စပ်မိ စပ်ရာ (၉)

nagargyiMay 20, 20111min1043

ဖတ်ဖူးတဲ့ ကာတွန်းလေး တစ်ခုကို သတိရ မိတယ်။ သူဌေးကြီးနဲ့ သူ့မိတ်ဆွေတို့ စကားပြောခန်း လေးပါ။

“မိတ်ဆွေ   ။   ။ သူဌေးကြီး။ ခင်ဗျားက အလုပ်ကို ပင်ပင်ပန်းပန်း နေ့မအား ညမအား လုပ်နေတာပဲ တွေ့ရတယ်။ ခင်ဗျားသားက ခင်ဗျားကို မကူတဲ့အပြင်   သူ့သူငယ်ချင်းတွေနဲ့       လည်လို့ပတ်လို့ ပါပဲလား။
သူဌေးကြီး ။   ။ သူက သူဌေးသား ကိုးဗျ။ ကျုပ်က သူဌေးသားမှ မဟုတ်တာ။” တဲ့။

ကျွန်တော်တို့ ကမ္ဘာမှာ ကြည့်ရင် ဂျပန်နိူင်ငံဟာ ဒုတိယ ကမ္ဘာစစ် ရှုံးတော့ နျုကလီးယားဒဏ် ခံရတာအပြင် စစ်လျော်ကြေးပါ ပေးရတော့ အတော်ဆင်းရဲ ဒုက္ခရောက်ခဲ့တာ
လူတိုင်းသိ ပါတယ်။ အဲဒီအခါ သူတို့က ငါတို့ဟာ ဆင်းရဲသွားပြီ။ ငါတို့ကြိုးစားမှ ဖြစ်မယ်ဆိုပြီး ကြိုးစားခဲ့လို့ ကမ္ဘာ့ထိပ်တန်း နိူင်ငံအဖြစ် ရပ်တည်နိုင်ခဲ့တယ်။ အခုခေတ်မှာ မွေးတဲ့ဂျပန် ကလေးတွေက ဆင်းရဲတဲ့ဒဏ် မခံစားဘူးတော့ ကြိုးစားမှု့ အားထုတ်အားနည်းလာလို့ လူကြီးတွေ စိုးရိမ်နေတာ ကြားရ ဖတ်ရဖူးမှာပါ။ တရုတ်ဆိုလည်း တူညီဝတ်စုံ အပြာတွေဝတ် ဘုံစံနစ်နဲ့ နေထိုင် စားသောက်ခဲ့တဲ့ အချိန်ရှိခဲ့တာ လူတိုင်းသိကြ ပါတယ်။ အရှေ့တောင်အာရှက စင်္ကာပူဆိုလည်း သူ့နိူင်ငံက ရေတောင် မလေးရှားက ဝယ်သောက်ရတယ်ဆိုတာ လူတိုင်းသိ ကြပါတယ်။

ဆိုလိုချင်တာက သူတို့ဆီမှာ လူကြီးတွေက ငါတို့ဟာ ဆင်းရဲတယ်။ ဒါကြောင့် အလုပ်ကြိုးစား လုပ်ရမယ်လို့ ပြောဆိုသင်ကြားကြတယ်။

ကျွန်တော်တို့ဆီ ပြန်ကြည့်တော့ “ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ” ဆိုပြီး သင်ပေးတယ်။ နောက်ပြီး နိူင်ငံမှာ တွင်းထွက် သယံဇာတ ကျောက်သံ ပတ္တမြားတွေ
အလွန်ပေါတဲ့ပြည် ဆိုပြီး ခေတ်အဆက်ဆက် သင်ပေးခဲ့တယ်။

ဒီတော့ ကျွန်တော်တို့တွေရဲ့ စိတ်ထဲမှာ သူဌေးသား စိတ်တွေဝင်ပြီး ကြိုးစားချင်စိတ်တွေ အားနည်းကုန် တာပေါ့။

ဒါကြောင့် ကျွန်တော်တို့ကစပြီး သူဌေးသားစိတ် မမွေးပဲ သူဌေးကြီးစိတ် မွေးကာ နောင်လာနောင်သား ကလေး၊ လူငယ်တွေကိုလည်း သူဌေးကြီးစိတ်ဝင်အောင် သင်ပေးကြ ပါစို့လား။

3 comments

  • ဆူး

    May 20, 2011 at 4:20 pm

    ပုံပြင် တခု ထပ်ပြောပြမယ်။
    လူကြီး တယောက်က သမီးချစ်သူကို တွေ့ကြည့်ပြီး ပတ်ဝန်းကျင်ကို စုံစမ်းတယ် ကြားခဲ့ရတာကတော့ ဒီကောင် သင်္ဘောသားပါ ဆိုတာ သိခဲ့တော့… သမီးနဲ့ ပေးစားလိုက်တယ်။ ညားပြီးတော့ လတွေ နှစ်တွေ ကြာတဲ့ အထိ ဘာမှလည်း မလုပ် အိမ်မှာ အေးဆေးနေပြီ တနေ့ တနေ့ အိပ်လိုက် စားလိုက် လုပ်နေလို့ စိတ်မရှည်စွာနဲ့ မေးကြည့်ပါတယ်။ မင်းက သင်္ဘောသားဆို ဘာလို့ သင်္ဘော မတက်ပဲ ဒီတိုင်းနေတာလဲ လို့ မေးတော့.. သားမက် အလိမ်မာ တုံးလေးက ဖြေလိုက်ပါတယ်။
    သူက သင်္ဘောသား ဆိုတာ သင်္ဘောပေါ်မှာ အလုပ်လုပ်တဲ့ သင်္ဘောသား မဟုတ်ပါဘူး အလုပ်အကိုင်မရှိ ဘာမှ မလုပ်ချင် မကိုင်ချင်လို့ ဘယ်နေရာမှာ မှ သုံးမရတဲ့ လူဖြစ်နေလို့ သင်္ဘောသားလို့ ပြောတာပါ။ ပြောတဲ့ သင်္ဘောသားကတော့ သင်္ဘောပင်က အသားပါတဲ့.. ထင်းစိုက်လို့လည်း မရ.. အိမ်တိုင် လုပ်လည်း မရ ဘာမှ အသုံးမဝင်ပဲ အပွ အခေါင်းပေါက် နဲ့ အစိုဓါတ်တွေ များနေတဲ့ သင်္ဘောသား ကိုရည်ညွန်းတာပါတဲ့ကွယ်။

  • nature

    May 25, 2011 at 3:00 pm

    ချမ်းသာတဲ့မိဘကမွေးလာတဲ့ သားသမီးတွေကိုမိဘကချစ်လို့ သိပ်အလိုလိုက်ရင်ပျက်စီးတတ်တယ်၊ လက်ဦးဆရာမည်ထိုက်စွာပုဗစရိယမိနှင့်ဖတဲ့၊ သားသမီးတွေ ကိုမိဘကကိုလိုချင်တဲ့ပုံစံကို ငယ်ငယ်ထဲက သွင်းပေးရပါမယ်၊

  • unclegyi1974

    May 25, 2011 at 4:13 pm

    နဂါးရေ ဒီတခါအမြင်မတူဖူးလို့ပြောချင်ပါတယ်
    မြန်မာနိုင်ငံသားတွေသူဌေးသားစိတ်ပေါက်လို့မြန်မာနိုင်ငံမတိုးတက်
    မချမ်းသာတာမဟုတ်ပါဖူး
    ဘာကြောင့်မဟုတ်လဲလို့မမေးနဲ့နော် လုံးဝမဖြေနိုင်ကြောင်း…..
    သိတယ်နော်

Leave a Reply