友達のお誕生日から

moonpoemMay 24, 20111min680

ကျွန်မသူငယ်ချင်း၏ မွေးနေ့တွင်သူငယ်ချင်းကကျွန်မတို့ ကို ဟမ်ဘာဂါနှင့် လိမ္မော်ရည်ဖြင့်ဧည့်ခံပါသည်။
ကျွန်မကလည်း သူ၏အကြိုက်ဆုံးသော ရေမွှေးတစ်ပုလင်းကို လက်ဆောင်ပေးပါသည်။
ကျွန်မတို ့သူငယ်ချင်းတွေရောက်တတ်ရာရာပြောနေရာမှ လေးနက်သော အကြောင်းအရာတစ်ခုဆီသို ့ဦးတည်
သွားကြသည်။ ထိုအကြောင်းအရာကတော့ ရေမွှေးကိုလက်ခံရရှိသော သူငယ်ချင်းက ကျွန်မကို ကျေးဇူးတင်ကြောင်းပြောရင်းက ရေမွှေးဆိုတာမသုံးလည်းဖြစ်တဲ့ အရာတစ်ခုပဲ မဟုတ်လား အနံ ့သိ်ပ်ကောင်းလွန်းလို ့ ဒေါ်လာ သောင်းချီပေးရတဲ့ ရေမွှေးတွေဘယ်လောက်ပဲရှိရှိ အလကားရှူနေရတဲ့ လေဆိုတာ ငါတို့အတွက် အကောင်းဆုံးပဲမဟုတ်လားတဲ့လေ။
သူပြောလိုက်သော စကားက ဘာမှမဟုတ်ဆိုသော်ငြားလည်းကျွန်မအတွက်တော့ အတွေးတွေအများကြီး
ပွားစေခဲ့ပါတယ်။ ဟုတ်ပါရဲ ့နော် ဈေးကြီးပေးပြီး ရေမွှေးအနံ ့ဘယ်လောက်ပဲ ကောင်းပါတယ်ပြောပြော
အောက်ဆီဂျင်ပြတ်လို ့သေတာသာရှိတယ် ရေမွှေးမသုံးလိုက်ရလို ့သေတယ်ဆိုတာရှိမှမရှိပဲနဲ ့။
ဒီလိုနှင့် ကျွန်မဆက်တွေးမိသွားသည် ကျွန်မအခု သောက်နေတဲ ့လိမ္မော်ရည်သည် ၅၀ဝ လောက်တော့ပေးရမည်။
ဒီလိမ္မော်ရည် ဘယ်လောက်ကောင်းပါတယ် ပြောပြော ရေလို်တော့ အမြဲတမ်းသောက်မနေနိုင်တာအမှန်ပါ။
အရောင်မရှိ အနံ ့အရသာ မရှိပေမယ့် သာမန်ရိုးရိုးရေတစ်ခွက်သည်သာ ခန္ဓာကိုယ်အတွက် အသင့်တော်ဆုံးပဲ မဟုတ်လား။
ကျွန်မဈေးဝယ်သည်အခါတွင်လည်း အရောင်အသွေး ဘယ်လောက်ပဲ စုံလင်သည်ဖြစ်စေ နောက်ဆုံးတွင်တော့ ဘာနဲ ့ဝတ်ဝတ်လိုက်ဖက်သည့်အဖြူရောင်(သို ့မဟုတ်)အနက်ရောင်ကိုသာ ဝယ်မိဝတ်မိတာကများပါသည်။ အရိုးဆုံးသည်အကောင်းဆုံးပါပဲမဟုတ်လား။
တကယ်ဆိုရင် ကျွန်မတို ့တွေ မလိုအပ်ဘဲ အပိုလုပ်ပြီး တီထွင်နေတာကြတာပဲ။ လိုအပ်သည်ဆိုသော်လည်း
မသုံးဘဲနေရင်တော့လည်း ဒါတွေသည် သိပ်အရေးပါလှသော အရာတစ်ခုတော့ မဟုတ်ပါ။
ရုတ်တရုတ်ဆင့်ပွားတွေးမိသော အကြောင်းအရာ ဖြစ်ပါသည်။ သူငယ်ချင်းတို ့တွေလည်း ဘယ်လိုထင်မြင်ကြသလဲဆိုတာ
ပြောပြကြပါဦး။