အိပ်ရေးပျက်နေတဲ ့မြစ်

alinsettMay 24, 20111min713

အိပ်ရေးပျက်နေကျ   မြစ်တစ်စင်းအနေနဲ ့

မျက်နှာသစ်စရာ  ရေမရှိလည်းရတယ်။

မာယာ ခပ်များများနဲ ့ပင်လယ်က

(ကောင်းကင်ယောင်ဆောင်လာတဲ ့  မြစ်တွေကလွဲရင် ..)

ဘယ်မျက်နှာမွဲ မြစ်တွေကိုမဆို  .. ဆားခပ်ပစ်တတ်တာပါပဲ။

အိပ်မက်ဆိုတာ …….

ခဏတာသေဆုံး ခြင်းထဲမှာ  တွေ ့ခဲ ့ရတဲ ့

ကျွန်းငယ်..တစ်ခု  တဲ ့။

ဘယ်အရာကမှ  အော်ဟစ်နေဖို့..

မတောင်းဆိုခဲ ့ပါဘူး…

ဒါပေမယ့် 

စကားလုံးမဲ ့နေတဲ ့ အော်သံကိုလည်း   သူ….ကြားနေရတယ်။

စိတ်ရှိ လက်ရှိ  ကွေ ့ ကောက်စီးဆင်းချင်ရင်တော့….

လက်သည်း နဲ ့ အစွယ်တွေ ကို ထုတ်သုံးမှ ဖြစ်မယ်…..လို့

လမင်းကြီးက (အဝါရောင် အသံနဲ ့) လှမ်းပြောတယ်။

ကြမ်းပြင်ပျောက်ဆုံးနေတဲ ့…မြစ်တစ်စင်းရဲ ့ ရပ်တည်မှုဟာ…

ကြေကွဲစရာ ဆန်နေပြီ..လို့ လည်း…….

တစ်စက္ကန် ့တောင်မှ    သူ…မတွေးချင်တော့ဘူး။

တကယ်တော့  သူ…ဟာ….

ရေခဲမြစ်တွေ ဆား ငံ /မငံ

မြည်းကြည် ့ချင်နေတဲ ့….

အပြာရောင်..မြစ်တစ်စင်း ပဲ   ဖြစ်တယ်။

 

အလင်းဆက်

alinsett.art@gmail.com

3 comments

  • MaMa

    May 25, 2011 at 12:50 am

    အလင်းဆက်လား အလင်းစက်လား။ အင်္ဂလိပ်လိုရေးတော့ တူပေမယ့် မြန်မာလိုကျတော့ အဓိပါ္ပယ် အများကြီး ကွာသွားတယ် နော်။
    အလင်းဆက်ရဲ့ ကဗျာအဓိပါ္ပယ်ကို ဖတ်တဲ့လူက ဉာဏ်ရည်နိမ့်တော့ နားမလည်ဘူး။

  • PinkCandy

    May 25, 2011 at 4:53 am

    မော်ဒန်ကဗျာ ဖြစ်နိုင်တယ်
    နားနဲ့မျက်စိ တပြိုင်တည်းလည်သွားတယ်။

  • မမလေး

    May 25, 2011 at 3:50 pm

    နား နဲ့ မျက်စိပဲလည်တာလား ….

Leave a Reply