Do as I say … not as I do

fattyMay 20, 20111min17017

တနေ့ကဘဲ ဘီယာဆိုင်ရှေ့ကဖြတ်သွားတုန်း အသိတယောက်ကလှမ်းခေါ်တာနဲ့ .. မဝင်ချင်ဝင်ချင် ဝင်လိုက်မိပါတော့တယ် ..။
ကျနော် ဘီယာ အရက်ပြင်းတွေရှောင်တာကြာပါပြီ။ အသဲက သိပ်မကောင်းလှလို့ပါ ..။

သူငယ်ချင်းက လက်ရှိ MRTV 3 မှာလုပ်နေတုန်း ..။ မင်းချနေတုန်းဘဲလားကွာဆိုတော့ … တခါတလေပေါ့ကွာတဲ့။
သူ့တခါတလေကြည့်ရတာကလည်း မျက်နှာက ဖေါသွပ်သွပ် …။

စကားစမည်ပြောကြရင်း … တခါက ဆရာကြီးသိပ္ပံမှုးတင်နဲ့ အတူ အရက်သောက်ခြင်းဟာ အသဲကို ဆိုးဝါးစွာထိခိုက်စေတဲ့အကြောင်းလေး
ပညာပေးအစီအစဉ် ရိုက်တုန်းကအဖြစ်လေး သွားသတိရလိုက်ပါတယ် …။

ဟိုတုန်းကတော့မြန်မာ့အသံရဲ့မူက …
ပြန်ကြားပေးရန ်မြန်မာ့အသံ
ဖျော်ဖြေပေးရန ်မြန်မာ့အသံ
ပညာပေးရန ်မြန်မာ့အသံ ….. ဆိုတဲ့မူပါဘဲ ..။ အခုတော့ဘာမူလဲမသိတော့ပါ ..။

အဲဒီမှာတုန်းက ကျနော်အများဆုံးကိုင်တာက ပညာပေးအပိုင်းပါ ..။
ကျန်းမာရေး လူမှုရေး ပညာရေး ဆိုင်ရာတွေရိုက်ကူးတင်ဆက်ရပါတယ် ..။
ပျော်စရာကောင်းတာက ကိုယ်ကြိုက်တဲ့ အကြောင်းအရာကိုယ်ရွေး .. လူကြီးတွေတင်ပြ .. သူတို့က မင်း idea ကောင်းသားဘဲ လုပ်လေ ..
ဆိုရင်ပြီးပြီ ..။

ကျနော်တခါတော့ အရက်ရဲ့ဆိုးကြိုးတွေရိုက်ကူးတင်ပြဖို့ အကြံလေးရမိတယ် ..။
ပထမဆုံးပြင်ဆင်ရတာက … စာအုပ်တွေရှာဖတ်ရပါတယ် ..။ ကိုယ်လိုချင်တဲ့အချက်တွေရပြီဆိုတော့ ရိုက်ကူးဖို့ အစီအစဉ်စဆွဲရပြီပေါ့။
အဲဒီမှာ ဆရာ သိပ္ပံမှုးတင်ဆီမှာ အရက်ကြောင့်သေသွားတဲ့ လူတစ်ယောက်ရဲ့ အသဲ ကိုဆေးစိမ်ထားတာရှိတယ် ဆိုတာသိရလို့ ..
ဆရာကြီးအိမ်သွားပြီး အကျိုးအကြောင်းပြောပြ အကူအညီတောင်းရပါတယ် ..။

ဆရာကြီးကလည်း လူမှုရေးစိတ် ပရဟိတစိတ်အင်မတန်ပြည့်ဝသူမို့ .. အားတက်သရောကူညီပါတယ် ..။
သူပြောပြတာနဲ့တင် စာမူရေးဖို့အတော်လုံလောက်သွားပါပြီ ..။

ဒါနဲ့ အရက်မကောင်းကြောင်း အရက်ဖြတ်နေသူများ ဆေးရုံသွားရိုက် …။ အသဲကင်ဆာဖြစ်နေသူတွေသွားရိုက် ..။
အသဲရဲ့လုပ်ဆောင်ချက်တွေရှင်းပြနိုင်ဖို့ ဆရာဝန်တွေနဲ့တွေ့ပေါ့ …။ အချက်အလက်တွေစုဆောင်းတာ အတော်ကိုပြည့်စုံနေပါပြီ။
စာမူရေးရုံဘဲကျန်ပါတော့တယ် ..။

ကျနော်တို့အလုပ်ကလဲတခါတလေတော့အတော်ခွကျလှပါတယ် ..။ တနေ့ကဘဲ ဆေးလိပ်သောက်တာမကောင်းကြောင်းရိုက် ..
စာမူရေး ..။ တခါ ယာဉ်စည်းကမ်းတွေဖေါက်ဖျက်လို့ ယာဉ်တိုက်မှုတွေအကြောင်းရေး …..
တရေးထဲရေးနေရတော့ တခါတခါပျင်းလာတယ် ..။ စိတ်ပါလဲရေး မပါလဲရေး လုပ်နေရတာကိုး ….။

အခုလဲ အရက်အကြောင်း ရိုက်ပြီးကာမှ စာမူရေးရမှာစိတ်မပါဘူးဖြစ်နေပြန်တော့တယ် …။
ကျနော်တို့စာမူတွေရေးတဲ့အခါရုံးကစားပွဲမှာဘဲထိုင်ရေးတဲ့အခါရေး … အိမ်မှာရေးချင်လဲရေးပေါ့ ..။ တခါတလေရုံးရောက်တာနဲ့
လက်ဘက်ရည်ဆိုင် ထိုင်ပြီးရေးရတယ် ..။

စာမူကမနက်ဖန်အသံသွင်းရတော့မယ် … အခုထိတလုံးမှချမရေးရသေးဘူး … မတတ်နိုင်တော့ဘူးမြန်မြန်ပြီးဖို့အရေးကြီးတယ်လေဆိုပြီး
မြေနီကုန်းဘက်ထွက်လာလိုက်တယ် ..။ ရွှေမန်းရုံအောက်မှာလေ .. သိတယ်မို့လား …….။ စာမူလဲပြီးရော နောက်ဆုံးဝီစကီ ၂ ပက်
တခါထဲမော့လိုက်တော့တယ် … အားပါး … အလုပ်ပြီးသွားလို့ စိတ်အတော်ပေါ့သွားလိုက်တာ ………။
not as I do နော် ….။

17 comments

  • bigcat

    May 20, 2011 at 4:43 am

    ဘိန်းဖြူမသုံးဖို့ ပညာပေးဇာတ်လမ်း၊ လိင်အပျော်အပါး ပညာပေးဇာတ်လမ်းတွေတုန်းကရော ဒီလိုပဲလား…

  • fatty

    May 20, 2011 at 4:52 am

    ဟုတ်ပါတယ်။

    • eros

      May 20, 2011 at 5:41 am

      ဟား ဟား ဟား ဦးဖက်ရေ ဦးကြောင်မေးတာက

      ရွှေမန်းရုံအောက်မှာလေ .. သိတယ်မို့လား …….။ စာမူလဲပြီးရော နောက်ဆုံးဝီစကီ ၂ ပက် တခါထဲမော့လိုက်တော့တယ်

      ဆိုတာက အရက်ရဲ့ဆိုးကြိုးတွေရိုက်ကူးတင်ပြတုန်းက ဆိုတော့

      ဘိန်းဖြူမသုံးဖို့ ပညာပေးဇာတ်လမ်း၊ လိင်အပျော်အပါး ပညာပေးဇာတ်လမ်းတွေတုန်းကရော ဒီလိုပဲလား လို့ ဦးကြောင်မေးတာက

      အဲဒီအချိန်မှာရော အရက်တုန်းကလိုပဲ ကိုယ်တိုင် သုံးပြီး စာမူရေး တာလားလို့ ခံစားမိပြီး ရယ်မိကြောင်းပါဗျား။

  • kai

    May 20, 2011 at 9:54 am

    အရက်က..
    မူးပြိးမရမ်းတတ်ရင်.. ဘေးလူတွေလည်းမထိခိုက်ပါဘူး..။
    ကျမ်းမာရေးအတွက်လည်း… (နည်းနည်းဆို) ကောင်းပါတယ်..။
    ပြင်သစ်မှာဆို..ထမင်းစားခါနီးတိုင်း..ဝိုင်သောက်ကြတာ..။ ယူအက်စ်က..ဘိုအိမ်တွေလည်း …တော်တော်များများ ဒီလိုပဲ..။ မိန်းမတွေလည်း..အသားအရေလှတယ်..။ ကင်ဆာကာကွယ်နိုင်တယ်..ဆိုပြီး ချနေကြတာပဲ..။

    ထင်သလောက်မဆိုးပါဘူး..။ မယုံရင်သောက်ကြည့်ကြ..။ 🙂

    • eros

      May 20, 2011 at 10:24 am

      သူကြီး မနက် အိပ်ရာနိုးပြီး ဝူးဝူးဝါးဝါး ရွာထဲဆင်းလာပြီး ဝိုင်သောက်တရား ဟောနေတယ်။ ကျုပ်တို့ဆီမှာတော့ မကြာမတင် beer ချိန်ကျတော့မှာပေါ့ဗျာ။

    • char too lan

      May 21, 2011 at 1:48 pm

      ခုတလောရွာထဲမရောက်တာကြာတော့ သဂျီးမင်းကိုအားကြီးလွမ်းတာ
      အိမ်မက်ထဲလဲပါတယ် အသားမဲမဲ ဗိုက်ရွဲရွဲနဲ့ ပုလင်းဖြူလေးကိုင်ပီး ရွာထဲပတ်ရမ်းကားနေတာ အဲ့လိုလေးမက်တယ် အိမ်မက်ထဲမှာလေ….. 🙂

  • fatty

    May 20, 2011 at 11:10 am

    ရော လာပြန်ပြီတယောက် ….ဒေါက်တာမောင်မောင်ညိုဟာ လိင်ကိစ္စ လက်တွေ့မရှိဘဲ ပညာပေးရေးပါ့မလား …။ ဆရာသော်တာဆွေရဲ့ ဘဝ ဇာတ်ကြောင်းစာအုပ်လဲ တွေ့ရင်ဖတ်ကြည့်စေချင်ပါတယ် ..။ ဖက်တီးတို့က ရွှီးတာမပါ ပါဘူး …။ တကယ် ဟုတ်လို့ဟုတ်တယ်လို့
    ရဲရဲပြောတာပါဗျာ …။

  • paukpauk

    May 20, 2011 at 12:11 pm

    တော်တော်ဟုတ်တဲ့ ကိုဖက်တီး
    ခင်ဗျားတို့အနုပညာ ဆိုတာ
    ပြင်ပြီးညာနေကြတာပဲ
    အဟုတ်မှတ်နေတာ…။

  • bigcat

    May 21, 2011 at 12:05 am

    ဦးဖက်အလုပ်က အနားမယူခင် နောက်ဆုံးရိုက်တဲ့ ပညာပေးဇာတ်လမ်းက လိင်တူဆက်ဆံခြင်းကြောင့် ဖြစ်သောကိုယ်ခံအားကျဆင်းမှုရောဂါလို့ ကြားတယ်။ အဲဒီဇာတ်လမ်းလည်းပီးရော ဦးဖက်လည်းကျန်းမာရေးမကောင်းလို့ ဆေးပင်စင်ယူလိုက်ရတယ်တဲ့။
    ရွာထဲကဆရာဝန်များ၊ ကျန်းမာရေးဗဟုသုတရှိသူများ အေအိုင်ဒီအက်စ်ရောဂါသည် အွန်လိုင်းကနေကူးနိုင်သလားလို့ သိရင်ဖြေပေးကြပါအုံး….

  • king

    May 21, 2011 at 2:00 pm

    ဟေ့
    အနံ့ ပြင်းတယ်ကွ
    နောက်နည်းနည်းဆုတ် ငါက မသောက်တက်တော့ မင်းအနံ့နဲ့တင် မူးချင်နေပြီကွ
    ( * _ ^ )
    😛

  • fatty

    May 21, 2011 at 5:02 pm

    အမေရိကန်ဘက်က ဗိုင်းရပ်စ်တွေ ကမ္ဘာလေစီးကြောင်းအတိုင်း ပါ ပါ လာတယ်လို့ national graphic
    မှာကြည့်လိုက်ရတာဘဲ …။

  • fatty

    May 21, 2011 at 5:03 pm

    national graphic လား national geograph လားတော့မသိဘူး …။

    • kai

      May 22, 2011 at 9:45 am

      National Geographic ဖြစ်ပါလိမ့်မယ်..။
      တကယ်က…
      ကမ္ဘာ့ဂျက်လေစီးကြောင်းက… အနောက်ကနေ..အရှေ ့ကိုရွေ့နေတာပါ..။
      ဆိုတော့…
      အမေရိကားတိုက်အပေါ်ကလေထုဟာ… ရွေ ့မယ့်ရွေ ့.. အရှေ့ဖက်… အတ္တလန်တိတ်..သမုဒ္ဒယာဖြတ်.. ဥရောပဖက်ရောက်မှာပေါ့..။
      ဂျပန်..နူကလီးယားယိုစိမ့်တော့… အမေရိကန်တွေပျာယာခတ်သွားတာလည်း ဒီသဘောပဲ..။ ဂျပန်ကလေထုက.. အချိန်ကြာတာနဲ့အမျှ… အမေရိကားပေါ်ရောက်လာနိုင်တာကိုး..။

      သတိထားစရာက.. အိနိ္ဒယပြည် တောင်ပိုင်းမှာ စက်မူဇုံတွေဆောက်..တိုးတက်လာရင်ပါပဲ..။
      အဲဒီကလေထုဟာ..မြန်မာပြည်အပေါ်ရက်ပိုင်းအတွင်းရောက်လာနိုင်လို့ပါ…။
      ကာဗွန်ဒိုင်အောက်ဆိုက်ရော..။ အဆိပ်ငွေ့ရော..။ မီးခိုးရော… အကုန်ပေါ့..။

      ရှာနိုဘိုင်းလို.. အိနိ္ဒယတောင်ပိုင်းမှာဖြစ်လို့ကတော့.. မြန်မာတွေ သိပ်မချောင်…
      အောက်ကလင့်မှာ ..ဘယ်လောက်အန္တရာယ်ရှိနေသလည်း ကြည့်လေ့လာဖို့ပါ..။
      http://ibnlive.in.com/news/india-nuclear-and-seismological-map/146125-3.html
      http://www.mapsofindia.com/maps/india/nuclearpowerplants.htm

  • MaMa

    May 22, 2011 at 8:53 am

    (ကိုယ်ကြိုက်တဲ့ အကြောင်းအရာကိုယ်ရွေး .. လူကြီးတွေတင်ပြ .. သူတို့က မင်း idea ကောင်းသားဘဲ လုပ်လေ ..
    ဆိုရင်ပြီးပြီ ..။) အဲဒီလို ကိုယ့်စိတ်ကူးနဲ့ တင်ပြရတာလေးကိုတော့ သဘောကျသား။ ဒါမှမဟုတ်ပဲ ခေါင်းစဉ်ပေးတဲ့ အပေါ်လိုက်ရတာဆိုရင် feeling လာပါ့မလား။

  • kopauk mandalay

    May 22, 2011 at 12:02 pm

    မင်း ဒါကို မလုပ်နဲ့
    ဒါဆို ခင်ဗျားကြီးကျတော့ ဘာလို့လုပ်လဲ
    အေး ငါလုပ်ပြီးတာ မကောင်းမှန်းသိလို့ မင်းကိုမလုပ်နဲ့လို့ပြောတာလေ
    အေးလုပ်ချင်တယ်ဆိုလဲ လုပ်ပေ့ါ

  • nature

    May 22, 2011 at 5:14 pm

    ဆရာကတပည့်ကိုဆုံးမတဲ့စကားလေးတခုရှိတယ်၊ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့တဲ့၊ တခါတော့တပည့်ကမှားတော့ ဆရာကတီးမိတော့ တပည့်ကပြောတယ်-ဆရာမှားတော့ဆောရီး တပည့်မှားတော့ဗျောတီးတဲ့။

Leave a Reply