ပန်းလှလှစကားဖြူ


ဒီစကားပန်းဖြူဖြူလေးတွေက ပွင့်ဖတ်လေးတွေ က အဖျားမှာဖြူဖြူ၊
အလယ်မှာတော့အဝါရောင်သန်း ရနံ့လေးကလဲ မအီအောင်ခပ်သင်းသင်းလေးပါ။
စကားပန်းလေးတွေကတော့ငယ်စဉ်ကတည်းက နှစ်သက်ခဲ့ရ တဲ့ပန်းလေးတွေဖြစ်ပါတယ်။
အရွက်စိမ်းစိမ်းဖားဖား ပင်စည်က အရောင်ရင့်ရင့် ကွေးကောက်ကောက်
ကြည့်ရတာ အတော်လေးကို အနုပညာဆန်ပါတယ်။
အထူးသဖြင့်ဒီပန်းလေးတွေကပွင့်ရင် အဆုပ်လိုက်အခဲလိုက်။
အဝေးကကြည့်ရင်ဖွေးဖွေးလွှလွှ မြင်ရသူရင်ကို ကြည်နူးစိတ်ကိုဖြစ်စေပါတယ်။
မန်းလေးတောင် ပေါ်ကိုတက်တဲ့လမ်းမှာ
စစ်ကိုင်းတောင်ပေါ်မှာတက်တဲ့လမ်းတစ်လျှောက်မှာ စကားပန်းပင်လေးတွေ အများကြီးကိုမြင်နိုင်ပါတယ်။
ငယ်ငယ်ကဆိုရင်တောင်ပေါ်တက်ရင်း စကားပန်းတွေကောက် ပန်းကုံးကြီးတွေဖြစ်အောင်သီ၊
ကို်ယ်အီနေတဲ့ကောင်မလေးကိုလိုက်ပေး ပျော်စရာလဲကောင်းခဲ့ပါရဲ့။
စကားဖြူပန်းပင်တွေကတော့ သိပ်အမြင့်ကြီးရယ်လို့မရှိပါဘူး။
အခုပန်းပွင့်လေးတွေကတော့ အပင်ပုပုလေးမှာ ပွင့်နေတဲ့ ပန်းခိုင်လေးတွေ မြင်တော့ လှတာနဲ့ တင်ပေးလိုက်တာပါ။
နှစ်သက်ကြမယ်လို့ထင်ပါတယ်။

13 comments

  • ဆူး

    May 20, 2011 at 4:32 pm

    အိမ်မှာ အဲဒီ ပန်းရှိတယ် အကိုင်းချိုးပြီး စိုက်ရင်ရှင်ပါတယ်။

  • hmee

    May 20, 2011 at 6:18 pm

    ငယ်ငယ်က ကျောင်းဘေးခြံစည်းရိုးမှာ တပင်ရှိတယ်။ အပွင့်တွေပွင့်ရင် လှလို့ တခိုင်လောက်ခူးပြီးမှ အိမ်ပြန်ပါတယ်။ အိမ်ရောက်တော့ အမေက အသုပ်သုပ်စားချင်တာနဲ့ အတော်ပဲဆိုပြီး ယူသွားပါတယ်။ အပွင့်ကလှသလို သုပ်စားတော့လည်း ကောင်းသား။

  • ဆူး

    May 21, 2011 at 1:38 pm

    အသုတ်သုတ်စားတာ ဒီ အမျိုး မဟုတ်ဘူးဆို.. ဒီထက်ကြီးတဲ့ အပွင့်ဆိုလားလို့ ကြားဖူးတာ တခါမှတော့ မစားဘူးဘူး

  • king

    May 21, 2011 at 2:10 pm

    အသုတ်သုတ်စားတာ အဖြူပွင့်တွေလို့ သိပြီး
    မြင်လဲ မြင်ဘူးပါတယ်
    ဒါအပွင့်က ဘယ်လိုမျိုးလေးလဲဗျ

  • kopauk mandalay

    May 21, 2011 at 3:45 pm

    ဒီစကားပန်းတွေက မျုးိစိတ်ပေါင်းများစွာရှိပါတယ်။
    ဆရာမဂျူးက စာအုပ်တစ်အုပ်မှာ ဒီစကားပန်းတွေကို သုတေသနပြုလို့ရေးဖွဲ့ခဲ့ဘူးပါတယ်။

  • တညင်သား

    May 21, 2011 at 4:20 pm

    တရုပ် စကားပင် နွားတင်ကုတ်နားတွင် ရှိသည်
    အဆုတ် လိုက်ပွင့် သည်
    အပွင့်ကို လက်သုတ် သုတ်စားကြသည်

    ဟုတ်လားမသိဘူး

  • hmee

    May 21, 2011 at 5:14 pm

    ဦးပေါက်ရေ မှီ့မှာ အဲ့ဒီစာအုပ် ရှိတယ်။ “ချစ်သူလား စကားတပွင့် ပွင့်ခဲ့တယ်” တဲ့ အရမ်းကြိုက်လို့ ဝယ်ထားတာ။ နာမည်တွေကအစ ပွင့်ဖတ်အရေအတွက်ပါ အတိအကျရေးထားတာ အရမ်းဖတ်လို့ကောင်းတာ။

    • king

      May 22, 2011 at 8:10 am

      ဖက်ချင်တယ်
      အဲ ကန်တော့ ဟုတ်သေးပါဘူး
      ဖတ်ချင်ပါတယ်ဗျ
      😛 🙂

  • mihninlay

    May 22, 2011 at 2:50 pm

    စကားပန်းနံ ့လေးရှုပြီးရင်အမောကိုပြေသွားတာပဲ

  • phyoshein

    May 23, 2011 at 6:40 pm

    ဆူး ဆီမှာ ရှိတဲ့ အပင်ကနေ ကိုင်းချိုးပြီး..စိုက်မယ်..
    မှီ့ ဆီကနေ ဆရာမ ဂျူးရဲ့ စာအုပ်ကို ငှားဖတ်မယ်..
    အပွင့်ပွင့်လာတဲ့အခါ.. ကိုပေါက်က ဓါတ်ပုံရိုက်ပေး…
    အဲ… စားချင်ရင်တော့ အဲဒီအပွင့်တွေကို သုပ်ကျွေးမယ်.. (စားလို့ရရ.. မရရ)

  • ဆူး

    May 24, 2011 at 6:35 am

    စားလို့ ရမရတော့ မသိဘူး.. သူများ ပြောတာ အဲဒီ အပွင့်က စားတဲ့ ဟာ မဟုတ်ဘူးတဲ့ အဲဒီပုံပဲ.. အိမ်က အပင်က အပွင့် နည်းနည်း သေးတယ်။ စားတဲ့ဟာက အပွင့် အကြီးကြီး ဆိုလို့.. ဒီတိုင်း ထိုင်ကြည့်နေတာ.. ဟီးဟီး

Leave a Reply