“ငုချယ်ရီ”


တစ်ရက် စစ်ကိုင်းမြို့ထဲကို ရောက်သွားတဲ့အခါ ပန်းရောင်အသွေးတွေနဲ့စိုကြွနေတဲ့ လမ်းဘေးနားက အပင်လေးတွေကို မြင်မိတဲ့အခါ………….
အဲဒီပန်းလေးတွေကို ငုနဲ့ ချယ်ရီစပ်ထားတဲ့ အပင်လေးတွေပါ။
ချယ်ရီပန်းအရောင် အပွင့်ကတော့ ချယ်ရီပန်းထက် နည်းနည်းကြီးတယ်။
အဆုပ်လိုက်ပွင့်တော့ အတော်လေးကိုလှပါတယ်။
နောက်တစ်ပင်ကတော့ ပန်းရောင်ခပ်ဖျော့ ဖျော့ အဖြူဘက်သန်းတယ် ဒါပေမယ့် တစ်မျုးိလှပါတယ။်
ဘယ်လိုပြောပြော မြန်မာပြည်ရဲ့ဘယ်နေရာမှာဘဲဖြစ်ဖြစ် စိန်းလန်းတယ် အပွင့်တွေ အခက်တွေနဲ့ဝေနေတဲ့ သစ်ပင်တွေကို မြင်တွေ့နေရတာ စိတ်ချမ်းသာစရာပါ။
နောင်လဲ လှပသော ရုူ့ခင်းပုံလေးတွေမြင်ရင် မျျဝေခံစားပါအုံးမယ်နော်။

12 comments

  • manawphyulay

    May 22, 2011 at 11:31 am

    လှလိုက်တာနော်။ ဒီလို ငုချယ်ရီပင်မျိုးတစ်ခါမှ မတွေ့ဖူးဘူး။ ရန်ကုန်မှာတော့ ငုဝါပန်းပင်တွေကတော့ တစ်ပင်လုံးဝါထိန်နေတာတော့မြင်ဖူးတယ်။

  • mihninlay

    May 22, 2011 at 11:39 am

    အဲဒီပန်းလေးတွေလဲမမြင်ရတာကြာပေါ့

  • mnoe

    May 22, 2011 at 12:27 pm

    လှလိုက်တာနော်။ အဲဒီပန်းမျိူး မြင်လဲမမြင်ဖူးဘူး။ ကြားလဲမကြားဖူးဘူး။ ဘယ်မှာပေါက်တာလဲဟင်။ ရန်ကုန်မှာ စိုက်လို့ရလား။ မျူးိလိုချင်လို့။

  • weiwei

    May 23, 2011 at 2:01 am

    ရန်ကုန်မှာလဲ ရှိတယ် … MG မှာတောင် ကျွန်မကိုယ်တိုင်ဓါတ်ပုံရိုက်ပြီး တင်ခဲ့ဖူးသေးတယ် …. အောက်ဆုံးက အပင်မျိုး ကျွန်မအိမ်မှာရှိတယ် … ပွင့်တဲ့အခါ တော်တော်လှတယ် … အခုတော့ မိုးရွာလို့ အကုန်ကြွေကုန်ပြီ …

  • MaMa

    May 23, 2011 at 2:17 am

    ကိုပေါက်ရေ ပုံတွေကို ချုံ့ပြီးတင်ထားတာလား။ ကူးပြီး desktop ပေါ်တင်တော့ ပုံက ဝါးနေတယ်။

  • kopauk mandalay

    May 23, 2011 at 6:06 am

    မမရေ အရင်လိုဘဲတင်ထားတာပါ။
    ဒါပေမယ်မယ့် ဒီတစ်ခါ canon ကင်မရာနဲ့ရိုက်လိုက်လို့ ဖြစ်မယ်ထင်တယ်။
    ကျနော် လဲ ဒက်စတော့ တင်ထားတယ် ။
    ဒီမှာတော့ မဝါးဘူးရယ်။
    ပြန်တင်ကြည့်ပါအုံးနော်။

  • hokg

    May 23, 2011 at 6:29 am

    ပုံတွေကို ဒီတိုင်း copy ကူးတင်ရင်တော.ဝါးတယ် မမရေ…
    တစ်ပုံချင်းဆီကို right click နှိပ်ပြီး open link in New Tab နဲ.ဖွင်.ပြီး Download လုပ်ပြီးတင်ကြည်.ပါ။
    မဝါးပါဘူး..။ ဆရာလုပ်တာ မဟုတ်ဘူးနော် .. ။ ပြောပြတာပါ..။

  • hokg

    May 23, 2011 at 6:36 am

    ပုံတွေက resolution ကောင်းပါတယ်…။
    ကျနော် လဲကူးတင်ထားလိုက်ပြီ..။

  • လင်းဝေကျော်

    May 23, 2011 at 9:31 am

    ကျွန်တော်သိပ်ကြိုက်တဲ့ ပန်းပင်ပါပဲ။
    လှတယ် ငယ်ငယ်ကတည်းက ငုစပ်ချယ်ရီပန်းတွေကို မြို့တွေက လမ်းတွေတလျောက် စိတ်ကူးနဲ့ လိုက်စိုက်ပြီး
    မြန်မာ နွေရာသီက အရမ်းအလှဆင်ကြည့်နေတာ။
    ငုဝါ၊ စိန်ပန်း နဲ့ ငုစပ်ချယ်ရီတွေကို မြန်မာ တပြည်လုံး လမ်းမတွေအပြည့် စိုက်ထားရင် အရိပ်လည်းရ၊
    နွေလည်းလှ နဲ့ ကမာ္ဘမှာမြန်မာ့နွေက ပူသလောက်လှတယ် လို့ သတင်းကြီးမှာပါ။

  • လင်းဝေကျော်

    May 23, 2011 at 9:32 am

    ကျွန်တော်သိပ်ကြိုက်တဲ့ ပန်းပင်ပါပဲ။
    လှတယ် ငယ်ငယ်ကတည်းက ငုစပ်ချယ်ရီပန်းတွေကို မြို့တွေက လမ်းတွေတလျောက် စိတ်ကူးနဲ့ လိုက်စိုက်ပြီး
    မြန်မာ နွေရာသီကို အရမ်းအလှဆင်ကြည့်နေတာ။
    ငုဝါ၊ စိန်ပန်း နဲ့ ငုစပ်ချယ်ရီတွေကို မြန်မာ တပြည်လုံး လမ်းမတွေအပြည့် စိုက်ထားရင် အရိပ်လည်းရ၊
    နွေလည်းလှ နဲ့ ကမာ္ဘမှာမြန်မာ့နွေက ပူသလောက်လှတယ် လို့ သတင်းကြီးမှာပါ။

  • MaMa

    May 24, 2011 at 12:07 am

    ကျေးဇူးပါ hokg. ဝေဝေပြောမှ သတိရတယ်။ ဝေဝေပုံတွေတုန်းကလည်း ကူးထားလိုက်သေးတယ်။ အဲဒီပုံတွေကို ဆူးတင်တာလို့ ထင်နေတာ။

Leave a Reply