Cement ရန်ကုန်မြို့မှဘိလပ်မြေအတု လုပ်ငန်းများ နှင့် ဆက်စပ်လုပ်ငန်းများ အရေးယူရန် လိုအပ်နေ…

susunosukiJune 4, 20111min1799

ရန်ကုန်မြို့ပေါ်မှာ ဘိလပ်မြေအတု – အစစ်နှင့် အချိုးကျရောစပ်ထားသော ဘိလပ်မြေ များရောင်းဝယ်နေကြပါတယ်။ ရောတဲ့ အမှုန့်က ဘိလပ်မြေနဲ့ အရောင်ရော အထိအတွေ့ကော အရမ်းတူပါတယ်။ အညာဖက်က မြစ်ကမ်းတွေမှာ နွေဖက်ဆိုရင် ပေါ်တတ်တဲ့ နှုန်းခြောက် အခဲတွေကို ပြန်ကြိတ်တယ်လို့ ကြားပါတယ်။
သိရသလောက်ဆိုရင် ဘိလပ်မြေအတုက ဆောက်လုပ်ရေးဆိုဒ်အကြီးစားတွေမှာတော့ သုံးလေ့မရှိပါဘူး။ မြို့တွင်းက လက်လီဆိုင်တွေမှာ အထူးသဖြင့်တွေ့ရတတ်ပါတယ်။
အခက်အခဲကြောင့် ဓါတ်ပုံမတင်ပေးနိုင်တာ သည်းခံပေးပါရန်။
မြို့သစ်လိုနေရာမျိုးတွေမှာ ဘိလပ်မြေသုံးတဲ့ အိမ်ရှင်တွေဟာ လုပ်ငန်းသိပ်မကြီးတာတစ်ကြောင်း၊ ကိုယ်ကိုယ်တိုင်မကျွမ်းကျင်တာတစ်ကြောင်းနဲ့ ပန်းရံဆရာတွေကို လွှဲထားတတ်ပါတယ်။ ပန်းရံဆရာဆိုတာ ကလည်း ဘယ်လောက်ပဲရိုးတယ်ပြောပြော လက်ဖက်ရည်ဖိုးများများပေးတဲ့ ဆိုင်မှာပဲဝယ်တတ်ပါတယ်။ ဒါကိုအခွင့်ကောင်းယူပြီး ဘိလပ်မြေအတု-အစစ်နဲ့အရော နဲ့ အလေးချိန်မပြည့်တဲ့ အိတ်တွေဟာ အသုံးပြုတဲ့အထဲရောက်သွားပါတယ်။
ဘိလပ်မြေဝယ်သူလေ့ရှိသူတွေ သတိထားနိုင်အောင် အတုနဲ့ အစစ်ဘယ်လိုကွာတယ်ဆိုတာ နည်းနည်းလောက်ပြောပြပါ့မယ်။
၁။ ဆိုခဲ့ပြီးတဲ့ အတိုင်း အတုဟာ နည်းနည်းပိုကြမ်းပါတယ်။ ဘိလပ်မြေအစစ်ကို အစိုဓါတ်ဝင်လို့ ခဲတာနှင့်မတူ။
၂။ထည့်တဲ့ အိတ်က နည်းနည်းပိုငယ်ပါတယ်။ အစစ်ရဲ့ သုံးပြီးသားအိတ်ကိုပြန်ပြင်ချုပ်ထားတာ
၃။အတု ထည့်တဲ့ အိတ်က မူလအိတ်ထက်ယှဉ်ရင် နည်းနည်းပိုပြီး ညစ်ပတ်ပါတယ်။
( ရွှေပြည်သာ မြို့နယ်အတွင်းက လှော်ကားကျေးရွာအုပ်စု အပိုင် ရပ်ကွက်အချို့ မှာ ဘိလပ်မြေ အတု ထည့်တဲ့ အိတ်လုပ်ငန်းတွေ နှစ်ပေါင်းများစွာကတည်းက ယခုအထိ ရှင်သန်နေပါကြောင်း တစ်ခါတည်း ပြောလိုက်ရပါတယ်။ အနည်းငယ်စောင့်ကြည့်လို့မှ ပပျောက်မသွားရင် ဘိလပ်မြေအိတ်အတု ပြန်ချုပ်တဲ့ အိမ်တွေကို ဓါတ်ပုံ တစ်အိမ်ခြင်းလိုက်ရိုက်ပြီး အားလုံးသိအောင် လုပ်ပေးပါ့မယ်။ အတုရောတဲ့ အိမ်တွေကိုလည်း စုံစမ်းလိုက်ပါဦးမယ်။ )

ရန်ကုန်မြို့မှ ဆောက်လုပ်ရေးဆိုဒ်တစ်ခု
ရန်ကုန်မြို့မှ ဆောက်လုပ်ရေးဆိုဒ်တစ်ခု

9 comments

  • ဆူး

    June 4, 2011 at 7:36 am

    လုပ်ပါ လုပ်ပါ.. ဆက်ရေးတာ စောင့်ဖတ်မယ်နော်။

  • MaMa

    June 4, 2011 at 8:24 am

    အားပေးပါတယ်။ ဒါဟာလည်း တစ်နိုင်တစ်ပိုင် စစ်ဆင်ရေးပါပဲ။ ကမာ္ဘကြီးကို လှပလာအောင် ကိုယ်တတ်နိုင်တဲ့ဖက်က တစ်တတ်တစ်အား စွမ်းဆောင်ချက်ပေ့ါ။

  • KoNyeinChan

    June 4, 2011 at 1:21 pm

    ဪ လောဘ လောဘ…
    အမြတ်အစွန်းအရမ်းမရှာရဘူးလို ့မဆိုလိုပါဘူး.. အိတ်သေးသွားတာလည်း လက်ခံနိုင်သေးတယ်
    ဘိလပ်မြေအတုတို ့ ဆန်ထဲကျောက်ခဲရောတာတို ့ကိုအမုန်းဆုံးဘဲ
    အထပ်အမြင့်တွေဆောက် ပြီးတော့ပြိုကျဘယ်လိုလုပ်မလဲ.. လူသားမဆန်တာကို အရမ်းမုန်းတယ်..
    အားပေးတယ်ဗျာ ဖြစ်နိုင်ရင်ဓါတ်ပုံတင် သက်ဆိုင်ရာကို အရေးယူခိုင်း

  • padonmar

    June 4, 2011 at 2:05 pm

    လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကတစ်ခါ ဘိလပ်မြေအတုလုပ်တဲ့ သူနဲ့ ရောင်းတဲ့ဆိုင်တွေ ဖမ်းလိုက်သေးတယ်။
    အခုပြန်ခေါင်းထောင်လာပြန်ပြီ။ သိပ်မများခင်လူတွေသိအောင် ကြိုးစားပေးပါအုံး။ကျေးဇူးတင်ပါတယ်။

  • nature

    June 4, 2011 at 2:30 pm

    အဓိက quality control ကို ဝယ်သူတွေကလွယ်လွယ် စစ်ဆေးနိုင်မဲ့ နည်းတွေသိရင်တင်ပေးပါလား။ မြန်မာပြည်မှာပဓိက ကတော့quality control အားနည်းတာနဲ့ ကန်ထရိုက်တွေရဲ့လိုင်းကြေးရရင်ပြီးရောဆိုတဲ့ စိတ်ဓါက် ကိုအခွင့်အရေးရအောင်ယူတယ်လို့ ထင်ပါတယ်။ ဒီဝိသမလောဘသားတွေကို အရင်ဆုံးစာထုတ်သတိပေးပြီး ဒါမှမပျောက်သေးဘူးဆိုရင် ထိထိရောကရောက် အရေးယူသင့်ပါတယ်။

  • maythakhin

    June 4, 2011 at 3:56 pm

    (၁) ပါကင်အိတ်ဆိုတာကို ကြည့်လိုက် ကော်ကပ်ဖြစ်နေမှအစစ်
    (၂) အလေးချိန်က (၃၁) ပိသာရှိနေရမယ်။အတုက လုံးဝ မရှိဘူး။
    (၃) အစစ်က နူးညံ့ပြီး ကိုင်ရမှန်းတောင်မသိသာဘူး။ အတုက ကြမ်းတယ်။ကျောက်မှုန့်တွေရောကြတယ်။
    (၄) ဆင်တံဆိပ် အတုများတယ် (ဆင်မှာတောင် အရောင်မှိန်တာ။ လင်းတာ နှစ်မျိုးရှိတယ်)
    အစစ်အမှန်သုံးချင်ရင် ကြံခင်းဘိလပ်မြေက ကောင်းတယ်။ ခြောက်နှုန်းတော့ကြာတယ်။ ဒါပေမဲ့ စိတ်ချရတယ် ။ ပြည်တွင်းဖြစ်တွေလည်း ကောင်းတာရှိပါတယ်။ မေက ဘိလပ်မြေကို အကြီးအကျယ်လုပ်ခဲ့တာ။ဘယ်တံဆိပ်မဆို (၁) ပါကင်အိတ်ဆိုတာကို ကြည့်လိုက် ကော်ကပ်ဖြစ်နေမှအစစ်။ ချုပ်ထားတဲ့ အိတ်တွေက အမှန်အကန်ဖြစ်ဖို့နည်းတယ်။

  • parlayar46

    June 5, 2011 at 3:21 am

    ဓါတ်ပုံဆိုလို့ –
    ကျုပ်တခါတုန်းက သူတောင်းစားတွေနဲ့ပါတ်သက်တဲ့ ပိုစ့်လေးတပုဒ်တင်မယ် စိတ်ကူးတော့ အထောက်အထားလေးရအောင် ထွက်ရှာတယ်။ ကံအားလျှော်စွာ ဘွန်ဇိုင်းလုပ်ထားတဲ့ ကလေးလေးကို ရှေ့ချပြီးတောင်းနေတာကို တွေ့တော့ ကင်မရာထုတ် အလင်းအမှောင်လေးချိန် angle လေးရွေး ….ပေါ့။
    ရုတ်တရက် “အန်ကယ် အန်ကယ်” ဆိုပြီး အသဲအသန် လှမ်းခေါ်သံကြားရတယ်။ လှည့်ကြည့်လိုက်တော့…
    ..
    ……………..
    ကံကောင်းလို့ ကင်မရာမဆုံးတာ။ နာမည်နဲ့ ဖုံးနံပါတ်တော့ ယူထားလိုက်ကြတယ်။
    susunosuki ရေ – ဓာတ်ပုံရိုက်ရင် သွက်သွက်ရိုက် နော ။

  • nature

    June 5, 2011 at 4:29 am

    ဘုရင့်နောင်ကားဂျမ်းတင်တုန်းကလည်းသူကြီး ဓါက်ပုံလေးတင်ပေးနိုင်ရင်ပိုကောင်းမယ်တဲ့။ ဓါက်ပုံတင်လိုက်ရင်သိက္ခာချသလိုဖြစ်ပြီးတဖက်နဲ့တဖက်အမြင်စောင်းသွားနိုင်တယ်။ ပေါ်လစီနဲ့ညိသွားနိုင်တယ်။ အခုဘုရင့်နောင်ကားဂျမ်းကအဆင်ပြေသွားပြီဖြစ်ပါကြောင်းနှင့် ကူညီဆောင်ရွက်ပေးသောသက်ဆိုင်ရာ ပုဂ္ဂိုလ်များအားလုံးကို ကားဂျမ်းဒုက္ခ ခံခဲ့ရသောပြည်သူများကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း …..။

  • တညင်သား

    June 5, 2011 at 4:57 am

    ဘိလပ် မြေ စစ်စစ်မှ လိုချင်ရင်တော့ ကြံခင်း ဘိလပ်မြေ စက်ရုံမှာ သွားယူမှရမယ်.. အဲဒီ ကြံခင်းမြို့နယ်နားက ဂဏန်းကျစ်စာ ခဲကို အမှုံ့ကြိတ်စက်နဲ့ ကြိတ်ပြီး တအိတ် ကို တပိသာလောက်ရောလိုက်ရင် ကျွမ်းကျင်ပါတယ်ဆိုတဲ့လူတောင် ကိုင်ကြည့်လို့ မသိနိင်ဘူး …အဲဒီက မြေကြီးအရောင်က တော်တော့်ကိုတူတာ..စက်ရုံထဲကနေပြီး ဘိလပ်မြေ သယ်တဲ့ကားတွေနဲ့သယ် အနယ်နယ်အရပ်ရပ် ကိုသွားဖို့ သဘောင်္တွေနဲတင် အဲဒီမှာတင် စတော့တာပဲ ကားပေါ်ကနေ လူနဲ့ ထမ်းချရပြီဆို ပြောင်းထိုးတယ်လို့ခေါ်တယ် အိတ်ထောင့်မှာ ချုပ်ရိုးမထိတဲ့ ရှာလိုနေရာလေးပါတယ် စက်ရုံထဲမှာဆိုရင် အဲဒီ ရှာလိုနေရာလေးက အမှုံ့ထည့်တာေပေါ့ ပြည့်သွားရင် အသာလေး တွန်းလှဲလိုက် အလိုလိုပိတ်သွားရော အဲအဲ ခုနက ပြောင်းထိုးတယ်ဆိုတာ ထမ်းတဲ့လူက ရှာလို အပေါက်နေရာလေးကို မိမိရဲ့ရှေ့ဘက်အောက်ကိုချ ထမ်းပါတယ် ပြီးတော့ ပုခုံး အနာသက်သာအောင် ပုဆိုးတထည်ခွင်းသိုင်းထားပါတယ် ဆန်ထိုးပိုက်လို ဟာမျိုး(ဝါးနဲလုပ်ထားတာ) ရှာလို အပေါက်ထဲထိုးလိုက်ရင် အော်တိုကြလာပါတယ် အဲဒါကို ခုန ခွင်းသိုင်းထားတဲ့ပုဆိုးထဲ ရောက်ပါတယ် နဲနဲပေါ့….ညနေမိုးချုပ် ဒိုင်မှာသွားရောင်း သူတို့ ကမှတဆင့် မြေမှုံ့လေးနဲနဲရော ပြန်ရောင်းပေါ့…… သင်္ဘောပေါ် ရောက်လာပြန်ပြီဆိုရင်လဲ သူတို့ အခေါ် ကြွက်ဖောက်တယ်လို့ခေါ်တယ် ရှာလိုနေရာကနေပြီး နိုက်ပြန်တယ် လက်တဆုပ်လောက်ပါ ဘာလုပ်တာလဲ ဆိုတော့ ညအိပ်ရပ်နားတဲ့နေရာတွေမှာ အမျိုးသမီးတွေ သဘောင်္ပေါ်တပ်လာပြီး ထမင်းချက် အဝတ်လျှော်နောက်ဘာညာဘာညာ (ဒါတော့ သူကြီးသိပါတယ် ရေနံတင်ဘင်္ဘော လိုက်ဘူးတယ်ဆိုတော့) တွေးပေးဖိုနဲ့ စားစရိတ်သောက်စရိတ်ပေါ့…နောက်ဆုံးကျွန်တော်တို့လက်ထဲရောက်လာတဲ့အချိန် အတု ရှိနိင်မယ် လျှော့နိုင်မယ် …စက်ရုံက ထွက်တဲ့အိတ်တိုင်းတော့ မဟုတ်ဘူးနော် …နဲနဲ ပြောကြည့်တာပါ
    မြန်မာနိင်ငံမှာ လျှပ်စစ် ရထားမမြင်ဘူးရင် ကြံခင်း ဘိလပ်မြေ စက်ရုံမှာသွားကြည့် လူစီးရထားတော့ မဟုတ်ဘူး အရှေ့တောင် အာရှမှာ လျှပ်စစ်ရထားက မြန်မာက ပထမလို့တောင်ပြောလို့ရမလားပဲ………

Leave a Reply