ဟာသလေးများ – 1

meengelayMay 24, 20111min573

ဖိုးထောင် – ငါက ရန်ကုန်မှာ မွေးတာလေ။
ကြွက်လေး – ဟုတ်လား၊ ဘယ်အပိုင်းတုန်းကွ..
ဖိုးထောင် – ဟ..မင်းကလဲ တစ်ကိုယ်လုံးပေါ့ကွ..
တစ်ခါက လှေတစ်စင်း မြုပ်လုနီးနီးမှာ ရဟတ်ယာဉ်တစ်စီး လာကယ်ခဲ့တယ်။ ရဟတ်ယာဉ် ပေါ်က ကြိုးတစ်ချောင်းကို ပစ်ချပြီးကယ်တော့ ယောကျာ်း၁ဝယောက်နဲ့ မိန်းမ တစ်ယောက်က အဲဒီကြိုးမှာ ပါသွားခဲ့တယ်။

ကြိုးမှာချိတ်နေတဲ့ လူ၁၁ယောက်ကို ရဟတ်ယာဉ်က မနိုင်ဘဲဖြစ်နေလို့ လူတစ်ယောက် လက်လွှတ်ပေးရမယ်ဆိုတော့ ယောကျာ်းတွေက လက်မလွှတ်ချင်ကြဘူး။

ကဲ “အားလုံးအတွက် ကျွန်မ အနစ်နာခံပါ့မယ်။ ကိုယ့်ယောက်ျားအတွက်၊ ကိုယ့်ရင်သွေးတွေ အတွက် ပေးဆပ်တာကို မမျှော်ကိုးဘဲ အမြဲစွန့်လွှတ် အနစ်နာခံနေရတဲ့ ကျွန်မတို့ မိန်းမသားတွေအတွက် ဒါမျိုးက ရိုးနေပါပြီ.. “လို့ အော်ပြောလိုက်တယ်။

အမျိုးသမီးလဲ ပြောပြီးရော ယောကျာ်းတွေ အားလုံး လက်ခုပ်ဝိုင်းတီးကြတော့တယ်…..
ဘယ်သူ့ကို ပြောတာလဲ
လင်မယားနှစ်ယောက် ရန်ဖြစ်ပြီး မကြာဘူး။ ယောကျာ်းဖြစ်သူက အိမ်မွေးကြောင်နဲ့ ဆော့ကစားနေခဲ့တယ်။ ဒါကို မိန်းမက မြင်တော့ ‘နင် ဘာလို့ အဲဒီ့ဝက်နဲ့
ကစားနေတာလဲ’ လို့ ငေါက်လိုက်တယ်။ အငေါက်ခံရတဲ့ ယောက်ျားက ကြောင်ကို
လက်ညှိုးထိုးပြီး ‘ဒါဝက်မှဟုတ်ဘူး…. ကြောင်ကွ… ကြောင်’ လို့
ပြန်အော်လိုက်တယ်။ အဲဒီအခါမှာ မိန်းမက ယောက်ျားကို ‘နင့်ကို ငါမေးနေတာ
မဟုတ်ဘူး။ ငါအဲဒီကြောင်ကို မေးနေတာ’ လို့ ပြန်အော်လိုက်တယ်။
အရက်မခိုးရ

ပွဲတော်ည မတိုင်ခင်တစ်ညမှာ လူတစ်ယောက်က အရက်အိုးတစ်လုံးကို အိမ်ရှေ့မှာ ချထားခဲ့တယ်။ ဒုတိယ မနက်မှာ အိုးထဲက အရက်တွေ ၄ ပုံ ၁ ပုံလျှော့နေတာကို သူတွေ့တော့ ‘အရက်မခိုးရ’ ဆိုတဲ့ စာတန်းကို အိုးပေါ်မှာ ရေးကပ်ထားလိုက်တယ်။ တတိယ မနက်မှာ အရက်တွေ လျှော့နေတာကို သူတွေ့လိုက်ပြန်တယ်။

ဒီတစ်ခေါက်တော့ ‘အရက်ခိုးသူ အပြစ်ယူမည်’ ဆိုပြီး ရေးကပ်လိုက်ပြန်တယ်။ ဒါပေမဲ့ အရက်က အခိုးခံရမြဲ အခိုးခံနေရတယ်။ ဒီအဖြစ်အပျက်ကို မိတ်ဆွေတစ်ဦးက သိတော့ ‘ခင်ဗျားတုံးလိုက်တာဗျ။ အိုးပေါ်မှာ သေးအိုးဆိုပြီး ရေးကပ်ထားရင် ဘယ်သူမှ ခိုးတော့မှာ မဟုတ်ဘူး’ လို့ အကြံပေးလိုက်တယ်။ အကြံအတိုင်း အရက်အိုးပေါ်မှာ သေးအိုးလို့ သူရေးကပ်ထားလိုက်တယ်။ နောက်တစ်နေ့ မနက်မှာ
အရက်အိုးကြီး ပြည့်နေတာကို သူတွေ့တော့ ဒေါသတွေထွက်ပြီး ‘အရက်မခိုးရ’ လို့
ကပ်လိုက်ပြန်တယ် နောက်တစ်ရက် မှာ လူတွေအားလုံး ဒေါသထွက်ကြတော့တယ်။

အချိန်ထပ်ယူလိုက်ပါဦး

လင်မယားနှစ်ယောက် ရန်ဖြစ်ပြီးနောက် ရှေ့နေဆီသွားပြီး ကွာရှင်းဖို့ ပြင်ကြတယ်။ ပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာကို တစ်ယောက် တစ်ဝက်ဆီ ခွဲဝေကြတော့…

မိန်းမဖြစ်သူက မကျေမနပ်နဲ့ ‘ကျွန်မစုထားတဲ့ ကိုယ်ပိုင်ငွေ တစ်သောင်းကိုလည်း တစ်ဝက်ခွဲရမှာလား’ လို့ မေးတယ်။

ရှေ့နေ ခေါင်းညိတ်ပြလိုက်တယ်။

မိန်းမက ဆက်ပြီး ‘ဒါဆို ဒီကလေး သုံးယောက်ကို ဘယ်လိုခွဲမလဲ’ လို့ မေးလိုက်တယ်။

ရှေ့နေခေါင်းကုတ်ပြီး စဉ်းစားတယ်။ အကြာကြီး စဉ်းစားလဲ သင့်တော်တဲ့ အဖြေမရခဲ့ဘူး။ နောက်ဆုံးမှာ ရှေ့နေက ‘ခင်ဗျားတို့ အိမ်ပြန်ပါ။

ကလေး ၄ ယောက်ရမှ ပြန်လာခဲ့ပါ။ အဲဒီအချိန်ကျမှ ကွာရှင်းဖို့ ကျွန်တော် ဆုံးဖြတ်ပေးမယ်’ လို့ ပြောလိုက်တယ်။

3 comments

  • OQ23

    May 24, 2011 at 2:05 pm

    ဟာသတမျိုးထဲမဟုတ်ပဲ ဇာတ်လမ်းပါတွဲထားတာဆိုတော့ ဖတ်ရတာတန်ဖိုးရှိပါတယ်။
    လူတယောက်က အမြဲအလွမ်း၊အဆွေးတွေနဲ့ပဲ နစ်မျှောနေမယ်ဆို ဘယ်
    ပျော်စရာကောင်းမလဲ ရယ်ရသောအရာ (ပျော်ရွှင်ခြင်း)ကိုကိုယ်စားပြုသော
    ဟာသဆိုတာလေးပါမှ နဲနဲစိတ်ဝင်စားဖို့ကောင်းမှာပေါ့။

  • etone

    May 25, 2011 at 6:13 am

    ရီရတယ် … ။ 😀

Leave a Reply