အချိန်ကုန်ငွေကုန် သက်သာ လူလည်းကျန်းမာစေတဲ့ အရွက်များ အကြောင်းသတင်းကောင်း

မောင် ပေMay 20, 20111min21916

ကိုအောင်ရင် နဲ ့မငွေကြည် တို ့လင်မယား ဟာ အသက် ၆ဝ ကျော်ပါပြီ ။ ဒီအသက်အရွယ် ရောက်မှ လင်မယား နှစ်ယောက်စလုံး အသည်းရောင် အသားဝါ ဘီ ထဖြစ်ကာ ရောဂါ ဝေဒနာ အသည်းအသန် ခံစားရပါတယ် ။ ပိုက်ဆံ ချမ်းသာ သူများ ဖြစ်တာကြောင့် ကောင်းပေ့ ဆိုတဲ့ ဆေးခန်း များ မှာ ပြ ပါတယ် ။ မထူးခြား မသက်သာ ပါဘူး ။ ဒါနဲ ့မြန်မာ ပြည်က ဆရာဝန်တွေ ပဲ မတတ်နိုင်လို ့လားဆိုပြီး စင်ကာပူ နိုင်ငံ အထိ သွားရောက် ကုသ ပါတယ် ။ သို ့ပေမယ့်လည်း မသက်သာ မထူးခြားပါဘူး ။ ဒါနဲ ့ဗမာပြည်ကို ပြန်လာ ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေတုန်း အသိမိတ်ဆွေ များရဲ ့လမ်းညွှန်မှု နဲ ့သခွပ်ရွက် အညွှန် ့ကလေး တွေ ကို ကျိုသောက်ပါတယ်။ အဲဒီမှာ သခွပ်ပင်မတွေ ့လို ့ဆိုပြီး ရှားရှားပါးပါး လမ်းမကြီးဘေးမှာ ပေါက်နေတဲ့ သခွပ် ပင် ပေါ ်က အရွက်တက်ခူးတဲ ့တပည့်များတောင် စည်ပင် နဲ ့ပြဿနာ တက်လို ့ရှင်းပြ ရပါသေးတယ် ။ အဲဒီမှာ ဗျာ နေ ့စဉ် မှန်မှန်သောက်သုံးပေးရာ အချိန်အားဖြင့် ၂ လ လောက် အကြာ မှာ လင်မယား ၂ ယောက်လုံးခံစားနေရတဲ ့အသည်းရောင် အသားဝါ ရောဂါဆိုးဟာ ပိန်းကြာရွက်ပေါ ်ရေမတင်သကဲ့သို ့အရှင်းပျောက်ကင်း သွားပါတယ် ဗျာ။ အခုဆိုရင် လင်မယား ၂ ယောက်လုံး ကျန်းကျန်းမာမာ နဲ ့သာရေးနာရေး တွေ မှာ တက်တက်ကြွကြွ လှုပ်ရှားနေကြပါပြီ ။ နောက်တစ်ယောက် က တော့ ကိုလင်း တဲ ့။ သူ ကတော့ အရက်သမား ။ အရက်ကို အမြဲလို နှစ်ခြိုက်စွာ သောက်သုံး ခဲ့ရာ အသက် ၅ဝ ကျော် အရွယ်မှာ အသည်းကြီး လာပါတယ် ။ အသည်းက အလုပ်ကောင်းကောင်း မလုပ်တော့ဘူး လို ့ဆရာဝန်များ က ပြောပါတယ် ။ သက်တမ်း မကျန်တော့ဘူး ပေါ့ဗျာ ။ ဒါနဲ ့ကိုလင်း လည်း သေမယ့်သေ ရွာမှာ ပြန်သေမယ် ဆိုပြီး ရွာကို ပြန်ပါတယ် ။ ရွာကြတော့ သခွပ်ညွှန် ့အကြောင်း ကြားလိုက်တယ် ။ ဒါနဲ ့သခွပ်ညွှန် ့လေးတွေ လက်တစ်ဆုတ် ကို ရေ ၃ လီတာ နဲ ့ကျိုတယ် ။ ၁ လီတာ လောက် အကျန် ကြ စသောက်တယ် တစ်နေကုန် အဲဒီ တစ်လီတာ ကို ၃ ခါ ခွဲ ပြီး သောက်တယ် ။ ဒီလို နဲ ့၃ လ အကြာ မှာ အသည်းကြီး လို ့ဗိုက်ကြီး ပူနေတဲ့ ကိုလင်း ဟာ ဗိုက်လေး ချပ်သွားတယ် ။ အသားအရေလည်း ပြန်လည်စိုပြေ သွားတယ် ။ သို ့သော် မိုက်တွင်းက မတက်နိုင်သူ ကိုလင်း ဟာ အခုဆို အရက်ကို ပြန်သောက်နေတယ် ။ ဆေးကျိုသောက်တာ ကို တော့ တစ်လ ကို ၂ ခါ လောက်ပဲ သောက်တော့တယ် တဲ့ ။ ပြောချင်တာကတော့ သခွပ်ရွက် သခွပ် အညွှန် ့လေး တွေ ရဲ  ့အစွမ်းသတိ္တပါ ဗျာ ။ ကျွန်တော် တို ့မန်းဂေဇက် က စာဖတ်သူများလည်း ကြံကြိုက်လို ့တိုက်ဆိုင်လို ့သုံးစွဲမယ် ဆိုရင် သုံးစွဲနိုင်ပါစေ ဆိုတဲ ့စေတနာ လေး နဲ ့ရေးသားတင်ဆက်လိုက်ပါတယ် ။ ဆရာဝန် တစ်ယောက် မဟုတ်တဲ့အတွက် လက်တွေ ့ဓါတ်ခွဲ စမ်းသပ် ပြီး မရေးပြ နိုင်တာ နားလည်ပေးကြပါ ။ အပေါ ်မှာ ကျွန်တော် ရေးခဲ့တဲ့ လူတွေ ဟာ တစ်ကယ် အပြင်မှာ ပျောက်ကင်းခဲ့သူတွေ ပါ ။ အမည်နာမည် လွှဲ ရေးလိုက်ပါတယ် ။

16 comments

  • xman

    May 20, 2011 at 8:20 am

    ဓါတ်ခွဲမစမ်းသပ်ရသေးဘူးဆိုတိုင်း မယုံရဘူးလို့တော့ ပြောဘို့ခက်ပါတယ်။ အချို့ဆေးနည်းတိုတွေ လူသိများလာတာ လူတွေသုံးပြီး မှန်လို့မဟုတ်လား။ ဘာမှန်းမသိတဲ့ ဆေးနည်းတွေကို သုံးဖို့ စွန့်စားလွန်းရာကျပေမယ့် ဘာမှန်းသိတဲ့ သုံးနေကျအသီး အရွက်တွေကိုသုံးရတဲ့ ဆေးနည်းတိုတွေ အများကြီးနော်။

  • nature

    May 20, 2011 at 2:22 pm

    ဆရာဇီဝကကိုသူ၏ဆရာကအရပ်ရှစ်မျက်နှာအနှံ့ ဆေးဘက်မဝင်သောအပင်ကိုရှာခိုင်ရာရှာမရချေ၊ ထိုအခါသူ၏ဆရာက ဆရာဇီဝကကိုဆေးပညာတတ်ပြီဟုဆိုလေသည်။

  • unclegyi1974

    May 20, 2011 at 4:08 pm

    ဆေးစမ်းစရာဆေးနည်းတခုတိုးပြီ
    ဆေးစမ်းဖို့လူနာပဲလိုတယ်

  • zawinaing

    May 20, 2011 at 5:07 pm

    သူကြီးနဲ့ ရွာသားအပေါင်းတို့အတွက် သတင်းကောင်းပါ….
    အရက်သောက်လို့ အသဲခြောက်မှာကြောက်စရာမလိုတော့ဘူး
    အရက်ထဲကို သခွပ်ညွှန့်စိမ်သောက်ရုံဘဲ…… 😛

    • နေဝန်းနီ

      April 18, 2012 at 12:07 pm

      ဧကရာဇ်မြစ်စိမ်သောက်ပါ့လား ပိုကောင်းတယ်….။ အဟိ 😛 😛 😛

  • mnoe

    May 22, 2011 at 11:56 am

    ဒီအပေါ်ပို့စ်ထဲက စာသားတစ်ချိူ့ကို ကော်ပီလုပ်ခွင့်ပေးမလားဟင်။ မောင်လေးတစ်ယောက်ကို နည်းပေးချင်လို့ပါ။ ကျေးဇူးတင်ပါတယ်။

  • windtalker9

    May 22, 2011 at 2:09 pm

    ကြိုက်သလို သုံးနိုင်ပါတယ်ဗျာ တစ်ကယ် စစ်မှန်တဲ့ ဆေးနည်းကောင်းလေး မို ့တင်ထားတာပါ

  • nature

    May 22, 2011 at 6:07 pm

    စမ်းပြီးပျောက်လို့တင်ပေးလိုက်တာလေ unclegyi1974 ရေ။

  • mnoe

    May 23, 2011 at 8:33 am

    ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကော်ပီပေးမလုပ်ဘူးထင်တယ်။ လုပ်လို့မရဘူး။ လင့်ခ်လေးပဲ ပေးလိုက်ပါတယ်။ သောက်ရမဲ့နည်းလမ်းက 3 လီတာနဲ့ပဲလားဟင်။ သေချာသိရရင်ကောင်းမယ်နော်။ ကျေးဇူး ထပ်တင်ပါတယ်။

  • hninkharr

    May 23, 2011 at 12:51 pm

    TB ဖြစ်လျှင် ဘီးစပ်ရွက်ကို ကျိုပြီး အရည်ကိုသောက်လျှင် ပျောက်တယ်။ တော်တော် တော့်ခါးတယ်။

  • mg wine

    November 20, 2011 at 7:14 pm

    ကျေးဇူးပါဗျာဆေးမြီးတိုဆိုပြီးအထင်မသေးပါ
    ဆေးမြီးတိုနဲ့ကုသပြီးပျောက်တဲ့ရောဂါတွေအများကြီးပါ

  • ပေါက်ဖော်

    November 20, 2011 at 7:22 pm

    မှတ်သွားတယ်နော်….ဘိန်းနောချရာ..အန်ကလယ်ပေ
    ပုံမပါလို ့..သခွပ်ပင်မြင်ဖူးချင်တယ်…
    ဟိမဝန္တာထဲ သွားရှာရမှာလားဟင်
    🙄

  • GreeNSheeP

    November 20, 2011 at 7:51 pm

    ကျတိ တို ့လို ့ရှက်ကီဂျန်းတဲမန်းတွေ အတွက် ၊ ဘာမှ ပူစရာ မလိုတော့ဘူး ၊ ရှယ်ဘဲ ၊ ကူးသွားပြီ ။ ခွင့်ပြုပြီးသားထင်ပါတယ် ။

  • aye.kk

    November 20, 2011 at 8:15 pm

    နွယ်မြက်သစ်ပင်ဆေးဖက်ဝင်တဲ့..
    ငယ်ငယ်ထဲကစိတ်ဝင်စားခဲ့တာပါ..
    ပိုးကတော့ဘကြီးဆိုသူကမွေးပေးတာပါ(ဥပမေယလေးပါ)
    အားတဲ့ခါတိုင်းရင်းဆေးပညာစာအုပ်ဖတ်ခိုင်းလို ့ပါ..
    ဝါသနာကသီချင်းဆိုတာကိုအရမ်းနှစ်သက်တယ်..ဒါပေမယ့်လည်းမိဘတွေနဲ ့ကဆန် ့ကျင်ဖက်ပါ
    မိဘကစီးပါွးရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်ခဲ့ဖူးပါတယ်..ကျမကိုမွေးဖွားပြီးမှပြည်သူပိုင်အသိမ်းခံရဘူးပါတယ်
    တိုင်းရင်းဆေးပညာကိုပိုးဝင်ဖူးပါတယ်..စဉ်းစားထားပါတယ် အချိန်ရရင်ဝင်ရေးပါမယ်..
    သိထားတာလေးမျှဝေပေးတဲ့ကိုဝင်းတော့ကာရေ..ကျေးဇူးတင်တယ်အမြင်ချင်းတူတယ်..။

  • ဗိုက်ကလေး

    April 7, 2012 at 10:43 am

    အူးပေရေ
    ဒုတိယမ္ပိ လေးလေးနက်နက် ထပ်မှတ်သွားတယ်ဗျာ…
    ရှာပြီး ကျိုခိုင်းဦးမယ်..
    တင့်ခရု..ဒိုင်းညှောင့်

  • လူကလေး

    February 25, 2013 at 11:46 am

    သိုင်းကျုး ပေပေ.. သခွပ်ရွက် .. သခွပ်ညွှန့် ဟုတ်တယ်နော် ..
    စမ်းကြည့်ဦးမယ်…

    ခံစားနေရတာကတော့ ဒုတိယ အမျိုးအစားထဲက ဗျို့.. ကိုလင်း လိုပဲ.. ..

Leave a Reply