မိတ္တကဏ္ဏ…အဆုံး

မိတ္တကဏ္ဏ

(၁၂)ချိုရှိကောင်မယ်တောင်ငါးဆယ်၊မြင်းဝယ်တောင်တစ်ရာ

စွယ်ရှိဆင်ပြောင်တောင်တစ်ထောင်၊ရပ်ဘောင်လူယုတ်မာ

မကပ်သင်ငြားစွန်ခွာသွား၊ရှောင်ရှာကြဉ်လေပါ။

အဓိပ္ပာယ်။။။ဦးချိုရှိသောသတ္တဝါကိုအတောင်ငါးဆယ်ရှိသောအရပ်မှရှောင်ကြဉ်ရာ၏ ။ မြင်းကိုကားအတောင်တစ်ရာရှိသောအရပ်မှရှောင်ကြဉ်ရာ၏။

အစွယ်ရှိသောဆင်ကိုမူအတောင်တစ်ထောင်အရပ်မှရှောင်ကြဉ်ရာ၏။သူယုတ်မာကိုမူကားမိမိအရပ်ကိုစွန့်၍ရှောင်ရှားရာ၏။

(၁၃)မကောင်းလေကြရပ်ဒေသ၊မိတ္တမျိုးနွယ် ဇာတ်

မျိုးဆွေမယားကျွန်ခစား၊ဝေးပါးကြဉ်ရှောင်အပ်

အဓိပ္ပ္ပ္ပာယ်။။။။။မကောင်းသောအရပ် ၊ မကောင်းသောမိတ်ဆွေ ခင်ပွန်း ၊ မကောင်းသောအမျိုး ၊မကောင်းသောမယား ၊မကောင်းသောကျွန်သူခတို့ကို

အဝေးမှကြဉ်ရှောင်ရာ၏။

(၁၄)ရောဂါဖြစ်ချိန်ခေါင်းပါးတိမ်၊စည်းစိမ်ပျက်စီးကာ

ရန်သူဖမ်းထားလုပ်တိုင်နား၊တံခါးမင်းအိမ်မှာ

အကြင်မိတ်ဆွေတည်တုံပေ၊ထိုဆွေမိတ်ကောင်းသာ။

လုပ်တိုင်း=သင်္ချိုင်း

အဓိပ္ပာယ်။။။။။အကြင်မိတ်ဆွေသည်အနာနှိပ်စက်သောအခါ၊ငတ်မွတ်ခေါင်းပါးသောအခါ၊စည်းစိမ်ပျက်သောအခါ၊ရန်သူဖမ်းမိသောအခါ

သခ်ျိုင်းတစပြင်၊မင်းအိမ်တံခါးအမှုတို့၌တည်မူ(အကူညီရသူ)ထိုမိတ်ဆွေသည်မိတ်ဆွေကောင်းမည်၏။

(၁၅)နှုတ်ချိုသူအားသျှိုတစ်ပါး၊မိတ်များအဆွေပေါ

ကြမ်းကြုတ်ခက်ထန်ထိုသူမှန်၊နည်းပြန်မိတ်သဘော

လနေပမာဤွှအရာနှိုင်းစာသိစေသော။

အဓိပ္ပာယ်။။။။။နှုတ်ခွန်းချိုသောစကားရှိသူသည်များသောအဆွေခင်ပွန်းရှိ၏၊ကြမ်းကြုတ်သောသူသည်နည်းသောအဆွေခင်ပွန်းရှိ၏

နေမင်းလမင်းတို့၏ဥပမာကိုယူ၍ ဤအရာကိုသိစေ၏။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။အဆွေခင်ပွန်းကိုဆိုရာအခန်းပြီး၏။။။။။။။။။။။။။။။။။။။။။။။။။။။။

 


 

One comment

  • nature

    May 20, 2011 at 12:06 pm

    ogre ရေ သဘောကျလို့တောက်လျှောက်အားပေးနေပါတယ်။

Leave a Reply