Yangon ရန်ကုန်မြို့တွင် လိုင်စင်မဲ့ဆိုင်ကယ်များသွားလာနေ…

susunosukiMay 30, 20111min11611

ရန်ကုန်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာ ဆိုင်ကယ်မစီဖို့ တားမြစ်ထားပေမယ့် စီးနင်းသူတွေ အများအပြားရှိနေပါတယ်။ မြို့သစ်တွေမှာ ပိုများတယ်။ ယာဉ်ထိန်းရဲရှိရင် အချင်းချင်း သတိပေးကြပြီး ပြေးနေကြပါတယ်။
ဓါတ်ပုံ- ဒညင်းကုန်လမ်းဆုံမှ ဆိုင်ကယ်ကယ်ရီများ
တစ်ချို့ ဆိုင်ကယ်မဝင်ရဆိုတဲ့ ဆိုင်းဘုတ်တွေကို မှုတ်ဆေးဘူးတွေနဲ့ ဖျက်ထားတာတွေ့ရပါတယ်။

ဒညင်းကုန်လမ်းဆုံမှ ဆိုင်ကယ်ကယ်ရီသမားများ
ဒညင်းကုန်လမ်းဆုံမှ ဆိုင်ကယ်ကယ်ရီသမားများ

လိုင်စင်မရှိတဲ့ ဆိုင်ကယ်သမားတွေဟာ ဦးထုတ်ဆောင်းခြင်းမရှိပါဘူး။ စီးရင်းလည်း ဆိုင်ကယ်တစ်စီးကို နှစ်ယောက်သုံးယောက်စီးပါတယ်။ ယာဉ်စည်းကမ်းကိုလည်း လုံးဝ လိုက်နာခြင်းမရှိပါဘူး။ ဒီလိုဆိုင်ကယ်တွေရှိနေတာ ခရီးသွားလာတဲ့ ပြည်သူတွေ အတွက် အရမ်း အနာ္တရယ်များပါတယ်။

11 comments

  • naywoonni

    May 30, 2011 at 11:19 am

    နေပြည်တော်မှာ ပိုတောင်ဆိုးသေးးးး……။ လိုင်စင်မဲ့ဆိုင်ကယ်တွေက ရောင်းတဲ့ဆိုင်တွေရှိတယ်လေ…….
    သူတို့ကကျတော့…….. ဘာမှမဖြစ်ဘူး…။ အဲဒိတော့ ဈေးချိုတာ ဝယ်စီးကျတာ…။ လိုင်စင်ကလည်း ခဏခဏ ပြန်လုပ်ပေးနေတာဆိုတော့ လိုင်စင်မရှိဘူးဆိုလည်း ခဏပဲလေ…။

  • ဆူး

    May 30, 2011 at 1:05 pm

    နေပြည်တော် ကတော့ အတော် ဆိုးတယ်။
    တောသားတွေ နွားတရှင်းရောင်းပြီး ဆိုင်ကယ် ဝယ်ပြီး ကယ်ရီ လုပ်နေတာ ကောင်းတဲ့ ကိစ္စပါပဲ..
    စည်းကမ်း မသိပဲ မောင်းတာတော့ အလွန် အန္တရာယ်များတယ်။
    ကွေ့မယ်ဆို ကွေ့မဲ့ဘက်ကို ကြိုယူထားရမှာ ဖြစ်ပေမဲ့.. အနားနီးမှ ၂လိုင်း ၃လိုင်း ကန့်လန့်ဖြတ်ကို ရုတ်တရက် ဆွဲယူတာမျိုး.. ကားရှင်းတော့ ဘေးမဖြစ်သေးတော့ သူတို့ တော်တယ် သူတို့ တတ်တယ် ထင်နေကြတယ်။

  • MaMa

    May 31, 2011 at 2:29 am

    ဆိုင်ကယ်စီးတာ လိုင်စင်မလိုဘူးလား။ စက်တပ်ယာဉ်မောင်းနှင်ခွင့်ဆိုတာ ရှိတယ် မဟုတ်လား။ ထော်လာဂျီတွေလည်း ဆိုးတာပဲ။ ထော်လာဂျီတွေ့ရင် ဝေးဝေးက ရှောင်ရတယ်။

    • susunosuki

      June 4, 2011 at 5:20 am

      ထော်လာဂျီ ဆိုးတာတော့ ကမ်းကုန်ပါပဲ။ တလောက ထော်လာဂျီသမားတစ်ယောက်နဲ့ရွှေပြည်သာမြို့နယ်မှာ ဆုံတော့စကားပြောဖြစ်ကြတယ်။
      လိုင်စင် လည်းလုပ်မနေတော့ပါဘူးဗျာ တဲ့။ လိုင်စင်ရှိလည်းဖမ်းတာပဲတဲ့။ ဒီလိုကွင်းရှောင်မောင်းတာမှ ပိုပြီး ကောင်းသေးတယ်တဲ့။
      လိုင်စင်လုပ်လိုက်ရင် ယာဉ်ရဲ့ တန်ဖိုးပိုများသွားမှာကို မကြိုက်ကြဘူး။

  • etone

    May 31, 2011 at 3:54 am

    လိုင်စင်သာ မရှိတာ တရားမဝင်တဲ့ နည်းနဲ့ ဆိုင်ကယ်တွေ သွင်းထားတာ ပလူကို ပျံလို့ … ။
    လှိုင်သာယာထဲမှာလည်းရှိတယ်… ။ တဘုန်းဘုန်းနဲ့ ဖုန်တလုံးလုံးကြားထဲ သူတို့ကိုယ်သူတို့ ဂျိမ်းစ်ဘွန်းများမှတ်နေသလားထင်ရတယ် ……. ။ အရေးယူမှူတွေ ထိထိရောက်ရောက်လုပ်သင့်ပါပြီ ။

  • Shwe Tike Soe

    May 31, 2011 at 5:27 am

    ဆိုင်ကယ်ကယ်ရီရှိတာတော့ ကောင်းပါတယ်.. ဒါပေမယ့် ကျွမ်းကျင်ပြီးစည်းကမ်းရှိရှိ မောင်းသူတွေကို
    အဖွဲ.တစ်ခုအနေနဲ. စနစ်တကျ သတ်မှတ်ပေးရင်ပိုကောင်းမယ်..
    အခုတော့ ဦးသူတင် ဆိုတော့ ခရီးသည်ရအောင်လုယက် မောင်းကြ၊ ခရီးသည်လုရင်ရန်ဖြစ်ကြနဲ. အန္တရာယ်များတယ်..

  • nature

    May 31, 2011 at 10:11 am

    ဗီယက်နာမ်မှာ ဆိုင်ကယ်စီးတဲ့သူတွေချီးကျူးဖို့ကောင်းတယ်၊ စီးတဲ့သူတွေတပြုံတမကြီးပဲ။ တယောက်နဲ့တယောက် မတိုက်မိကြဘူး၊ ဘရိပ်ကအရမ်းမိတယ်၊ စီးတဲ့သူတွေကလည်းကျွမ်းတယ်။ ဆိုင်ကယ်ဆိုတာကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတနိုင်ငံ အနေနဲ့ လိုအပ်တယ်ထင်တာပဲ။

  • mayhtet

    May 31, 2011 at 12:07 pm

    မန်းလေးမှာလဲဆိုင်ကယ်တွေကတစ်နှစ်နဲ့တစ်နှစ်ပိုပိုပြီး တိုးလာတယ် (5)တန်းကလေးတွေတောင်မှ အိမ်ကဆိုင်ကယ်တွေပေးလွှတ်လိုက်တာ မစိုးရိမ်ကြဘူးလားမသိဘူး။ ကလေးတွေဆိုတော့ စီးချင်းသလိုစီး ကွေ့ချင်သလိုကွေ့ဆိုတော့ သူတို့ကိုတွေ့ရင်ကိုယ်ဘက်ကနေ အရင်ရှောင်ရတယ်လေ။
    နောက်ဆိုရင်ညီမတို့ မန်းလေးကနာမည်ပျောက်ပြီး ဆိုင်ကယ်မြို့တော်ဖြစ်တော့မယ်ထင်တယ်နော်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 31, 2011 at 5:44 pm

    ကလေကချေ စစ်အာဏာရှင်တွေလက်ထက်မှာ
    ပေါက်လွှတ်ပဲစား
    လိုင်စင်မရှိတဲ့ ယဉ်ရထားတွေ
    ပေါများတာကိုများ အထူးဆန်းလုပ်ပြီးပြောနေကြတယ်
    အဲ့ဒါတွေ ပပျောက်သွားအောင်
    ခင်ဗျားတို့ ဘာလုပ်ပေးနိုင်လို့လဲ 🙁 🙁 🙁 ????

  • မမလေး

    June 4, 2011 at 5:01 am

    ဆိုင်ကယ်ဆိုမှ ဆိုင်ကယ်စီးသင်တုန်းက တစ်ရက်တည်းတတ်တာ … သင်တုန်းက မမှောက်ဘူး … တတ်သွားမှ မှောက်တာပဲ .. he he 😛

  • htwesan

    June 4, 2011 at 1:08 pm

    ရန်ကုန်တိုင်းမင်္ဂလာဒုံမြို့နယ်နှင့်ဝါယာလတ်ဈေးများတွင်လိုင်စင်မဲ့ဆိုင်ကယ်တွေသောင်းကျန်နေတာကို
    အရေးယူပေးဖို့တင်ပြချင်ပါတယ်အခုအချိန်ကျောင်းဖွင့်ချိန်မှာကျောင်းသားတွေအတွက်ရောလူကြီးသူမတွေအတွက်ပါအန္တရာယ်များရှိလို့အမြန်ဆုံးအရေးယူပေးကျပါလို့တင်ပြအပ်ပါသည်

Leave a Reply