
1M အတွက်တော့ 8 kyats ဖြစ်ပြီး
Phone အတွက်တော့ ၁ မိနစ်ကို ၅ဝကျပ်ဖြစ်ပါသည်။
McWill ရဲ့ အဓိကအားသာချက်ကတော့ Portable ဖြစ်တာပါဘဲ။McWill ကွန်ယက်ရှိတဲ့ မြို့တိုင်းကို သယ်ဆောင်အသုံးပြုလို့ရနိုင်မှာဖြစ်တယ်လို့သိရပါသည်။ လောလောဆယ်တော့ မြို့ပေါင်းသုံးဆယ်မှာ တပ်ဆင်နေတယ်လို့သိရပါသည်။ ချင်းတွင်းမြစ်တကြောမှာတော့ phone သီးသန့်သာ အသုံးပြုနိုင်သေးသည်ဟုသိရသည်။
ဘာပဲဖြစ်ဖြစ် အင်တာနက်ဆိုင်ကို သွားဖို့အဆင်မပြေတဲ့သူတွေအတွက်တော့ အိမ်မှာတင်ဘဲ စရိတ်နည်းနည်းနဲ့ အင်တာနက်အသုံးပြုလို့ရတဲ့အတွက် ကျွန်တော်ကတော့ တပ်ဖို့စဉ်းစားနေပြီ။
connection ကောင်းမကောင်း သုံးဖူးတဲ့သူများ ပြောပေးကြပါကုန်။
လောလောဆယ်တော့ ပိုက်ဆံစုလိုက်အုံးမယ်။
အင်း လုပ်စားနေတာ တမျိုးပြီးတမျိုးပဲ … ။ McWill တွေ စပေါ်ခါစက အင်တာနက်ပဲ သုံးလို့ ရတယ် ဖုန်းခေါ်လျှင် အဆင်မပြေဘူးလို့ McWill ဝယ်လာတဲ့ သူငယ်ချင်းက ပြောဖူးတယ် … ။ အခုတော့ ဘယ်လိုနေမလဲ မသိဘူး ။
Was this answer helpful?
LikeDislikeမြန်မာနိုင်ငံမှာ လိုင်းစုံတယ်
ဗဟုသုတစုံတာပေ့ါ
Was this answer helpful?
LikeDislikeတိုးတက်တာတော.ကောင်းပါတယ်
ရေရှည်ကြည်.ပြီးလုပ်တာပိုကောင်းပါလိမ်.မယ်
သူများတွေရှေ.ကပြေးနေရင် နောက်ကနေ မနားတမ်းအမှီလိုက်
မှီလည်းမှီရော မောတာနဲ. ဆက်မပြေးနိုင်ရင်
ဘာထူးမှာလည်းဗျာ
Was this answer helpful?
LikeDislikeဖုံးခေါ်ရတာ အဆင်ပြေပါတယ် .. အခုတော့ သွားလျှောက်ရင် ဝန်ဆောင်ခ ၅၀၀ဝကျပ် ဖြစ်သွားပြီ
Was this answer helpful?
LikeDislikeအင်တာနက်လိုင်းလဲ မြန်တယ် … ဒါပေမယ့် အချိန်နဲ့တပြေးညီ ပိုက်ဆံကုန်လွန်းလို့ ….
Was this answer helpful?
LikeDislikeရွေဘိုသားရေ ဘာမှမပူပါနဲ့၊နောက်ကနေပြေးမလိုက်တော့ဘူးတဲ့ ဖင်ကြားမှာ ဒုံးပျံညပ်လိုက်မှာပါတဲ့…
Was this answer helpful?
LikeDislikeပေါလေကောင်းလေ ဖုန်းဈေးပြောတာမဟုတ်ဘူး
ဖုန်းပြောခကိုပြောတာပါ။
Was this answer helpful?
LikeDislikeလစဉ်ကြေး အပြတ်နဲ့က ပို သုံးလို့ အဆင်ပြေတယ်။ မိနစ်တိုင်း ပိုက်ဆံ တက်တာ စိတ်ပျက်စရာ..
Was this answer helpful?
LikeDislikeမြန်မာပြည်ကတော့ အင်တာနက်ကို ဂျင်းသုပ်လုပ်စားသလို အမျိုးမျိုး ရိုက်စားလုပ်နေကြပါတယ်။ ဘယ်လိုင်းမှ ဝန်ဆောင်မှုကောင်းကောင်း မပေးပါ။
Was this answer helpful?
LikeDislikeသူတို့လည်းသူတို့နည်း သူတို့ဟန် နဲ့ လုပ်စားသည် …..
သုံးတဲ့လူများလာရင် သိတဲ့အတိုင်းဘဲလေ ….
ဒေါင်းလုပ်ဆွဲရင် တစ်ရေးရတယ် ။။။။။
Was this answer helpful?
LikeDislikeစမ်းသုံးစရာ နောက်တစ်မျိုးပေါ ်လာပြီ ပေါ့နော်
Was this answer helpful?
LikeDislikeကော်မန့်တွေမှာ နီစရာအကြောင်းမရှိဘဲ နီနေတဲ့အတွက် အစိမ်းတွေတော့ လိုက်ဖြည့်ပေးထားတယ်။ ဘယ်သူက ဘာကြောင့်လုပ်နေတာလဲ ဆိုတာတော့ မပြောတတ်ဘူး။ ဒို့ရဲ့ ဒီကောမန့်လည်း နီတော့မှာပါ။
Was this answer helpful?
LikeDislike“ကော်မန့်တွေမှာ နီစရာအကြောင်းမရှိဘဲ နီနေတဲ့အတွက် အစိမ်းတွေတော့ လိုက်ဖြည့်ပေးထားတယ်”
yes, I also realized it & I do it like you too ( put positive ).
Was this answer helpful?
LikeDislike