အိုတံငါ

ပုံက အလှကြီး မဟုတ်ပေမယ့် သဘောကျလို့ တင်လိုက်တာပါ။
ဓါတ်ပုံစ ရိုက်ခါစ ဆက်တင်တောင် ကောင်းကောင်းမချိန်တတ်တဲ့ အချိန်တုန်းက ရိုက်ထားတဲ့ပုံလေးပါ။
မြို့ကလူတွေ အိပ်ကောင်းနေတဲ့အချိန်မှာ သူတို့ အလုပ်လုပ်ဖို့ အသင့်အနေအထားရောက်နေကြပါပြီ။
တနေကုန် ငါးဖမ်းပိုက်တွေနဲ့ ပင်ပင်ပန်းပန်း ပိုက်ခွန်ပစ်ကြရပါတယ်။
တခါတခါ ငါးဖမ်းလှေတွေ စုလိုက်အပြုံလိုက် ဝိုင်းဖွဲ့ပြီး ပိုက်ခွန်ပစ်တတ်ကြပါတယ်။
လှေဆယ်စီးလောက် ဝိုင်းထားပြီး တစ်နေရာထဲကို ပိုက်ခွန်တွေ တပြိုင်နက်တည်းပစ်တဲ့အခါလဲရှိပါတယ်။
ငါးဖမ်းနည်းအကြောင်းသေချာ မသိပင်မယ့် အတော်ကို ကြည့်လို့ကောင်းတဲ့မြင်ကွင်းတစ်ခုပါ။
ဘာသာရေးဘက်ကကြည့်ရင် ငါးလေးတွေ သနားပါတယ်။ ငါးဖမ်းသူတွေ အကုသိုလ်တွေ လုပ်နေကြတယ်ဘဲ ပြောကြမှာပါ။
သို့ပေမယ့် ကျနော် ဓါတ်ပုံရိုက်ချိန် မို့လို့ ရိုက်ကွင်းတခုအနေနဲ့ ကြည့်မယ်ဆိုရင်တော့ သူတွေ ငါးဖမ်းနေကြတာ အလွန်ကြည့်လို့ ကောင်းပါတယ်။
ငါးဖမ်းလှေပေါ်က ပိုက်ခွန်ပစ်တဲ့ပုံ ကိုတော့တင်ပြီးသားဖြစ်တဲ့အတွတ် ထပ်မတင်တော့ပါဘူး။
အခုပုံက လုပ်ငန်းခွင်ကို ဦးတည်ပြီးသွားနေတဲ့ လှေလေးတစ်စင်းဖြစ်ပါတယ်။

30 comments

  • weiwei

    July 5, 2011 at 6:31 am

    အရမ်းလှတာပဲ … ဘယ်လိုရေးရမှန်း မသိအောင်လှတယ် …

  • pan pan

    July 5, 2011 at 8:25 am

    ပုံမမြင်ရဘူးဗျို့

  • shweminthar

    July 5, 2011 at 8:45 am

    ဟိုက် ဘာဖြစ်လို့ ပုံပျောက်သွားတာလဲ

  • စုံ စုံ

    July 5, 2011 at 8:47 am

    မမြင်ရလို့လားမသိဘူး အရမ်းလှနေသလိုဘဲ 🙂

  • forever

    July 5, 2011 at 10:56 am

    လှေကကြီးလိုက်တာ…ဘာမှကိုမမြင်ရတော.ဘူး

  • meengelay

    July 5, 2011 at 11:09 am

    ဟုတ်တယ် ဟီး တော်သေးတာပေါ့ ကိုယ်တစ်ယောက်တည်းမမြင်ရတာထင်လို့ ခုတော့ မန်းတစ်ခုလုံးပါပဲလား

  • king

    July 5, 2011 at 1:41 pm

    မြင်ရတယ်ဗျ
    ပရောဖက်ရှင်နယ် ရိုက်ထားသလားအောက်မေ့ရတယ်
    😛

  • ဆူး

    July 5, 2011 at 1:52 pm

    လှပါ့ပါဘိ.. အချိန်ကောင်းကို တော်တော် စိတ်ရှည်ရှည် နဲ့ စောင့်ရိုက်ထားပုံရတယ်။

  • မင်းပြည့်ရှိန်

    July 5, 2011 at 3:17 pm

    သတ်ချင်လို့တော့ မဟုတ်ပါဘူး..ဘုရား..
    ဝမ်းစာရေးအတွက်.. ငါးရှာရပါတယ်..ဘုရား…

    ဓါတ်ပုံအနေနဲ့တော့ လှပါတယ်…
    ဒါပေမယ့်…ကြည့်လို့မလှဘူး…
    ကိုယ်တိုင်…တံငါသည် နေရာဝင်ခံစားကြည့်တဲ့အခါ..
    ဘဝအမောတွေ..ရင်ထဲမှာ များသွားတယ်…
    မျှော်လင့်ချက်တွေ..ဝိုးတဝါးဖြစ်သွားတယ်..
    ပြီးတော့….ပင်ပန်းသွားတယ်…

    ဓါတ်ပုံလှပါတယ်…
    ဓါတ်ပုံထဲက ဘဝတွေက…..

    • MaMa

      July 6, 2011 at 7:14 am

      အင်းးးးးးးးး ဒီရွာထဲမှာ ဒါမျိုးပြောရင် သဂျီးမင်းက ထိပ်တုံးခတ်ချင်နေတာ။
      🙂

  • nature

    July 5, 2011 at 5:38 pm

    အရောင်အသွေးစုံလင်တဲ့နေဝင်ဆည်းဆာ အလှကလေးပါပဲ။

  • shweminthar

    July 6, 2011 at 5:49 am

    ကို nature ရယ် အဲဒါ နေအထွတ်ပါဗျာ။
    နံနက် 6:28 AM 23/11/2009 ကရိုက်ထားတာပါ

  • စုံ စုံ

    July 6, 2011 at 1:22 pm

    တွေ့ပြီပုံကို
    တော်တော်လှတယ်ရိုက်ထားတာ
    ကောင်းကင်ကတိမ်တွေတော်တော်လှတယ်နော်

  • pooch

    July 6, 2011 at 2:59 pm

    လူသစ်တန်းဝင်ပြိုင်လို့ရပြီ.. zoom က လိုသလို ဆွဲလို့ ရတယ် ဆိုတော့ ရိုက်တဲ့ ကင်မရာ က
    ရိုးရိုး အိမ်သုံး တော့ မဖြစ်တန်ဘူး …. ဈေးကြီးပေးရတဲ့ pro သုံးဖြစ်လိမ့်မယ်.. ဟုတ်တယ်ဟုတ်

  • manawphyulay

    July 6, 2011 at 3:45 pm

    အရမ်း အရမ်း လှတယ်။ ရှုခင်းတွေက မိုက်တယ်။ ဒါတောင် မရိုက်တတ်သေးခင် ရိုက်ထားတာမို့နော် ရိုက်များရိုက်တတ်လို့ကတော့ ဆုတွေ တစ်သီကြီးရနေမှာ မြင်ယောင်သေးတယ်…………..

  • နွယ်ပင်

    July 6, 2011 at 3:52 pm

    မရိုက်တက်သေးခင်က ရိုက်လို့ပဲ တော်တော်လေးလှတယ်
    ရိုက်များရိုက်တက်ရင်တော့ ဘာပြောကောင်းမလဲ အခု နာမယ်ကြီးနေတဲ့
    ဓာတ်ပုံဆရာတေါ အကုန်ထမ်းငတ်ကုန်မယ် …. 😛

  • photwenty

    July 6, 2011 at 4:28 pm

    အရမ်းအရမ်းကိုလှတယ်ဗျာ
    ဝင်ပြိုင်ရင်ဆုရလောက်တယ်ဗျာ

  • etone

    July 6, 2011 at 4:53 pm

    ဒီလိုဆိုတော့လည်း ဘယ်ဆိုးလို့လဲ … ဓါတ်ပုံက လွမ်းစရာနော် ရင်ထဲဟာတာတာနဲ့ … သေချာတာတော့ကြည့်ရင်း ဗိုက်ဆာတာဖြစ်မယ် .. 🙂

  • ရွှေ မင်း သား

    July 6, 2011 at 5:50 pm

    တုန်တုန်က နေ့လည်စာမစားသေးဘဲ ဝင် မန်းထားတယ်နဲ့တူတယ်။
    ကျနော်ပုံကြောင့်တော့ ဗိုက်မဆာလောက်ပါဘူး………
    ဆေးခန်း ပြသင့်ပြီထင်တယ်။ ဒေါက်တာ ကို ဓါတ်ပုံကြည့်ပြီး ဗိုက်တွေ ဆာလာလို့ ဆိုပြီး သွားပြောရင် ဒေါက်တာတော့ တဝါး ဝါး နဲ့ ရီနေမှာ သေချာတယ်။

  • nozomi

    July 6, 2011 at 5:59 pm

    ရွှေမင်းသာ ကလဲ ဟိုပုံပြင်လိုပေါ့ လူနှစ်ယောက်ခရီးသွားတော့ လူငယ်က ဦးလေး ဘယ်နှစ်နာရီ ထိုးပြီလဲဆိုတော့ အတွေးတွေလွန်ပြီး ငါနဲ့မိတ်ဆွေဖြစ် ငါ့အိမ်ကိုလာလည် ငါ့သမီးနဲ့တွေ့မှာစိုးလို့ မသိဘူးကွာ လို့ ပြောလိုက်သလိုပေါ့

    လှေပုံလေးကိုတွေ့ ရင်းကနေ စိတ်ကူးယဉ်လိုက်တာ …
    ပတ်ဝန်းကျင်ကသာယာ လှေစီးချင်စိတ်ကပေါ်လာ တံငါသည်တွေဆီကခဏငှား ကိုကိုဒေါက်တာနဲ့ ဦးပိန်တံတားအောက်ကဖြတ် အပျော်တွေလွန်ပြီး တနေကုန်လှော် ပျော်စရာအကြောင်းတွေ ပြောတုန်းက သတိမရဘူး ရွာထဲမှာ ရန်ဖြစ်တဲ့အကြောင်းတွေရောက်သွားမှ ဒေါသတွေဖြစ်လာပြီး ဗိုက်ဆာလာတာ…
    အဲဒီလို အဲဒီလို

    • etone

      July 7, 2011 at 9:06 am

      ပြောလည်း ပြောတတ်ကြပါရဲ့ 😛 😛 😛
      လှေငှားစီးဖို့ မပြောနဲ့ ရေနဲ့ ကျွတ်တွေ မျှော့တွေကို ကြောက်လွန်းလို့ ကန်တွေနား သွားကို မသွားရဲတာပါ ။

  • ရွှေမင်းသားရေ
    တကယ်မိုက်တယ်ကွာ။
    မင်းနဲ့ငါချိန်းပြီးတစ်ရက်လောက်
    မယ်နုအုဌ်ကျောင်းဘက်သွားလိုက်ရအောင်။

  • ရွှေ မင်း သား

    July 6, 2011 at 9:15 pm

    အင်းဝ မှာဓါတ်ပုံရိုက်ဖို့ အစီစဉ်ရှိတယ်ဗျို့ ။ ဒီရက်ပိုင်းထဲ သွားဖြစ်မယ်။

  • naywoonni

    July 6, 2011 at 11:39 pm

    ဒီရွှေမင်းသားက ကားတွန်းရွှေမင်းသားနဲ့ ဘာတော်လဲ…။ တူနေလို့မေးတာနော်…။ စိတ်ဆိုးရင်လဲ အုတ်ခဲကျိုးနဲ့သာထုလိုက်

    • ရွှေ မင်း သား

      July 7, 2011 at 10:19 pm

      ဘာမှ မတော်ပါဘူးဗျာ။
      ဒီ ရွှေမင်းသားက မန်းလေးကပါ။
      ကာတွန်းရွှေမင်းသားက တော့ ဘယ်ကလဲ မသိဘူး။

  • char too lan

    July 7, 2011 at 1:07 pm

    (မြို့ကလူတွေ အိပ်ကောင်းနေတဲ့အချိန်မှာ သူတို့ အလုပ်လုပ်ဖို့ အသင့်အနေအထားရောက်နေကြပါပြီ။)
    … အဲ့ဒါ အဲ့ဒါ ……….
    မြို ့ကလူတွေအလုပ်လုပ်တဲ့ အချိန်အထိ သူတို့မလုပ်ကြဘူးလေ သားသားရယ်.. 😛
    ပုံတွေကတော့ မိတယ် မိုက်တယ်

  • ရွှေ မင်း သား

    July 7, 2011 at 10:20 pm

    သားက မသိလို့ ဆောရီးနော်။
    သားက အရင်က ဆို ည ၉ နာရီ ထိုးရင် အိပ်ပြီဗျ။
    အခုတော့ ၁၁ နာရီ လောက်ထိတော့ အိပ်သေးဘူး….

  • windtalker

    July 8, 2011 at 12:07 am

    ရွှေမင်းသား ဆိုသော
    ကျုပ်ရေးတဲ့ ဆိုလိုရင်းကို နားမလည် ပဲ
    ကျုပ်ကို နာမည်ကြီး စာရေးဆရာ လား ဘာလား
    ခပ်တည်တည် နဲ ့ ဝင်ရေးသွားပါလား
    ခင်ဗျား အကြားအမြင် များရနေသလား
    ရွှေ မင်း သား says:

    “ ဒီနည်းက နာမည်ကြီးဖို ့အရမ်းလွယ် အရမ်းမြန်တာနော် ။ သေချာမှတ်နော် ၊ ကျွန်တော် ပြောတဲ့အတိုင်း ခင်ဗျား လုပ်လို ့ခင်ဗျား နာမည်ကြီး စာရေးဆရာ ဖြစ်လာရင် ကျွန်တော့် ကို ့မမေ့ရဘူးနော် ”
    မိုးဟေကို ဘယ်လိုနာမည်ကြီးသွားလဲ သိတယ်နော်…….
    သူ့ ရဲ့ကြိုးစားအားထုတ်မှု ကို ပြောပါတယ်။
    သူ့ ရဲ့ ဆန်းလဲပါတာပေါ့….
    သူလို လိုက်တုကြပေမယ့် သူ့ကိုမမှီတာတွေ တော့ရှိတာပေါ့….
    ကြိုစားကြည့်ပါလား။
    း)
    အကြားအမြင် ရလို ့ကိုယ်တွေးသမျှ အမှန်လို ့ထင်နေရင်လဲ
    စာရေးမနေနဲ ့လေ
    ခုခေတ် က ငွေရှာရခက်တယ် ။
    ကိုယ်ရတယ်လို ့ထင်ထားတဲ့ အကြားအမြင်လေး နဲ ့ဗေဒင်အကြားအမြင်လေး ဟောစားပေါ့
    ကြိုးစားကြည့်ပေါ့ နော…
    လာအားပေးပါ့မယ်
    ( မှတ်ချက် ။ တစ်ကယ်လို ့ခင်ဗျား က လုပ်စားစရာ မလိုအောင် ချမ်းသာနေရင်တော့ တောင်းပန်တယ်ဗျာ ။ ကျုပ်လည်း ခင်ဗျား လို မသိပဲ ရမ်းတုတ်မိတာကိုး )

Leave a Reply