အမေ့အိမ်ကျောင်း (မြောက်ဥက္ကလာ) ဆောက်ရန်အကူညီတောင်းခံခြင်း

Good IdeaMay 20, 20111min794

ကျောင်းအမည်  –  အမေ့အိမ်(ပညာဒါန)
တည်နေရာ       –  အမှတ် (၂၆)၊ မာဃလမ်း၊ (၂)ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

The Compassionate-hand social network ခေါ် ဂရုဏာလက်
လူမှု့အကျိုးပြုလူငယ်များ မြောက်ဥက္ကလာသည် လွန်ခဲ့သော ၄ နှစ် (၂၀၀ရ -၂၀၀၈) ပညာသင်နှစ်မှစ၍ ချို့တဲ့သော မူလတန်း နှင့် အလယ်တန်းကျောင်းသား/သူများကို
အခမဲ့ ပညာသင်ကြားပေးခြင်း၊ အာဟာရတိုက်ကျွေးခြင်း၊
ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း စသည့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်
ဆောင်ရွက်လျက် ရှိပါသည်။

နှစ်စဉ် ကလေးဦးရေမှာ တိုးတက်လျှက်ရှိပြီး ၎င်းပညာသင်နှစ်များတွင် ပညာရည်ထူးချွန်မှု့ ရှိခဲ့ပါသည်။ ကျောင်းသား/သူများအား ဗလာစာအုပ်များ၊ခဲတံများနှင့် အခြားကျောင်းသုံး
စာအုပ်များပါ လိုအပ်သလို ကူညီလျှက်ရှိပါသည်။၊

သည့်အပြင် တစ်လလျှင် ၄ ကြိမ် အဟာရတိုက်ကျွေးလျှက်ရှိပါသည်။  ယခု ၂၀၁၁ ခုနှစ်မှစပြီး “Togetherness” social network ခေါ် “အတူတကွ” အမည်သစ်ဖြင့် ဆက်လက် အခမဲ့ ပညာသင်ကြားပေးလျှက် ရှိပါသည်။

အကူညီတောင်းခံခြင်း

၂၀၀ရ ခုနှစ်တွင် အခမဲ့ သင်တန်းစတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၈ ခု နာဂစ် မုန်တိုင်းကြောင့် စာသင်ကျောင်းပြိုခဲ့သည့်အတွက် ယာယီကျောင်းဆောက်ပြီး သင်ကြားလျှက်ရှိရာ ယခုအခါ စာသင်ကြားနေသော နေအိမ်အဆောက်အဦး မှာကျောင်းသားဦးရေ များများမဆန့်သောကြောင့် အဆောက်အဦးသစ် ဆောက်လုပ်ရန် လိုအပ်နေပါသည်။

ယခု ပညာသင်နှစ် ၂၀၁၁တွင် ကျောင်းသား/သူများ အဆင်ပြေပြေ
သင်ကြားနိူင်ဖို့အတွက် စာသင်ကျောင်းသစ် အမြန်ဆုံးတည်ဆောက်ရန်
လိုအပ်လျှက်ရှိပါသည်။

အမေ့အိမ် ပညာဒါန (အခမဲ့) နွေရာသီကျောင်းပိတ်ရက် သင်ခန်းစာ

(က) နွေရာသီ သုံးလဖြစ်သော မတ်လ၊ ဧပြီလ နှင့် မေလအတွင်း ကျောင်းသား၊
ကျောင်းသူများအား အောက်ပါသင်ခန်းစာများ သင်ကြားလျှက်ရှိပါသည်။

(ခ) ၁၃၊၂၊၂၀၁၁ နေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကျင်းပသော
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားတွင်
ကျောင်းသား၊ ကျောင်းသူ (၄) ဦးက ပန်းချီပြိုင်ပွဲကို ပါဝင်ဆင်နွှဲခဲ့ပြီး
ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ဆွတ်ခူူးရရှိခဲ့သည်။

(ဂ) ၁၁၊ ၂၊ ၂၀၁၁ နေ့တွင် အမေ့အိမ် ပညာဒါန (မ/ဥက္ကလာ)ကျောင်းတွင်
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှင့် မြန်မာနိုင်ငံ ကလေးများနေ့ ကျောင်းသား၊
ကျောင်းသူ လေးများ ပညာရည်တိုးတက်မှု ဉာဏ်စွမ်းပြိုင်ပွဲများ
ကျင်းပခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံတူ ပန်းချီ၊ သင်ရိုးကဗျာရွတ်
သရုပ်ဖော်နှင့် အောင်ဆန်းဇာနည် ကဗျာရွတ်သရုပ်ဖော်
ပြိုင်ပွဲများကျင်းပပြီး ဆုများချီးမြှင့်ခဲ့ပါသည်။

(ဃ) မျိုးဆက်သစ်တို့၏ အနာဂါတ်စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ
ဖွံ့ဖြိုးတိုးတက်မှု အဆင့်ဆင့်ဖြင့် စွမ်းရည်သစ်များ စိတ်ကူးဉာဏ်များကို
ပြုစုပျိုးထောင်ပေးလျှက်ရှိပါသည်။

(င) ကျောင်းသား၊ သူလေးများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေးအပြင်
တီထွင် ဖန်တီးတတ်မှု၊ ပေါင်းသင်းဆက်ဆံတတ်မှု၊ လေ့လာမှတ်သားတတ်မှု၊
မှတ်ဉာဏ်နှင့် သိနားလည်မှု စွမ်းရည်တို့အပြင် ဘာသာစကားစွမ်းရည်
တိုးတက်စေရန် (Summer Classes) နွေရာသီအားလပ်ရက် သင်ခန်းစာများ
ပို့ချပေးပါသည်။

(စ) အခြေခံ အင်္ဂလိပ်ဘာသာ သင်ခန်းစာ (Speaking and Listening)

(ဆ) ပန်းချီ၊ စာပေကဗျာ၊ အနုပညာ နှင့် ဂီတ (Arts and Music)

(ဇ) ကျန်းမာရေးလေ့ကျင့်ခန်း (Physical Exersice)

(ဈ) ဗုဒ္ဓအဆုံးအမများနှင့် ယဉ်ကျေးလိမ္မာ စာရိတ္တဗလ ဟောပြောပို့ချချက်

(ည) စာအုပ်စာပေများလေ့လာဖတ်ရှုခြင်း နှင့် သိပ္ပံဆိုင်ရာ၊ ဝိဇ္ဇာဆိုင်ရာ
အထွေထွေဗဟုသုတ ပို့ချမှု။

မှတ်ချက် ။   ။ အမေ့အိမ် ပညာဒါန(မြောက်ဥက္ကလာပ)
အခြေခံမူလတန်းကျူရှင်ကျောင်းမှ စေတနာ၊ ဝါသနာ၊ အနစ်နာတည်းဟူသော
နာသုံးနာကို အရင်းခံ၍ သင်ကြားပေးလျှက်ရှိပါသည်။

သတိ

မြေကွက်လပ်ပုံမှာ ကျောင်းဆောက်ရန်နေရာဖြစ်သည်။

ကျောင်းဆရာ/ဆရာမ ၂ ယောက်လိုအပ်နေပါသည်။ ၄ တန်း သင်ကြားရန်အတွက် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။

ကိုနိုင်ငံလင်း

4 comments

  • minminei85

    May 22, 2011 at 12:19 pm

    (အမေ့အိမ်) ကျောင်းကို ဆက်သွယ်ရန် ဖုန်းနံပါတ် သိချင်တယ်

    • Good Idea

      May 23, 2011 at 11:56 am

      အမေ့အိမ်ကျောင်းကို ဆက်သွယ်လိုပါက
      ကိုငယ် (ကျောင်းအကျိုးတော်ဆောင်) ဖုန်းနံပါတ် – 0951 620 60 ကို ဆက်သွယ်နိုင်ပါတယ်။

  • OQ23

    May 23, 2011 at 2:48 pm

    ကောင်းမှူကုသိုလ် လုပ်တာကောင်းပါတယ်။
    ဘာပဲလုပ်လုပ် ကောင်းတာလုပ်တာပဲကောင်းပါတယ်။
    ကျေးဇူးတင်ပါသည်။

  • မမလေး

    May 25, 2011 at 5:31 pm

    ကြည့်မြင်တိုင် ၊ စမ်းချောင်း ၊ လမ်းမတော် ၊ လသာ မှာသာ ဆို ခေါ်လိုက်မှာ စေတနာ အရင်းနဲ့ တစ်ကယ့်ကို ကူညီပေးဖို့ အဆင်သင့်စောင့်နေပါတယ် …

Leave a Reply