ဒညင်းကုန်းလမ်းဆုံအနီးရှိ အမှတ်(၁) အုတ်စက်ရုံတွင် ထရန်စဖော်မာသို့ မိုးကြိုးပစ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

thuratunMay 24, 20111min896

ယနေ့ညနေ ၃ နာရီ ၅ဝ မိနစ်အချိန်၌ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဒညင်းကုန်းရပ်ကွက် ဒညင်းကုန်းလမ်းဆုံအနီးရှိ အမှတ်(၁) အုတ်စက်ရုံတွင် ထရန်စဖော်မာသို့ မိုးကြိုးပစ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုမီးလောင်မှုကြောင့် ထရန်စဖော်မာတစ်လုံး မီးလောင် ပျက်စီးခဲ့ပြီး ငွေကျပ် ၃၅ သိန်းခန့် ဆုံးရုံးခဲ့ကြောင်း သတင်းရရှိသည်။

 

6 comments

  • ကိုသူရထွန်းခင်ဗျား…

    လူသစ်တစ်ယောက်ဟု ယူဆသည့်အတွက် နောက်နောင် ယခုထက်ပိုမိုထူးခြားသည့်သတင်းများ တင်ပေးနိုင်စေရန် အားပေးလျက် ရေးသားလိုက်ရပါသည်။

    မိုးကြိုးပြစ်လို့ ထရန်စဖော်မာလောင်ခြင်းသည် သတင်းမဟုတ်ပါ။
    ဝက်တစ်ကောင်အား ပေါ်လိုက်ပြီးနောက် အမဲသား ဖြစ်သွားခြင်းသည်သာ သတင်းဖြစ်ကြောင်း သိစေအပ်ပါသည်။

    နောင် ဒီထက်ကောင်းမွန်သော စာပေများရေးသားနိုင်စေရန် ရည်သန်လျက်…

    • etone

      May 25, 2011 at 6:57 am

      ရှုံးနိမ့်မှူများနှင့်လူ ရေ… အသစ်လေး လန့်ပြေးသွားပါဦးမယ် … စိတ်လျှော့ စိတ်လျှော့ 😛

  • nature

    May 25, 2011 at 2:33 am

    thuratun ရေ ၊အဲဒီအချိန်ကရွှှေပြည်သာဘက်မှာ လေတွေအရမ်းတိုက်ပြီးမိုးကသဲ၊ လျှပ်စီးလက်ပြီးမိုးခြိမ်းသံတွေကြားတာဘယ်နားများ မိုးကြိုးပစ်သွားလဲသိချင်နေတာ။

  • PinkCandy

    May 25, 2011 at 3:45 am

    ဓါတ်ပုံပါ ပါရင်ကောင်းမယ်
    ဓါတ်ပုံပါပြီး မမြင်ရတာလားတော့မသိ
    တခါတလေ MG က မျက်လှည့်ပြတတ်တယ်
    အရင် Post တွေတုန်းက ပထမကြည့်တုန်းက ဓါတ်ပုံမပါ
    ဒုတိယကြည့်တုန်းက ဓါတ်ပုံပေါ်လာနဲ့ဆိုတော့

  • moethidasoe

    May 25, 2011 at 4:36 am

    ကိုအရှုံးရယ် .. ဒါကို သိသွားတော့ ဪ သူတို့ ရပ်ကွက်လေး မီး တစ်ပတ်လောက် ပျက်ဦးမှာ ဆိုတာကို အများ သိသွားတာပေါ့

  • nozomi

    May 25, 2011 at 11:50 am

    မိုးကြိုးပစ်တယ်ဆိုတာ နေရာတစ်ခုရဲ့ အမြင့်ဆုံး နေရာကိုပစ်တာမဟုတ်လား
    ထရန်စဖော်မာမို့လို့ ပစ်နိုင်ချေပိုများတာလား
    မိုးကြိုးလွှဲတပ်လို့ မရဘူးလား
    မိုးကြိုးပစ်ရင် ဆောင်ရန် ရှောင်ရန် ကြိုတင်ကာကွယ်တဲ့နည်းလေးများသိသူ တင်ပေးကြပါဦး
    မိုးကြိုးကြောင့် သေတဲ့သူက တနှစ်ထက်တနှစ်ပိုများလာတယ်
    (ဒီနေ့ သတင်းစာမှာ တွေ့လိုက်တာ ဘင်္ဂလားဒေ့ရှ် မှာ မိုးကြိုးပစ်လို့ လူ ၁ဝ ယောက်သေတယ်တဲ့)

Leave a Reply