Expending Text Plugin for WordPress

zoxnetMay 1, 20101min1100
3

အဲဒီ Plugin လေးကို ကျွန်တော် ကိုသင်္ကြန်ရဲ့ mmwordpress မှာ စတွေ့တာပါ။ သုံးရတာတော်တော် အဆင်ပြေပါတယ်။ ကျွန်တော်တို့ wordpress မှာ ပို့စ်ခေါက်ဖို့အတွက် Insert More Tag ဆိုတဲ့ button လေးကတော့ ပါလာပြီးသားဖြစ်ပါတယ်။ အထူးတလည်တော့ plugin သုံးဖို့တော့ မလိုဘူးပေါ့။ ဒါပေမယ့် ကျွန်တော်အခုပြောတဲ့ Plugin လေးက အဲဒီ Button လေးထက် စွမ်းဆောင်ရည် ပိုမြင့်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ မြန်မာနိုင်ငံလို အင်တာနက် ကော်နက်ရှင်နှေးတဲ့နေရာတွေမှာ အဲဒီ ပို့စ်ခေါက်တဲ့ Insert More Tag ကို သုံးမယ်ဆိုရင် ခေါက်ထားတာ ပေါ်လာဖို့ အချိန်ထပ်ပေးရပါတယ်။ စောင့်ရပါတယ်။ ဒါပေမယ့် ဒီ Plugin လေးကတော့ နှိပ်တာနဲ့ ဘတ် ကနဲဆိုပြီး ပေါ်လာတော့တာပဲ။ မိုက်တယ်ခင်ဗျ။

ဟုတ်ကဲ့။ အရင်ဆုံး အဲဒီ ပလက်အင် ကို Acitivate လုပ်ပါ။ Dashboard ရဲ့ Plugin ထဲသွားပြီး လုပ်ရမှာနော်။ ပလဂ်အင်စာရင်းထဲမှာ မရှိရင် အင်စတောလ် အရင် အင်စတောလ် လုပ်ပေါ့။ (ကျွန်တော် ကိုဘလက်ကို တောင်းထားပါတယ်။) Plugin Activate လုပ်ပြီးသွားရင် ကိုယ့်ရေးနေတဲ့ ပို့စ်ထဲကို သွားပြီး ကိုယ်ခေါက်ထားချင်တဲ့နေရာမှာ ကုတ် အချို့ထည့်သွင်းရပါတယ်။ Read More ဆိုတဲ့ စာသားအစား တခြား မြန်မာလိုလဲ ရေးလို့ ရတယ်ခင်ဗျ။

အင်း……….. ကျွန်တော် ပြောတဲ့ပုံစံနဲ့ လိုက်လုပ်နေရင် တလွဲတွေ ဖြစ်နေဦးမယ်။ ကျွန်တော်ကလည်း ဟိုရောက်လိုက် ဒီရောက်လိုက်ပြောနေတာကိုး။ ဟုတ်ပြီ။ ကိုသင်္ကြန်ရဲ့ http://mmwordpress.c…ng-text-plugin/ မှာ အသေအချာ ရှင်းပြထားပါတယ်။ သွားဖတ်ကြည့်လိုက်ပါ။ တစ်ခါတည်း စမ်းသုံးကြည့်။ ထူးခြားတာကို တွေ့ရလိမ့်မယ်။