The latest marketing of private educational services in Myanmar

fattyMay 22, 20111min894

တကယ်ဆိုရင်တော့ ကျနော်အခုရေးမယ့်အကြောင်းအရာကို local journal တစောင်စောင်မှာရေးဖို့ကောင်းမယ်လို့ထင်ပါတယ် ။ ဒါပေမဲ့လေ ကွန်ပြူတာစဖွင့်ကထဲက
MG ကိုဘဲ အရင်ဖွင့်ဖြစ်တာ အကျင့်ပါနေပြီမို့ မထူးတော့ပါဘူး … ဒီမှာဘဲရေးဖြစ်ပါတော့တယ် ..။

ကျနော်တခါက သူငယ်ချင်းတစ်ယောက်ရဲ့သား .. ၁ဝ တန်းအောင်ပြီး ပုဂ္ဂလိကကျောင်းမှာသွားထားလိုက်တာ ၃ နှစ်သာ ကုန်သွားရော ဟိုမရောက်ဒီမရောက် ဖြစ်နေလို့
ကျနောံ့ဆီလာပြီးတိုင်ပင်တဲ့အကြောင်းလေးရေးဖြစ်ပါတယ် …. ဖတ်မိတဲ့သူလဲဖတ်မိကြမှာပါ ..။

နောက်ဆက်တွဲပြသနာက ဒီလို ……..။ အဲဒီကလေးက အဲဒီကျောင်းမှာဆက်မတက်ချင်တော့ပါဘူး ..။ သူ့မိဘတွေကလည်းဆက်မထားချင်တော့လို့ deposit သွင်းထားတဲ့
ငွေကိုပြန်တောင်းပါတော့တယ် ..။ တော်တော်နဲ့ပြန်ထုတ်မပေးဘဲ ဟိုအကြောင်းပြ ဒီအကြောင်းပြ … တလလောက်ကြာသွားပါတယ် …။

အဲ ရုတ်တရက်ကြီး အခြေအနေ ကပြောင်းသွားပါတော့တယ်ဗျာ ..။ ကလေးက အဲဒီကျောင်းမှာဘဲ နောက်တနှစ် ပြန်တက်ချင်ပြန်ပါတယ်တဲ့ ..။
သူ့မိဘတွေကလည်းနားမလည် ကျနော်လည်းနားမလည်နိုင်အောင်ဖြစ်ကုန်ကြပါတယ် …။
အဲဒီကျောင်းနဲ့ အခြေအတင် စကားများကြပြီးကာမှ … ဘယ်လိုများဖြစ်ကြပါလိမ့်ပေါ့ …..။

နောက်ဆုံးတော့ အတွင်းကျကျ ဝင်ပြီးစုံစမ်းကြည့်တော့မှ …. ဒီလို ဒီလို … အဲဒီကျောင်းက ဝန်ထမ်းကောင်မလေးနဲ့ ကြိုက်သွားကြပြီး .. အဲဒိကျောင်းမှာဘဲ
ဆက်တက်မယ်ဖြစ်တော့ဒါပါဘဲ …။ စုံစမ်းကြည့်တော့ အဲဒီ ကလေးမလေးနဲ့ ရီးစားဖြစ်ပြီး ကျောင်းဆက်တက်နေတဲ့ ကျောင်းသား က သုံးလေးယောက်လောက်ရှိသတဲ့ဗျား
………………….. ကဲ သီအိုရီ ထဲမှာပါအုံးမယ်မထင်တဲ့ marketing ……….။ door to door ပြီးတော့ sex to sex ထင်ပါရဲ့ …။

4 comments

  • MaMa

    May 22, 2011 at 9:42 am

    ဆရာကြီး အီကြာကွေး အော်သလိုပဲ အော်လိုက်တော့မယ်။ ဟိုက် ရှာလပတ်ရည်။

  • ဆူး

    May 22, 2011 at 2:06 pm

    အဲဒီ ကောင်မလေးက လည်း ကျောင်းပိုင် ပစ္စည်း ငွေဝယ်ကျွန် အသုံးတော်ခံကျနေတာပဲ အဲလိုတော့ မလုပ်သင့်ဘူး။
    ကျောင်းမှာ ပြသနာ ရှိတာလား.. လူကပဲ ကဲလို့လား။
    မိန်းကလေး တယောက်က အလုပ် အတွက် အဲလောက် ပေးဆပ်စရာမှ မလိုတာ။

  • bigcat

    May 22, 2011 at 3:59 pm

    ကျောင်းဘက်ကကြည့်တော့ ကောင်မလေးက ဝန်ထမ်းကောင်း၊ ဦးဖက်ဘက်ကကြည့်တော့ လူဆိုးပေါ့ဗျာ။ ကျနော်ကတော့ ကိုယ်တိုင်သာ သွားတက်လိုက်ချင်တော့တာပါပဲ….

  • nature

    May 22, 2011 at 4:37 pm

    ပညာရေးစံနစ်ကြီးကဘယ်လိုလုပ်ကောင်းတော့မျာလဲ။ ပညာရှာတဲ့ကျောင်းလားဟိုဟာရှာတဲ့ကျောင်းလား။

Leave a Reply