ဂျီမေး စကားဝှက် ဘယ်လိုခိုးလဲ..ဘယ်သူလဲ

ဂ်စ္စူMay 23, 20113min19414

ဒီကနေ့ Gmail Account တွေနဲ့ Password တွေကို တစ်နေရာမှာ တွေ့လိုက်ပါတယ်။ ဘယ်လိုဖြစ်တာလဲလို့ တရားခံရှာကြည့်လိုက်တော့ Gmail Login Page ကို မြန်မာလို အတုလုပ်ပြီး User တွေဆီက Password ခိုးထားတာပါ။ Hack တာ မဟုတ်ဘူးနော် ခိုးထားတာ။ ခိုးနည်းက ဘာမှအဆင့်မရှိတဲ့နည်း။ သူလုပ်ထားတဲ့ Gmail Login Page အတုက ဒီမှာပါ။

http://mail.google.phonenwe.net/mmgmail.htm

ကဲကဲ .. တန်ဆာခံတွေ မတိုးပွားရအောင် ဒီလိုမျိုးတွေ ရှောင်ကျဉ်ဖို့ အများပြည်သူကို ရှဲ လိုက်ပါဦး။

ဆက်လက်ပြီး တရားခံ ဘယ်သူဆိုတာကို တင်ပြပါမယ်။ Gmail Page အတုရဲ့ URL ကို ကြည့်ရင် Domain name က phonenwe.net ဖြစ်ပါတယ် .. အဲဒီကို သွားကြည့်လိုက်တော့ လားလား .. ဘုန်ကြီးတစ်ပါးရဲ့ အမည်နဲ့ Website ဖြစ်နေပါတယ်။

http://www.phonenwe.net/

ဘယ်လိုဖြစ်တာလဲ ဘုန်းကြီးကတော့ အဲလိုလုပ်စရာ မရှိပါဘူး။ ဝက်ဆိုက်ဖန်တီးသူကို ကြည့်လိုက်တော့ Page အောက်ဆုံးမှာ sayadaw’s disciples ဆိုတဲ့ ဟာကို ကလစ်လိုက်ရင် website ဖန်တီးရှင်က little.noah@gmail.com ဆိုပြီး တွေ့ရပါတယ်။

အဲဒီက little.noah@gmail.com ဆိုတဲ့ ညဏ်ကြီးရှင်လေးကို Facebook မှာ တက်ရှာလိုက်တော့ –

http://www.facebook.com/moethanttin

http://a6.sphotos.ak.fbcdn.net/hphotos-ak-snc6/250354_186026481450167_100001284482881_509393_7180170_n.jpg

လားလား … တို့ မြန်မာ့တပ်မတော်ကြီးရဲ့ ပြည်ချစ်သား ဂုဏ်သရေရှိ တပ်မတော်အရာရှိကြီး Defence Services Academy က Assistant Lecturer ကြီး Moe Thant Tin ခေါ် Myo Thant Tin ဆိုသူ ဖြစ်နေပါတယ်။

ကောင်းကြသေးရဲ့လားဗျာ။ ခိုးတဲ့သူခိုးက တပ်မတော်မှာ ဆရာ အလုပ်လုပ်နေတဲ့ တပ်မတော်အရာရှိကြီး၊ ပြီးတော့ ဘုန်းကြီး ဝက်ဆိုက်ကို ခုတုံးလုပ်ပြီး ခိုးတယ်။ ကဲကဲ အားလုံးပဲ ဒီသတင်းလေးကို မြန်မာပြည်သူပြည်သားများ သိရအောင် ကြေငြာမောင်းခတ်ပေးကြပါဦး။

နီးစပ်ရာလေးတွေကိုလဲ tag လိုက်ကြပါဦး။ မြန်မာ့တပ်မတော်ကြီးက တာဝန်ရှိသူတွေကလဲ တပ်မတော်ကြီးရဲ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်တဲ့ အဲဒီ ညဏ်ကြီးရှင် သူခိုးလေးကို ထိုက်တန်တဲ့ ရေးယူမှုလေးတွေ လုပ်မယ်လို့ မျှော်လင့်ပါကြောင်း။

ကျော်ဆန်း (မကြီးဆန်း)။

ကယ်.ဘာပြောရမှန်း မသိတော့ပါဘူး..အပေါ်က မြင်တဲ့အတိုင်းပါပဲဗျာ.
အားလုံးကို ရှုပ်ရှက်ခက်နေတာပါပဲလို ့..နည်းမျိုးစုံနဲ ့ ခိုးဖို ့ကြိုးစားနေကြတာဆိုတော့လဲ ..သတိတော့ထားကြပေါ့လေ……….။ ကိုနစ်နေမန်း ဘလော့ဂ်မှ တစ်ဆင့် သိရခြင်းဖြစ်ပါတယ်..။

14 comments

  • phantom

    May 23, 2011 at 2:35 pm

    တခြားဟာတွေခိုးလို့ အားမရလို့နေမှာပေါ့ ဂျီမေးတွေကို ထပ်ခိုးနေပြီဆိုတော့ ဖိနပ်တွေလည်း သတိထားဦး

    • king

      May 23, 2011 at 3:01 pm

      ဟိုက်
      အတွင်း ဝတ် ဘောင်း ဘီ
      😛
      😀
      🙂
      🙁

  • bigcat

    May 24, 2011 at 1:44 am

    အောင်တပ်မတော်ကြီးလည်း ချာပါတီ ချာပါတီ။ (တရုပ်ဆီက ပေါက်စီတောင်းစားပြီးရင် ကုလားဆီက နောက်တမျိုးလှည့်စားမယ်ဆိုတဲ့ တဘောင်လေးပါ…)

  • PinkCandy

    May 24, 2011 at 2:14 am

    ခိုးရုံတင် အားမရဘူး ကလိမ်ကကျစ်ဉာဏ်က ပါလိုက်သေးတယ် 🙁

  • etone

    May 24, 2011 at 2:25 am

    လိမ်ချင်တဲ့ ဝါသနာက အရိုးစွဲနေပုံရတယ် … 😀

  • PaukPhaw

    May 24, 2011 at 4:53 am

    http://mail.google.phonenwe.net/mmgmail.htmခုတော့ Error တက်နေတယ်..ကြည့်လို ့မရဘူး..အရင်ကတော့.ကြည့်လိုက်ရင်တော့ တစ်ကယ်ထင်ရလောင်အောင် ဖန်တီးထားတာလေးပဲဗျဒါပေမဲ့ ဦးနှောက် မသုံးတဲ့သူ၊အယုံလွယ်တဲ့သူတွေအတွက်တော့ ကံဆိုးတာပေါ့ဗျာ.တစ်ကယ်တော့ ခလေးအထားလေးတွေပါအဲ…Password အလွယ်တကူ ခိုးဖို ့ကလဲ ဒီနည်းပဲရှိတယ်ခင်ဗျ.ဒါဟာ Hacking password မဟုတ်ဘူး.Stealing Password ပေါ့..ဘာလို ့လဲဆိုတော့ သူပေးတဲ့လင့်ခ်နောက်မှာ Trojan သို ့မဟုတ်  ကိုယ်ဖြည့်လိုက်တဲ့ password တွေကို သူ ့ဆီ ပို ့ပေးနိုင်တဲ့ တစ်ခုခုပေါ့လေ.အဲတာတွေထည့်ထားပြီး …မလှိမ့်တပတ်နဲ ့ခိုးတာပေါ့.Hacking ဆိုတာဥပမာ-သင့် Password က တစ်လုံးထဲရှိတယ်ဆိုပါဆို ့ဒါဆို ..Hacker တစ်ယောက်က ဟက်ဖို ့အတွက် အနဲဆုံး စာလုံး ၃၆ လုံး မှန်းပြီးဖြည့်ရမယ်လေ..အဲလိုမှန်အောင်ဖြည့်နိုင်ဖို ့ကြာတဲ့အချိန်ဟာ လူတစ်ယောက်ဆိုရင် (၃) မိနစ်ခန် ့  ဖြစ်ပြီး ဟက်ကာများ တီထွင်ထားတဲ့ ပရိုဂရမ်(သို ့) စက်နဲ ့ဆိုရင်တော့  0.000 018 စက္ကန် ့ကြာတယ်လို ့ဆိုပါတယ်အဲတော့ Password ဆယ်လုံး ရှိတဲ့လူတစ်ယောက်ကို ဟက်ဖို ့အတွက် လူတစ်ယောက်ဆိုရင် နှစ်ပေါင်း ထောင်ချီကြာနိုင်ပြီး စက်နဲ ့ဆိုရင်တော့ နှစ်ပေါင်း ခြောက်ဆယ်ခန် ့ကြာနိုင်ပါတယ်….ဒီပုံ ထဲက ဇယားလေးကြည့်ရင် သိနိုင်ပါတယ်..။အဲတော့ လူတစ်ယောက်ရဲ့ password ကို ဟက်ဖို ့အတွက် အင်တန်မလွယ်ပါဘူး ဆိုတာပါပဲ..ကလိန်ကကျစ်လုပ်ပြီး အင်တာနက်ဆိုင်တွေမှာ key-logger ,လိုဟာမျိုုးတွေနဲ ့ဆိုရင်တော့ နားကားမှာပေါ့ဗျာဒါပေမဲ့..အင်တာနက်ဆိုင်တွေက မခိုးပဲ..Cyber user တွေ အသုံးမကျလို ့၊နားမလည်လို ့ သူတို ့ Password များ အပြောင်းခံရတာတွေလဲရှိနိုင်ပါတယ်…ဘာကြောင့် ဒီလိုပြောနိုင်လဲဆိုတော့ တစ်နေ ့က ဗဟန်း ရောက်ပြီး အင်တာနက် ခဏဝင်သုံးဖြစ်တယ်..ကိုယ်မသိတဲ့ဆိုင်ဆိုတော့လဲ မသင်္ကာတာလေးတွေရှာ ပိတ်ပြီး သုံးတာပေါ့ကွန်နက်ရှင်လဲ တော်တော်ကောင်းပါတယ်…ဒါပေမဲ့ Gmail,Facebook တစ်ခုခု ဝင်လိုက်ရင် Firefox မှ Password ကို remember လုပ်မလားပဲ လာလာမေးတယ်..ဟိုဟာဝင်လဲ မှတ်ထားမလား၊ဒီဟာဝင်လဲ မှတ်ထားမလား..အနော်လဲ မှတ်ဖူးမှတ်ဖူးဆိုပြီး ငြင်းငြင်းပြီး သုံးနေရတယ်.တစ်ဆက်ထည်း စဉ်းစားမိတာက တစ်ချို ့တစ်လေ ဘာမသိညာမသိနဲ ့ remember များ လုပ်ထားကြလားဆိုပြီး Firefox ထဲက Save password ကို  ပြန်ကြည့်တော့ godofwar.yz@gmail.com ဂျီမေးလ်လိပ်စာနဲ ့ Facebook password တစ်ခုရခဲ့ပါတယ်.username – godofwar.yz@gmail.compassword – မပြောပါဘူး..ခုထိဝင်လို ့ရနေပေမဲ့ သူ ့ဟာ ကျနော်လဲ စိတ်မဝင်စားဘူး..ပြောင်းလဲ မပြောင်းထားပါဘူး..ခုမှ ဝင်ကြည့်ဖြစ်တာပါ…ဒီမှာ Screen shot ကြည့်ပါတစ်ကယ်လို ့ကျနော်က အဲဒီ Facebook password ကို သိပြီး ပြောင်းလိုက်ပြီဆိုပါဆို ့..ဒါဆို ဆိုင်နာမည်ပျက်ပြီ..လေ.အဲလိုရှိတယ်.တိုရင်းလိုရှင်းပြောရရင်တော့ သူများ password ဟက်ဖို ့မလွယ်ဘူး.တစ်ခါတလေ ကိုယ်ပိုင် password မေ့သွားရင်တောင် ပြန်ရှာဖို ့ ဘယ်လောက်ခက်သလဲ သိမှာပါကလိန်ကကျစ်လုပ်တတ်ရင်တော့ မပြောတတ်ဘူး.သင့် password ပါသွားတယ်ဆိုရင် သင်ညံ့လို ့ဟုမှတ်ပါလို ့ပဲ…။$0l@l<0l<0

    • kaungmyat88

      May 26, 2011 at 1:12 am

      ဟုတ်ပါ့ဗျာ. မနေ့ကလည်း တစ်ခု ဝင်လာသေးတယ် messenger တွေ ထဲကရော mail တွေ ထဲကရော လိုက်ပို့နေတာဗျ … မြန်မာချက်ရွန်း ဆိုပြီး – လာပါသေးတယ် – မြန်မာ နည်းပညာရှင်လူငယ်များ ဖန်တီးထားတဲ့ မြန်မာချက်ရွန်း သို့ ဆိုပြီး http://mmchatroom.my3gb.com/chatroom.html အဲဒီလင့်ကို ပေးတယ်ဗျာ…တော်တော်မိုက်ရိုင်းတယ်ဗျာ… google အကောင့်နဲ့တောင် ဝင်ရတယ်ဆိုပဲ။ ပြီးတော့ မရှိရင်ပဲ ဝင်လို့ရအောင်သာ စီစဉ်ထားသလိုဘာလိုလို ၊နဲ့ တကယ်တမ်း ဝင်လိုက်ရင် – ဝင်ရောက်သုံးစွဲသူ YGNGroupခင်ဗျာ။
      ကျွန်တော်တို ့နည်းပညာအနည်းငယ်လွှဲမှားနေ သည့်အတွက် ပြန်လည်ပြန်ဆင်နေပါသည်။ ထို ့ကြောင့် ကျွန်တော်တို ့YGNGroup မှအထူးတောင်းပန်အပ်ပါတယ် ခင်ဗျာ။
      ကျွန်တော်တို ့လုပ်ထားတဲ့ ချက်ရွှန်းလေးကို လာရောက်တဲ့အတွက် လွန်စွာဝမ်းမြောက်ပါတယ်ခင်ဗျာ။ ဆိုပြီးလည်း လာပါသေးတယ်။ ကျနော့်တို့က ဒါကို မသိဘဲ username နဲ့ password နေရာမှာရိုက်လိုက်မယ်ဆိုရင် သူချိတ်ထားတဲ့ database က မှတ်သားသွားမှာပါ။ ကဲ သတိထားပြီး အဲလင့်ကို လည်း ပြန်ဖြန့်ဝေလိုက်ပါအုံး!

  • Shwe Tike Soe

    May 24, 2011 at 6:33 am

    အခုလို သတိထားရမယ် အကြောင်းအရာလေးကို တင်ပေးတဲ့အတွက်ကျေးဇူးပါ
    သူငယ်ချင်းတွေကိုလဲ ပြောပြလိုက်ပါမယ်….

    • maythakhin

      May 26, 2011 at 7:01 am

      အခုလို သိရတဲ့အတွက် တကယ်ကိုပဲကျေးဇူးတင်မိပါတယ်။ တော်ကြပါတယ်လို့လဲ ချီးကျူးပါရစေ။

  • Myanmar

    May 24, 2011 at 2:07 pm

    Such thing happened before. It was warned in the post by zinmyotun in MG on 10.11.2010. He also mentioned how to notice the fake Gmail home page and how to protect your account. Please refer to his post. http://myanmargazette.net/32500/economic-news-international-news-news-industry-people-in-the-news-us-news-news. I hope it will be useful for the readers.
    @ Admin : Please keep the “category of the post” column in new format. It helps easier to refer the older post. I have read the post by zinmyotun but I could not find it in previous format. Because of the presence of category of the post column in new format, I can refer it again in computer and technology category and share it to the colleagues in MG. Thank you.

  • Yin Nyine Nway

    May 25, 2011 at 2:39 am

    ဘောင်းဘီတိုလေး…ဘယ်ကောင်သမ သွားလဲ လမ်းနေချိန်လေး ခဏလေးပဲ ထင်နေတာ
    လက်ဆက်သတ်တော့ ဒင်းကို

  • kaungmyat88

    May 25, 2011 at 12:13 pm

    ကောင်းလိုက်တဲ့ အကြံ … ခုလို သတင်းပေးတာ ကျေးဇူးတင်ပါတယ်ဗျာ… အခုလို ခိုးယူမှုတွေလည်း များနေပါပြီ။ သူငယ်ချင်းတွေ သတိထားသင့်ပါတယ်။ဟိုတစ်နေ့ကလဲ …. “မြန်မာချက်တင် နည်းပညာကို အဆင့်မြင့်စွာ အသုံးပြုနိုင်ရန် မြန်မာနည်းပညာရှင် လူငယ်များမှ တီထွင် ဖန်တီးပေးလိုက်ပါတယ် ဒီလင့်လေးမှာ ပြုလုပ်နိုင်ပါတယ် http://mmchatroom.my3gb.com/chatroom.html” ဆိုပြီး mail တွေ ထဲ ရောက်လာပါတယ်။ အဲဒါလည်း အမှန် မဟုတ်ပါဘူး။ တော်တော် များများတော့ မှားဝင်မိလို့ ပါသွားကျပါတယ်။ ဘယ်သူတွေများ ဒီလောက် လုပ်ချင်နေလည်း မသိပါဘူးဗျာ။ အားလုံးသတိထားမိဖို့တော့လိုပြီ ထင်ပါတယ်။

  • နွယ်ပင်

    May 26, 2011 at 7:16 am

    အခုလိုသတင်းပေးတာကျေးဇူးတင်ပါတယ် .. သူတို့တွေက လိမ်ချင် ခိုးချင်တဲ့ ဝါသနာလေး အရိုးစွဲနေလို့ ထင်ပါတယ် ….

Leave a Reply