ချစ်တာကို တလွဲမမြင်ကြပါနဲ.

ကျွန်တော်တို. အရပ်ထဲမှာ အလုပ်မှာ သူငယ်ချင်းတွေကြားမှာ သိသူတွေကြားမှာ မသိသူတွေကြားမှာ
အချင်းချင်း ခင်မင်လို.စတာနောက်တာဘဲဖြစ်ဖြစ် တမင်နှိမ်ချင်လို.အပုတ်ချတာဘဲဖြစ်ဖြစ်
ကိုယ်လဲ သေသေချာချာ မသိဘဲနဲ.ပါးစပ်အားနေလို. အတင်းအုပ်တာဘဲဖြစ်ဖြစ်
ဒီကောင်က ” မယက”ပါကွာ၊
ဒီကောင်မကတော. “ပိုးထိုး ဓါတ်လို်က်မ” ပါအေလို.များ
အပြောခံရရင် ဘာကြောင်.ဘဲပြောပြော သိပ်ကို အခံရခက်ပါတယ်။
အမှန်ကတော. ချစ်လွန်းလို. အလိုလိုက်ကြတာ ကိုလူတွေက နာမည်ဆိုးတတ်ကြတယ်လို. ကျွန်တော်ကတော.ထင်ပါတယ်။
အားနွဲတဲ.မိန်းကလေးက”ပိုးထိုး ဓါတ်လို်က်မ” လို.အခေါ်ခံရတာ သိပ်နာစရာ မကောင်းပေမဲ.
ကျွန်တော်တို.လို ယောက်ျားဘသားတွေ အိမ်ဦးနတ်တွေကိူ ” မယက”လို.အခေါ်ခံရတာကတော. သိပ်မ မိုက်ပါဘူး။
ဒီ” မယက”နဲ. ပါတ်သက်တဲ.ပုံလေးတစ်ပုံတော.ဖောက်သည်ချလို်က်ပါအုံးမယ်။
ူသိပြီးသားဆိုရင်တော. စိတ်မရှိပါနဲ.လို.ဘဲတောင်းပန်ပါတယ်။
တစ်ခါက ဟိုတောင်ပေါ်`ရွာလေးတစ်ရွာမှာ ပေါ.ဗျာ။
ရှေး အစဉ် အဆက်ကတည်းက ယောက်ျားတွေက မိ်န်းမတွေအလိုကျ နေထိုင် ကြပါသတဲ.။
မိန်းမက ဒါဆိုရင်ဆန်.ကျင်ပြီး တော. ဟိုဟာလုပ်ဘို.စိတ်တောင် မကူးဘူးကြပါဘူးတဲ.။
သူတို.မိန်းမများကလည်း သူတို.ပြောတဲ.အတိုင်းမလုပ်လို.ကတော. အတော်လေးကိုဗျောက်ဖောက်တတ်ကြပါသတဲ.။
သည်တော.နားပူမခံနိုင်တော.လည်း အလိုလိုက်ကြပါသတဲ.။
ဘာနိုင်ကွက်များကိုင်ထားလည်းတော. တို.လည်းမသိတတ် ပါဘဲ။
ဒါနဲ.နှစ်တွေကြာလာတော. နောက်တက်လာတဲ. လူငယ်တွေက တခြားရွာက လူတွေနဲ. တွေ.ရင် ” မယက”ရွာကလားလို. အမေးခံရရင် သိပ်ရှက်ကြပါသတဲ.။
အဲဒါနဲ.တစ်ရက်တော.လူငယ်တစ်ယောက်က “ငါတို. သည်လိုသိက္ခာ အကျခံနေရတာ သိပ်တော.မကောင်းဘူးကွာ ၊
ငါတို. တတွေ ဒီလိုအနှိ်မ်ခံရတဲ. ဘဝကလွတ်အောင်ဘယ်လို လုပ်ရင်ကောင်းမလဲလို.ဝိုင်းစဉ်းစားကြရင်ကောင်းမယ် လို.
ပြောပါသတဲ.။
တစ်ရက်တော. သူတို.ယောက်ျားတွေက လယ်ထဲသွားမယ်ဆိုထွက်လာပြီး ရွာ အပြင်တောအုပ်ထဲရောက်တော.ခပ်လှမ်းလှမ်းမှာ
ရှိတဲ. ကျောက်ဂူထဲဝင်ပြီး မယက ဘဝက လွတ်မြောက်ရေးအတွက် တိုင်ပင်ဘို.စုဝေးကြပါသတဲ.။
ခေါင်းဆောင်တစ်ယောက်ကိုလည်းရွေးမယ် သူစကားကိုလည်းနားထောင်မယ် သူဆုံးဖြတ်တဲ.အတိုင်းလဲလိုက်နာကြမယ်ပေါ.လေ။
အပြင်မှာလည်းကင်းစောင်.တစ်ယောက်ချထားလိုက်ပါတယ် တကယ်လို.များမိန်းမတစ်ယောက်ယောက်ဖြတ်လာတာမြင်ရင်
ချိုး ကူသံ 3ချက်ပေးရမယ် ဒါမှလူစု အချိန်မီခွဲနိုင်မယ်ဆိုပြီး စီစဉ်ထားကြပါသတဲ.။
ဖြစ်နိုင်မယ်ထင်တာလေးတွေကိုတစ်ယောက်ကပြောလိုက်ရင်.အစည်းအဝေးများထုံးစံအတိုင်းတစ်ယောက်တပေါက်နဲ.ကန်.ကွက်
ကြ ထောက်ခံကြနဲ. အချိန်သာတော်တော်ကြာသွားတယ် အဖြေက ရမလာဘူး။
အဲဒီတော. တစ်ချို.ကလဲ မိန်းမတွေ ထမင်းလာပို.ချိန်လဲနီးလာ အဖြေကလည်းမတိုးတက်ဆိုတော. သိများသိလို.ကတော.
မိုးမီးလောင်ပြီဆိုပြီး ကြိုကြောက်တဲ.သူကလည်းကြောက်သတဲ.။
အချိန်ကြာလာတော.တစ်ချို.က ပျင်းလာ ပြန်ချင်လာပေမဲ. တစ်ချို.ကလံ တက်တက်ကြွကြွကိုဆွေးနွေးနေကြပါသတဲ.။
အဲဒီအချိန်မှာ ဘဲ အပြင်ဘက်က ချိုးကူသံလဲ ကြားလိုက်ရော အားလုံး ကြောက်လန်.တကြား ဝရုန်းသုန်းကားနဲ.ထွက်ပြေးကြပါသတဲ.။
ခဏနေမှ ကင်းစောင်.တဲ.သူက ဘယ်သူမှမလာပါဘူး ချိုးနှစ်ကောင်မိတ်လိုက်တာမြင်လိုက်တော. ယောင်ပြီးကူမိတာပါလို.
အော်ပြောလိုက်မှာ ကျောက်ဂူထဲကို အသီးသီးပြန်ဝင်သွားကြပါသတဲ.။
အဲဒီအချိန်မှာ အပြင်က နေပြန်ဝင်လာကြတဲ.သူတွေက သူတို.လိုထွက်မပြေးဘဲအိန္ဒြေမပျက်ထိုင်ကျန်နေခဲ.တဲ.သူတစ်ယောက်ကို
ိုတွေ.လည်းတွေ.လိုက်ရော အားလုံးက ခေါင်းဆောင်တော.ရပြီဆိုပြီးသိပ်ကိုဝမ်းသာသွားကြပါသတဲ.။
ဒါနဲ.ဘဲသူ.ကိုခေါင်းဆောင်တင်မယ် လို.တညီတညွတ်ထဲဆုံးဖြတ်၊
ခေါင်းဆောင်ကြီးလို.ဝုိုင်းအော်တဲ.ပြီး ထမ်းမယ်လို. အဲဒီလူကို ထိလဲထိလိုက်တဲ.အခါ ဝုန်းကနဲ နောကြ်ပန်လဲကြသွားပါလေရော။
ဒါနဲ. ဝိုင်းအုံပြီး ကြည်.လိုက် တော.မှ အသက်မရှိတော.တာကိုတွေ.လိုက်မှ ငိုရမလို ရီရမလိုဖြစ်ကုန်ပါသတဲ.။
အမှန်ကတော. အကြောက်လွန်ပြီးသေသွားပါတာ။
ဒါနဲ.ပဲ မယက ပပျောက်ရေး အစီအစဉ်တွေလဲ ပျက်ပြီး အရင် လို ဟန်မပျက်ပြန်ဖြစ်သွားကြပါသတဲ.။
မိ်တ်ဆွေတို.ရေ ချစ်လွန်းလို. အလိုလိုက်တာကို ကြောက်လို.ပါလို. ထင်ရင်ဖြင်.သိပ်ကိုဝမ်းနည်းစရာကောင်းပါတယ်။
ဒါကြောင်.အချစ်ကို တစ်လွဲမမြင်ကြပါနဲ.လို.တောင်းပန်လိုက်ပါတယ်ဗျာ။
အော်မေ.နေလို. မယက ဆိုတာကတော. မယားကြောက်ဆိုတာ သိကြမှာပါ။
ပိုးထိုးဓါတ်လိုက်ဆိုတာကတော . ပိုးထိုးတာက လောက် ဓါတ်လိုက်တော.ကျဉ်ပါတယ် လောက်ကျဉ်တော.
လင်ကြောက်ပါခင်ဗျာ။
ဒါပါပဲနော်။

4 comments

  • susunosuki

    May 1, 2010 at 11:03 am

    တကယ့်ကိုရယ်ရပါတယ်
    ကျန်နေတဲ့တစ်ယောက်ကသတ္တိရှင်ကြီးပေါ့

  • zoxnet

    May 1, 2010 at 11:44 am

    မထင်ပါဘူးဗျာ။ ကျွန်တော်ကလည်း အချစ်ကို စော်ကားရင် စစ်ခင်းမယ့် သူဗျ။

  • zoxnet

    May 1, 2010 at 11:52 am

    ကိုပေါက်ရေ… အစ်ကို့ရဲ့ တဂ် ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး ဆိုတာကို Space နည်းနည်း စီ ခြားလိုက်ပါလား။ ဒီဘက်ကို အရမ်းကျွံထွက်နေလို့။ စာနှစ်လုံးခြားစီး စပေ့စ် ပုတ်လိုက်ရင် ကြည့်ကောင်းသွားမယ်။ အပြင်ကျွံမှာ မဟုတ်တော့ဘူး။ ဆရာ လုပ်တာမဟုတ်ဘူးနော် အစ်ကို။ အကြံပေးတာပါ။

  • kopauk mandalay

    May 1, 2010 at 12:18 pm

    ညီပြောတဲ.အတိုင်းစာလုံးလှအောင်ပြင်ပါမယ်။
    ကွယ်လွန်သွားပြီဖြစ်တဲ. ဆရာကံချွန်ကပြောဘူးတယ်။
    အမှားထောက်ပြတာ ပြင်စေချင်တာကိုပြောပြတာ ချစ်လို.တဲ.။
    အမြင်ကပ်မှတော.ဖြစ်ချင်ရာဖြစ် ပစ်ထားလိုက်မှာတဲ.။
    ဒါဆိုကျနော်.သဘောကိုညီလေးပေါက်လောက်ပါပြီ။
    ကျေးဇူးပါညီရေ အကိုက ရေးချင်တာဘဲသိလို.ပါ။
    မကျွမ်းကျင်သေးပါဘူး။

Leave a Reply