သည်းခြေအိတ် ကျောက်တည်ရောဂါ ပျောက်ဆေးနည်း

Good IdeaMay 24, 20111min50

မိတ်ဆွေများ အားလုံး မင်္ဂလာပါ။

ဖုန်းတလုံးရဲ့ လျှို့ဝှက်ချက် ၄ ချက်မှာ Good Idea လွဲခဲ့တဲ့အတွက် ဒီတခါလည်း ဘာတလွဲတွေ လုပ်ဦးမလို့လဲ လို့တော့ မထင်လိုက်ကြပါနဲ့နော်။

မမှားသော ရှေ့နေ၊ မသေသော ဆေးသမား ဆိုသလိုပေါ့ မိတ်ဆွေတို့ရယ်။ တခါတရံတော့ မှားတတ်ကြတာပဲ မဟုတ်ဘူးလားဗျာ။
ကဲ ဒီတခါတော့ အားလုံးအတွက် အမှန်အကန်ဲ အကျိုးရှိမယ့် သတင်းစကား ဝေမျှလိုက်တယ်ဗျာ။

ဒီသတင်းစကားကတော့ ကျနော့်သူငယ်ချင်းက ဝေမျှလာတာပါ။
သည်းခြေအိတ် ကျောက်တည်ရောဂါ ပျောက်ဆေးနည်း တဲ့ဗျ။ ကျနော်လည်း သေချာအောင်ဆိုပြီး အင်တာနက်မှာ လိုက်ရှာကြည့်တော့ Dr . Lai Chiu-Nan ဝေငှထားတဲ့ ဆေးနည်းကို တွေ့ရပြီးတော့ ကိုယ်တိုင်ပျောက်ကင်းခဲ့သူတွေရဲ

့ သက်သေခံချက်တွေကိုလည်း တွေ့ရတယ်ဗျ။

(ဝက်ဆိုဒ်လင့်ခ်တွေကို အောက်ဖက်မှာ ထည့်ထားပေးပါတယ်။ အင်္ဂလိပ်မူရင်းကိုလည်း သွားရောက်ဖတ်ရှုနိုင်ကြအောင်ပါ။)

အောက်မှာဖော်ပြထားတဲ့ ဆေးနည်းကို သုံးပြီး မြန်မာပြည်က လူတချို့လည်း ပျောက်ကင်းခဲ့ကြတယ်လို့ သိရတယ်ဗျ။ ကိုယ်တိုင်ပျောက်ကင်းလို့ ဆေးနည်းအခဲ့မဲ့ ဝေမျှပေးနေတဲ့လူရဲ့ ဖုန်းနံပါတ်ကိုလည်း အောက်ဖက်မှာ ထည့်ထားပေးပါတယ်။

Dr . Lai Chiu-Nan ရဲ့ ဆေးနည်းကို ဖတ်ကြည့်တော့လည်း သဘာဝ သစ်သီးဖြစ်တဲ့ ပန်းသီး ဆားခါးနဲ့ သံပုရာသီးလောက်ပဲ အ(ဓာတ်စာ ဆေးနည်း) သုံးပြုထားတဲ့အတွက် ဘေးဥပါဒ် မဖြစ်နိုင်ဘူးလို့ ကျနော် ယူဆမိပါတယ်။

ဒါပေမယ့် ကျနော် တခု သတိပေးလိုတာက ရောဂါတွေ၊ ဆေးနည်းတွေဟာ အသက်အန္တရာယ်နဲ့ သက်ဆိုင်နေတဲ့အတွက် လွယ်လင့်တကူ မယုံကြည်သင့်ပဲ ကိုယ်တိုင်ပျောက်ကင်းသူကို အရင်မေးပြီး ကျွမ်းကျင်သူ မြန်မာတိုင်းရင်းဆေးဆရာတွေနဲ့လည်း တိုင်ပင်ကြည့်တာတော့ မမှားဘူးလို့ ထင်မိပါတယ်။

ဒီဆေးနည်းကို ကျနော်ကိုယ်တိုင် မစမ်းသပ်ဖူးပါ။ ဒါပေမယ့် တကယ်ပျောက်ကင်းနိုင်တဲ့ ဆေးနည်းဖြစ်နေခဲ့ရင် လွယ်လွယ်ကူကူနဲ့ သည်းခြေကျောက်တည် အနာရောဂါဝေဒနာသည်တွေ ပျောက်ကင်းချမ်းသာနိုင်တဲ့အတွက် စေတနာရှေ့ထားပြီး လက်ဆင့်ကမ်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။

မိတ်ဆွေများ ကိုယ်ရောစိတ်ပါ ကျမ်းမာ ချမ်းသာကြပါစေ။

အားလုံးကို လေးစားလျှက်…

Good Idea

သည်းခြေအိတ် ကျောက်တည်ရောဂါ ပျောက်ဆေးနည်းသဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနည်း
(Dr . Lai Chiu-Nan နည်းပေးသည် )

ဤဆေးနည်းဖြင့် ကုသပျောက်ကင်းသူ များပါသည်။ အကယ်၍ သင်ကိုယ်တိုင် သုံးစွဲ၍ ပျောက်ကင်းလျှင်လည်း ဤဆေးနည်းကို အခြားသူများသို ့ လက်ဆင့်ကမ်းပေးပါ။

Dr . Lai Chiu-Nan သည် ဤဆေးနည်းကို အခမဲ့ မျှဝေသည်ဖြစ်ရာ သင်သည်လည်း လူအများကို အခမဲ့ မျှဝေပါ။ တစ်စုံတစ်ယောက%