ယနေ့ ယောဂီများ၏ ယေဘူယျတရားအားထုတ်ပုံ နှင့် မဂ္ဂင်လမ်း နှိုင်းယှဉ်ချက်ပြဇယား အပိုင်း(၁)

True AnswerMay 24, 20111min1522

သန်လျင်သဘာဝ ရိပ်သာ ဆရာတော် (ဆူနာမီ)ဆရာတော် ဦးဥတ္တမသာရ နှင့် တရားပြ ဆရာမ မချစ်မြတ်နိုးတို့ ဟောကြားသောသစ္စာတရား နှလုံးသွင်းပုံ နှင့်
ယနေ့ ယောဂီများတရားရှုမှတ်ပုံ နှိုင်းယှဉ်ချက် ကို ကျွန်တော်ဉာဏ်မီသလောက် တင်ပြအပ်ပါသည်။

မိမိ ဉာဏ်မီသမျှ နားလည်သလောက် တင်ပြထားခြင်းသာဖြစ်ပြီး ဆရာတော်မှ ဖတ်ရှု- edition မပြုလုပ်ရသေးပါ။

ယနေ့ ယောဂီများ၏ ယေဘူယျတရားအားထုတ်ပုံ နှင့် မဂ္ဂင်လမ်း နှိုင်းယှဉ်ချက်ပြဇယား အပိုင်း(၁) အဖြစ် အမည်ပေးထားပါသည်။

http://www.scribd.com/doc/56132204/%E1%80%99%E1%80%AD%E1%82%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%96%E1%80%9C%E1%80%AC%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%91%E1%80%AF%E1%80%90%E1%80%B9%E1%80%95%E1%80%B6%E1%80%AF-%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%99%E1%80%82%E1%81%A2%E1%80%84%E1%80%B9%E1%80%9C%E1%80%99%E1%80%B9%E1%80%B8-%E1%82%8F%E1%80%AD%E1%82%88%E1%80%84%E1%80%B9%E1%80%B8%E1%80%9A%E1%80%BD%E1%80%A5%E1%80%B9%E1%80%81%E1%80%BA%E1%80%80%E1%80%B9%E1%80%BB%E1%80%95%E1%80%87%E1%80%9A%E1%80%AC%E1%80%B8-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%81

မှတ်ချက်။ ဆူနာမီ ဆရာတော်ဦးဥတ္တမသာရ ဟောကြားသော သစ္စာတရားတော်များကို ပိုမို နားလည်စေရန် အတွက် သက်သက် သာ ကျွန်ုပ်ဉာဏ်မီသလောက် တင်ပြခြင်းဖြစ်ပါသည်။ ဆရာတော်မှ တည်းဖြတ်ခြင်း ဖတ်ရှုခြင်းမပြုရသေးသဖြင့် တစုံတရာ ချွတ်ချော်မှုများရှိခဲ့ပါက စာရေးသူ ၏ တင်ပြချက် အားနည်းမှုကြောင့်သာ ဖြစ်ပါသည်။
တင်ပြထားသော အချက်တချို့ မှာ ထပ်သယောင် ထင်ရသော်လည်း ပိုမိုရှင်းလင်းရန်အတွက် တင်ပြခြင်းဖြစ်ပါသည်။
ဖတ်ရှုသူ ဓမ္မမိတ်ဆွေအပေါင်းတို့ open-minded စိတ်ထားဖြင့် နှလုံးသွင်းမှန်မှု တကယ်ဟုတ်မဟုတ် တကယ်ဖြစ်မဖြစ် ကိုယ်တိုင်စမ်းသပ်ကြည့်ပါကုန်။
အမှန်တရားအတွက် မှတ်ကျောက်သည် မိမိ လောဘ-ဒေါသ-မောဟ (ပညတ်များကို အဟုတ်ထင်ငြိတွယ်မှု) မည်မျှ ကင်းနေ (သို့) မည်မျှ ကင်းလာသလဲ ဆိုသောအချက် ကိုတော့ ကျွန်ုပ်တို့ မမေ့ရန် အထူးလိုအပ်လှပေသည်။

2 comments

  • bigcat

    June 4, 2011 at 1:49 am

    ဆူနာမီဆရာတော်၏ ညွှန်ကြားပြသမှုမှာ ကမ္မဌာန်းတရားအားထုတ်သူများ လိုအပ်နေသော လမ်းသစ်တခု ဖောက်ပေးလိုက်သည်ဟု မြင်ပါသည်။ အစွဲအားကြီးသူများ၊ ကမ္မဌာန်းအားထုတ်ကျင့် မရှိသူများအတွက် အတန်ငယ် စိမ်းနေနိုင်သော်လည်း အမှန်တကယ် အကျိုးများသော စိတ်ထားနည်းဖြစ်သည်။ အားသာချက်မှာ ယောဂီဟောင်းများအနေနှင့် မိမိတို့အားထုတ်ဖူး၊ စိတ်ကျရာ ကမ္မဌာန်းနည်းကို စွန့်လွှတ်စရာမလိုဘဲ သွားမြဲအတိုင်းသွားနိုင်ပြီး ဆူနာမီဆရာတော်ညွှန်ပြချက်ကို သတိကပ်ထားခြင်းဖြင့် မဂ္ဂင်အကျင့်လမ်းမှ တမင်တကာဖြစ်စေ၊ သမာဓိလွန်၍ဖြစ်စေ သွေဖီသွားရန် နည်းပါးသွားသည်။ လူသစ်များအနေနှင့်လည်း စကထဲကစိတ်ရှင်းရှင်းဖြင့် ရှိတရား၊ မရှိတရားများကို သင်ငြာသိခွဲခြားထားသဖြင့် အတားအဆီးပိုမိုနည်းပါးနိုင်ပါသည်။ ကျနော့်၏ ပုဂ္ဂလိက အတွေ့အကြုံတွင် ယခင်ကထဲက မမြဲခြင်း သင်္ခါရကို ကမ္မဌာန်းထိုင်စဉ် သဲအင်းဂူဆရာတော်ဆုံးမမှုအတိုင်း ဆင်ခြင်ပါသော်လည်း မှတ်ရင်းမှတ်ရင်း သမာဓိအားကောင်းလျင် သမထဈာန်ဖက်သို့ယိုင်ခြင်း၊ သမာဓိအားနည်းသွားပြန်လျင်လည်း စိတ်ပျံ့လွှင့်၊ ဝေဒနာဖိစီးခြင်း စသည်ကြောင့် ပညာလမ်းကြောင်းမှ သွေဖီသွားလေ့ရှိသည်။ သတိပြုပြီး မဖြစ်အောင်ကြိူးစားသော်လည်း မူလစိတ်အခံတွင် အချိန်တခု၊ ကာလတခု၊ အသိတခုကို စွဲထားသဖြင့် မှတ်ရင်းမှတ်ရင်း မြဲသွားပြီး မူလကမ္မဌာန်းမှ လွဲချော်သွားလေ့ရှိသည်။ ထို့အတူ ဝေဒနာတခုကို မလိုချင်သော်လည်း ဆင်ခြင်နေသည့် စိတ်တွင် ဖြစ်ရပ်လေးတခု၊ ကာလလေးတခုကို မမြဲ၊ အစိုးမရ၊ ဒုက္ခဟု မြဲသည့်အဖြစ် သင်ညာဆင်ခြင်မှု အားကဲနေ၍ ဝေဒနာမှ ရုန်းမထွက်နိုင် ဖြစ်ရသည်။ ကိုစိုးဝင်းထွဋ်၏ ထပ်ဆင့်မျှဝေမှုဖြစ်သော “တစ်ခုခု၊ တစ်ယောက်ယောက်၊ တစ်ချိန်ချိန်၊ တစ်နေရာရာ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ တိရစ္ဆာန်၊ တစ်ကောင်စီ၊ လူ၊ တစ်ဦးစီ တို့သည် အဝိဇ္ဇာစိတ်မှ ဖန်တီးပြုလုပ်ထားသောမှုကြောင့်သာ တကယ်ဖြစ်နေ-ရှိနေ-မှန်နေသည်ဆိုသော မှန်ကန်သောနားလည်မှုမှသည်…ချမ်းသာအစစ်ဆီသို့ပို့စ် http://myanmargazette.net/47773/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit ဖတ်အပြီးတွင် စွန့်ခြင်းသဘောကို အရင်ကထက်ပိုနားလည်ခဲ့ရ၍ ကျနော့်အပေါ်တွင် တရားကျေးဇူးရှိသူတဦးအဖြစ် မှတ်တမ်းတင်ထောက်ခံရင်း လက်တွေ့တရားလေ့လာနေသူအပေါင်းအား (သဂျီးတို့လိုဘေးထိုင် ဘီယာသောက်ဘုတ်အုပ်ကိုင်ပြီး ဘဒ္ဒန္တအမည်တပ်သူများမပါ) ဆူနာမီဆရာတော်၏ တရားဆုံးမချက်များကို http://realenlightenment.multiply.com/ တွင် နာယူခြင်းဖြင့် လောကီလောကုတ္တရာအကျိုး လွန်စွာများနိုင်ပါသည်ခင်ဗျား။

  • True Answer

    June 4, 2011 at 2:45 am

    ဟုတ်ကဲ့ အခုလို မျှဝေပေးတာ ကျေးဇူးပါပဲ ကို Big Cat ခင်ဗျား

Leave a Reply