ဂေါဝိန်ဆိပ်အလှ

moonpoemMay 24, 20111min13315
Gaw Wein

မန္တလေးပြန်တုန်းက ဂေါဝိန်ဆိပ်ကိုသွားရင်း အမှတ်တရ ဓာတ်ပုံလေးရိုက်ခဲ့တာကို မျှဝေပေးလိုက်ပါတယ်။
မြစ်ကြီးရယ် တောင်စွယ် နေဝင်ခံနီးအလှလေးရယ်ဆိုတော့ လှတယ်လို့တော့ထင်တာပါပဲ။ ကမ်းပေါ်မှာတော့
ထုံးစံအတိုင်းအမှိူက်ကတော့ နည်းနည်းတော့ ရှိနေပါတယ်။ မြန်မာမျက်စိနဲ ့ခွင့်လွှတ်ပြီး ကြည့်ပေးကြပါနော်။

15 comments

  • moonpoem

    May 24, 2011 at 3:46 am

    သီပေါမင်းနဲ့ စုဖိရားလတ်ကို ခေါ်ဆောင်သွားခဲ့တဲ့ ဂေါဝိန်ဆိပ်ရဲ ့တစ်နေရာဆိုတော့ သမိုင်းထဲက နေရာတစ်ခုအနေနဲ ့ထိန်းသိမ်းသင့်တယ်လို့တော့ ထင်ပါတယ်။

  • etone

    May 24, 2011 at 4:12 am

    ကိုပေါက်လည်း တခါ တင်ဖူးတယ် … ။
    ဒီ ဆိပ်မှာ သီပေါမင်းက မိန်းမကြောက်ရတယ်ဆိုတဲ့ မြင်ကွင်းလေး သမိုင်းမှာ ကျန်ခဲ့တယ် … ။

  • kopauk mandalay

    May 24, 2011 at 6:47 am

    အခုပုံလေးက ပိုလှတယ်ဗျ။
    ကျွန်တော်တင်တုံးက နေ့လည်နေပူကျဲကျဲ ရိုက်ထားတာ။
    အခုနေဝင်ချိန်လေးကပိုလွမ်းစရာကောင်းသလိုဘဲ၊
    အခုမြင်ရတဲ့နေရာတွေကဟိုအရင်ကဆိုရင် တဲအိမ်ဘုတ်စုလေးတွေကြားကနေကွေ့ကောက်သွားရတော့
    အခုထက်ပိုရှုပ်ထွေးပါတယ်။
    နောက်လဲ ဒီလိုပုံမျုးိလေးတွေ တင်ပေးအုံးနော်………………………
    သင်္ဘောဆိပ် ကားဆိပ်တို့ ဈေးတို့ ဆိုတာ ဆူညံလှုပ်ယှားနေမှ အသက်ဝင်တယ်လို့ ယူဆပါတယ်။

    • အခုအနုတ်လက္ခပေးထားတဲ့စာလေးထဲမှာ ဘာများမှားတာပါလို့ အနုတ်လက္ခပေးထားသလဲဆိုတာ
      သိချင်လိုက်တာနော်။
      နောင်ဆိုရင် ဆင်ခြင်ရအောင်လို့ပါ။
      အနုတ်ပေးထားတဲ့ စာထဲမှာပါတဲ့စကားလုံးတိုင်းသည် အမှန်တရားတွေချည်ပါဘဲ၊

  • ဆူး

    May 24, 2011 at 7:19 am

    ကိုကိုပေါ ကို မမလတ်က လက်ဆွဲပြီး အရင်တက်တော့တာပဲ။
    ပုံအမြင်ပြောတာပါ။
    သူများ လက်အောက်ခံ ရောက်နေလို့ စိတ်ဓါတ်တွေ ကျနေလို့ ဇနီးမယား ဖေးကူမှု ယူနေတာလည်း ဖြစ်မှာပေါ့လေ။

  • moonpoem

    May 24, 2011 at 7:49 am

    ဆူးရေးထားတာကို မှားပြီး ဒီလို ဖတ်မိသွားတယ်။ စိတ်ဆိုးရဘူးနော်ပြောပြမယ်။
    ကိုကိုပေါက်ကိုမမဆူးက လက်ဆွဲပြီး အရင်တက်သွားတော့ပဲ ပုံပြင်ထဲမှာပေါ့။ဟိဟိ

  • ဆူး

    May 24, 2011 at 10:37 am

    ကိုကိုပေါက် ကို လက်ဆွဲတာ မဒမ်ပေါက် ဖြစ်ပါလိမ့်မယ်။
    ဆူးကတော့ မဒမ်ပေါက် သမီး အငယ်မလေး အနေနဲ့ အနောက်က လှည်းကလေး ပေါ်မှာ ဆင်းတုန်းပါကွယ်။ ဓါတ်ပုံထဲမှာ မပါလိုက်ဘူး။

  • shweminthar

    May 24, 2011 at 10:39 am

    အဲဒီ ဂေါဝန်ဆိပ် ဘက် ဓါတ်ပုံ ရိုက်ထွတ်တုန်းက ကျနော် ကလေး တစ်ယောက် ကို အင်တာ ဗျူးဖူးတယ်။
    ကလေးက အသက် ၈ နှစ်လောက် ရှိမယ် လို့ ထင်ပါတယ်။ ညနေ မှုန်ဝါးဝါး အချိန် နေဝင်ချိန်မှာ ကလေးများတသိုက် ထမင်းစားဖို့ ပြင်ဆင်နေကြတယ်။ ကနော် လဲ ကလေးတွေဆီသွားပြီး ဗျူးကြည့်လိုက်တယ် ဘာဟင်းနဲ့စားလဲ လို့ မေးလိုက်တော့ ကလေးက ငါးဟင်း မနေ့ကလဲ ငါးဟင်း ဒီနေ့လဲ ငါးဟင်း မနက်ဖြန်လဲ ငါးဟင်းဘဲ စားရအုန်းမယ် ထင်ပါတယ် လို့ပြန်ဖြေပါတယ်။
    ကလေးတွေ ကစားနေတာကြည့်ရတာ အတော်ကိုသနားဖို့ ကောင်းပါတယ်။
    သစ်ရွတ်တွေ သဲတွေ နဲ့ ဆော့ကြရတယ်။ ဖေါ့ပြားတွေတာယာ အစုတ်တွေ နဲ့ ဆော့ ကြရတယ်။
    သနားဖို့ ကောင်းတယ်ဗျာ။

  • kopauk mandalay

    May 24, 2011 at 12:16 pm

    ဟုတ်ပါ့ သမီးတော်ဆူးမမလေးရေ
    ညည်း အာပုကြီး ကိုကိုပေါက်က ဓါတ်ပုံရိုက်ခါနီး သမီးတော်ကို ရှာပါသေးတယ်။
    အထိန်းတော်ကြီးက သမီးတော်လေးက ရှောက်ရှောက်ပူသွားနေတယ်ဆိုတာနဲ့
    နောက်မှလိုက်ခဲ့ဆိုပြိး မြင်းလှည်းပေါ်ချန်ထားခဲ့ရတာပါကွယ်။
    ရွှေမင်းသားရေ
    ဂေါဝိန်ပုံပြင်တွေက ပြောမကုန်နိုင်အောင်ပါဘဲနော်။
    ရွှေမင်းသားက သာ ကလေး ကို တာယာအစုတ်နဲ့ကစားတာကို သနားနေတာ။
    ကလေးဆိုတာကတော့ ဘာနဲ့ ကစားရ ကစားရ ပျော်နေမှာအ မှန်ဘဲ။
    ရွှေမင်းသား ပိုပြီး သနားသင့်တာက ကစားခွင့်မရရှာတဲ့ ကလေးတွေကို ပါနော်။

  • unclegyi1974

    May 24, 2011 at 4:24 pm

    ရွှေမင်းသားရေ ငါးဟင်းနဲ့စားရတာသနားနေရင်
    ထမင်းချည်းဆားနဲ့စားရတဲ့သူတွေဘယ့်နယ့်လုပ်ပ

  • shweminthar

    May 25, 2011 at 3:30 pm

    အန်ကယ်ကြီး အဲလိုပြော တော့လဲ ဟုတ်တာဘဲ
    ကျနော်ဆိုလိုချင်တာ က အဲဒီ ကလေးတွေက ငါးဟင်း ကလွဲလို့ သူတို့မှာ ရွေးစရာ မရှိကြဘူးဗျ
    ငါးမစားချင်လို့ ကြက်ဥ ပြောင်းစားလို့ မရဘူး
    အဲဒါလေးကို ပြောချင်တာပါ။ ငါးဟင်းလို့ ရေးထားလို့ ဟင်းပွဲကိုသွားမမြင်နဲ့ နော် ၊ သူတို့စားတာက ဆီမပါတဲ့ ငါးကင်ကို အတုန်းတုန်းဝေချင်းရေးလုပ်ထားတဲ့ ငါးတုန်းလေးပါ

  • တညင်သား

    May 25, 2011 at 4:05 pm

    မန္တလေး သား/ သူ တွေက ရိုက်ချက်ကောင်းလှချည်လား …..မန္တလေးလာရင် ကျွန်တော်ကိုရော ရိုက်မှာလား …….:P

    • ဆူး

      May 26, 2011 at 3:14 am

      ရန်တုန် လာခဲ့ ရိုက်ပေးမယ်.. အဟိ… ရွာထဲမှာ ရိုက်ထားတဲ့ ပုံလည်း တင်ပေးမယ်။
      သတင်းစဉ် အနေနဲ့ ပါအောင် လုပ်ပေးမယ်။

  • မန်းလေးသားတွေက လူမရိုက်ပါဘူး။
    ဓါတ်ပုံဘဲရို်က်တာပါ၊
    တညင်သားမန်းလေးလာရင် လုံးဝမရိုက်ပါဘူး။
    ကောင်းကောင်းကျွေးမှာပါ။
    စိတ်ချနေ ကောင်းကောင်းကို ကျွေးမယ်နော်။

    • eros

      May 26, 2011 at 4:21 am

      သေချာပေါက် လာခဲ့ဦးမယ်။

Leave a Reply