လူသုံးယောက် သဘော်တစင်းစီးပီး ခရီးထွက်တယ်။ သဘော်က လမ်းလယ်မှာပျက်သွားတယ်။ သူတို့သဘော်ပျက်သွားတဲ့နားက ကျွန်းက လူသားစားတဲ့ လူရိုင်းတွေ နေတဲ့ကျွန်း……

လူရိုင်းခေါင်းဆောင် – မင်းတို့သုံးကောင်ကို သတ်ပစ်ရလိမ့်မယ်

လူသုံးယောက် – မလုပ်ပါနဲ့…ဘာခိုင်းခိုင်း လုပ်ပေးပါ့မယ်..အသက်တော့ချမ်းသာပေးပါ..

လူရိုင်းခေါင်းဆောင် – ဒါဆို မင်းတို့ကို အချိန်နာရီဝက်ပေးမယ်…နာရီဝက်အတွင်းမှာ အမျိုးတူ အသီး 10 လုံးယူလာခဲု့က။ ဒါဆိုရင် အသက်ချမ်းသာခွင့်ပေးမယ်.အဲဒီတဆင့်အောင်မြင်သွားရင် နောက်တဆင့်ထပ်ခိုင်းမယ် အဲဒါကိုပါ လုပ်နိုင်မယ်ဆိုရင် မင်းတို့မြို့ကို ပြန်တဲ့လမ်း ညွန်ပြလိုက်မယ်……..

15 မိနစ်ခန့်အုကာ…………….

ပထမလူ – ပန်းသီ 10 လုံးနဲ့ပြန်လာတယ်။

လူရိုင်းခေါင်းဆောင် – ကဲ မင်းက ပထမအဆင့်တော့ အောင်မြင်ပီ ဒုတိယအဆင့်ကိုခိုင်းမယ်။ မင်းယူလာတဲ့အသီး 10 လုံးကို တလုံးချင်းစီ ဖင်ထဲ ထည့်ပြရမယ်။ ထည့်နေတဲ့အချိန်အတွင်းမှာ မငိုရ၊ မမဲ့ရ၊ မအော်ရ၊ အမူအရာ မပျက်ရဘူး။ တကယ်လို့ အမူအရာပျက်ခဲ့ရင် မင်းကိုသတ်မယ်။ မပျက်ရင်တော့ မြို့ပြန်လို့ရတဲ့လမ်းကို ညွန်မယ်………

ပထမလူ – ပန်းသီး ငါးလုံးမြောက်မှာ …မျက်နှာမဲ့သွားတယ်..

လူရိုင်းခေါင်းဆောင် – သတ်စေ…………………………….

25 မိနစ်ခန့်အုကာ…………………….

ဒုတိယလူ – ညောင်သီး 10 လုံးနဲ့ ပြန်လာတယ်.

လူရိုင်းခေါင်းဆောင် – ပထမလူအတိုင်းပဲ လုပ်စေ.

ဒုတိယလူ – သူကတော့ အေးဆေးပေါ့။ ညောင်သီးက သေးတယ်လေ…..ဒါပေမဲ့ 10 လုံးမြောက် ထည့်တော့မယ့်အချိန်မှာ……

ရီစရာတစ်ခု တွေ့ပီး အူလှိုက်သည်းလှိုက် ရီလိုက်မိတယ်.

လူရိုင်းခေါင်းဆောင် – သတ်စေ

ပထမလူနဲ့ ဒုတိယလူ ………….. တမလွန်မှာတွေ့ကြတယ်……..

ပထမလူ ၀ိညာဉ် – ကျုပ်ကတော့ ပန်းသီး 10 လုံးမို့ ထားလိုက်တော့ သေသင့်တယ် ..သေပျော်တယ်.ခင်ဗျားက ဘာေုကာင့် ရီလိုက်ရတာလဲ….ခင်ဗျားက မသေသင့်ဘဲ သေရတာ……..

ဒုတိယလူ ၀ိညာဉ် – ကျုပ်မှာလည်း ကျုပ်အဖြစ်နဲ့ ကျုပ်ရှိတယ်…ကျုပ် ညောင်သီး 10 လုံးမြောက် ထည့်တော့မယ့်အချိန်မှာ…..တတိယလူက ဒူးရင်းသီး 10 လုံးကိုင်ပြီး အူယားဖားယားနဲ့ ပြေးလာတယ်…ကဲ.ကျုပ်မရီမိဘဲ နေမလားဗျာ……………

About shwepyiaye

has written 9 post in this Website..