မြန်မာ့ဆိုင်းဝိုင်းများတွင် အနောက်တိုင်းတူရိယာမသုံးရ

kaiDecember 26, 20091min1463

မြန်မာ့ဆိုင်းဝိုင်းများတွင် အနောက်တိုင်းတူရိယာမသုံးရန် ညွှန်ကြားချက်ငါးခုထုတ်ပြန်

မန္တလေး၊ ဒီဇင်ဘာ ၁၉။   ။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များကျင်းပပြုလုပ်မြဲဖြစ်သည့် အလှူမင်္ဂလာအခမ်းအနားတွင် ငှားရမ်းဧည့်ခံ အသုံးပြုလေ့ရှိသော မြန်မာ့ဆိုင်းဝိုင်းများတွင် အော်ဂင်၊ ကီးဘုတ်အပါအဝင် အနောက်တိုင်းတူရိယာပစ္စည်းများအသုံး မပြုရန် ညွှန်ကြားချက်ငါးချက်ကို သဘင်ပညာရှင်များအစည်းအရုံး(ဗဟို)က ညွှန်ကြားလာကြောင်း မန္တလေး မဟာအောင်မြေမြို့နယ်သဘင်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြောကြားသည်။

မန္တလေးမြို့ပေါ်တွင် မြန်မာ့ရိုးရာ ဆိုင်းအဖွဲ့ပေါင်း ၄ရ ဖွဲ့ရှိသည်။ ယင်း ညွှန်ကြားချက်ကို အနုပညာဦးစီးဌာနက သဘင်ပညာရှင်များအစည်းအရုံး(ဗဟို)သို့ နိုဝင်ဘာ ၃ဝ ရက်တွင် ညွှန်ကြားခဲ့ပြီး သဘင်ဗဟိုမှ မြို့နယ်ဆိုင်းအဖွဲ့များ ကို ဒီဇင်ဘာလ ၁ဝ ရက်နေ့က ညွှန်ကြားချက်ထပ်မံပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ¤င်းထံမှသိရသည်။
ညွှန်ကြားချက်ငါးချက်မှာ မြန်မာ့ရိုးရာဆိုင်းအဖွဲ့များသည် မြန်မာဆိုင်းသမားစဉ်အတိုင်း တီးခတ်ရမည်၊ မြန်မာ့ရိုးရာဆိုင်းဝိုင်းကြီးများနှင့် အနောက်တိုင်းတူရိယာများဖြစ်သော အော်ဂင်၊ ကီးဘုတ်၊ ဘင်သီဆိုက်ဇော၊ ဒရမ်ဆက်၊ ဂီတာ၊ အနောက်တိုင်းလေမှုတ်တူရိယာများ၊ မြန်မာ့ရိုးရာနှင့် မကိုက်ညီသော တူရိယာများနှင့် တွဲဖက်အသုံးပြုတီး မှုတ်ဖျော်ဖြေခြင်းမပြုရန်၊ မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကြီးနှင့် တွဲဖက်သီဆိုသောအဆို တော်များသည် မြန်မာ့ရိုးရာယဉ်ကျေးမှု နှင့် ဖီလာဆန့်ကျင်သော ဟီရိဩတ္တပတရားကင်းမဲ့သည့် လျှပ်ပေါ်လော်လီ သော သရုပ်ပျက်ဝတ်စားဆင်ယင်ခြင်း များကို မပြုလုပ်ရန်၊ မြန်မာ့ရိုးရာဆိုင်းဝိုင်းဖျော်ဖြေတင်ဆက်မှုတွင် ဆိုင်းအဆိုတော်များသည် ဆိုင်းဝိုင်းကြီးရှေ့တွင် သီဆိုဖျော်ဖြေခြင်းမပြုလုပ်ရန်၊ မြန်မာ့ရိုးရာဆိုင်းဖျော်ဖြေမှု၌ လျှပ်စစ်မီးဆလိုက်များနှင့် အသံချဲ့စက်များကို တွဲဖက် အသုံးပြုနိုင်ပြီး မြန်မာ့ရိုးရာဆိုင်းဖျော်ဖြေတင်ဆက်ပွဲများ၌ မြန်မာ့ရိုးရာဆိုင်းဝိုင်းကြီးကို စင်မြင့်ပေါ်တင်၍ ဇာတ်ခုံ ပြင်ဆင်မွမ်းမံခြင်းကိုပြုလုပ်နိုင်သည်တို့ပါဝင်ကြောင်း မန္တလေးမြို့မှ ဆိုင်းပညာရှင်ကြီးငါးဦးက မြန်မာ့ဆိုင်းသမား စဉ်ပညာရပ်များမှာ တိမ်ကောပပျောက်တော့မည်ဖြစ်၍ စောင့်ရှောက်လမ်းညွှန်ပေးရန် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်ပြ ချက်အရ ဌာနက မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟိုထံသို့ အဆိုပါကိစ္စနှင့် ပတ်သက်၍ အကြံပြုတင်ပြခဲ့ပြီး အဆိုပါ အစည်းအရုံး၏ တင်ပြချက်ကို ဝန်ကြီးဌာနက အတည်ပြုပြီးလျှင် မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟိုက လိုအပ်သလို ဆက်လက်အရေးယူ ဆောင်ရွက်သွားရန် ရည်ညွှန်းချက်ပါစာဖြင့် လမ်းညွှန်ခဲ့သည့်အတွက် အဆိုပါဆိုင်းပညာရှင်များနှင့် ဆိုင်းအဖွဲ့များလိုက်နာကျင့်သုံးရန် စည်းမျဉ်းငါးချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း¤င်းကထပ်လောင်းပြောကြားသည်။

မှတ်ချက်။  ။ The Voice Weekly Journal – No.8, Vol 6, December 28, 2009. မှတိုက်ရိုက်ကူးယူဖေါ်ပြသည်။

3 comments

  • susunosuki

    April 18, 2010 at 4:35 pm

    ကျွန်တော်လည်းကြားတယ်
    ကိုသားစုးိတောင် ဒီလိုထုတ်ပြန်လိုက်လို့
    သူ့အရော အမွေတွေကို ကီးဘုတ်ထဲကအသံတွေနဲ့ စပ်ထားရတယ်ဆိုတယ်

  • doekalay

    October 6, 2010 at 7:54 am

    မြန်မာစစ်စစ်ကြီးတွေဆိုတော ့အားလုံးကိုအစစ်ဖြစ်စေချင်တာပဲနေမှာပါ။

  • michaelaungpu

    October 6, 2010 at 8:59 am

    (မြန်မာ့ဆိုင်းဝိုင်းများတွင် အနောက်တိုင်းတူရိယာမသုံးရ ) အမိန် ့ထုတ်တဲ့လူကရောတိုက်ပုံအ င်္ကျီဝတ်ထားသလားကွဟေ
    မြေဝိုင်းဇာတ်ထဲက လာတဲ့အမိန် ့တော့ မဟုတ်တန်ဘူးထင်တယ်။
    ဂျင်းဘောင်းဘီဝတ်ပြီးနှဲမ မှုတ်ရဆိုရင်ဟုတ်သေးတယ်
    သူ ့နေရာနဲ ့သူ ဖက်စပ်တာတော့ ရှိရပေမပေါ့
    သီးသန် ့ရိုးရာယဉ်ကျေးမှု ့ပွဲဆိုရင်လည်း ထားပါတော့
    မင်းတို ့လည်းချောကလက်မစားနဲ ့ကျောက်ပန်တောင်းထန်းလျှက်ပဲစားကြ(အမိန် ့ထုတ်တဲ့လူကိုကျောတာ ဟီး)

Leave a Reply