ကြိုးဖုန်းတစ်လုံး ခြောက်သိန်းခွဲဖြင့် အကန့်အသတ်ချထားပေးမည်ဟု …….

KingMay 24, 20111min15510

မန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ် ၁ဝသိန်းခွဲဖြင့် တပ်ဆင့် အသုံးပြုပေးလျက်ရှိသော ကြိုးဖုန်းများကို မေလ ၂၅ ရက်နေ့မှစ၍ ကျပ်ခြောက်သိန်းခွဲဖြင့် အလုံးရေ အကန့်အသတ် မရှိ ချပေးမည် ဖြစ်ကြောင်း နေပြည်တော် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အော်တို တယ်လီဖုန်းဌာန အင်ဂျင်နီယာချုပ် ဦးသိန်းဟုတ်က မေလ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။ “တစ်နိုင်ငံလုံးကို တစ်ပြိုင်နက်တည်း ချပေးတာပါ။ သက်ဆိုင်ရာ ဌာနတွေမှာ အရင် လျှောက်သလိုပဲ လျှောက်ရင် ရပါတယ်” ဟု ဆိုသည်။ ယင်းကြိုးဖုန်းများ လျှောက်ထားရာတွင် သန်းခေါင် စာရင်းမိတ္တူ၊ မှတ်ပုံတင် မိတ္တူနှင့် ဖုန်းလျှောက်လွှာ တစ်စောင်ရေး၍ အော်တို အိတ်ချိန်းရုံးတွင် လျှောက်ထားရပြီး အနည်းဆုံး သုံးလ အကြာတွင် ရရှိကြောင်း၊ ဈေးကွက် ပေါက်ဈေးမှာ ၁၁ သိန်းရှိကြောင်း ဖုန်းလျှောက် ထားသူများထံမှ သိရသည်။ ယင်း ကြိုးဖုန်းလိုင်းများသည် ၁၉၈၈ ခုနှစ်တွင် တယ်လီဖုန်း ရိုးရိုးလိုင်း အင်အား ၇၄၈၈၅ လိုင်းရှိရာမှ ၂၀၁ဝ ဩဂုတ်လတွင် ဒစ်ဂျစ်တယ် တယ်လီဖုန်းလိုင်း အင်အား ၂၁၇၂၄၃၄ လိုင်းအထိရှိကြောင်း ၂၀၁၁ ခုနှစ် မတ်လ ၁ဝ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် တရားဝင် ထုတ်ပြန်ထားသည်ဟု ၂၀၁၁ ခုနှစ် မေလ ၂၃ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

10 comments

  • king

    May 25, 2011 at 8:18 am

    ဟင်း ဘယ်သူမှလည်း လာမဖတ်ကြဘူးထင်တယ်
    ………………………………………………………………….
    တော်ပြီ ဒီသတင်းမျိုးတွေ ရေးမတင်တော့ဘူး 😛 😀 🙂

  • winkyawaung

    May 25, 2011 at 8:32 am

    ဖုန်းလျှောက်ဖို့နေနေသာသာ ကိုယ့်ကိုယ် မနည်း လုံအောင်ဖုံးနေရပါတယ်ဂျာ..။

  • king

    May 25, 2011 at 9:04 am

    အဲဒါကြောင့် ဖုံးပြီးလျှောက်ခိုင်းတာပေါ့ (ဖုန်းလျှောက်)

  • nozomi

    May 25, 2011 at 9:13 am

    မောင်မောင်ကင်း ခေါင်းစဉ် မှာ အကန့်အသတ်မရှိ ဆိုတာမှာ မရှိ က ကျန်ခဲ့တာလား သက်သက်ဖြုတ်ထားတာလား

  • king

    May 25, 2011 at 9:20 am

    အဟီး
    အကန့်အသတ်မရှိ ဆိုရင် စိတ်မဝင်စားမှာစိုးလို့
    😛 😀 🙂

  • etone

    May 25, 2011 at 10:03 am

    ကြံဖန်ပြီး ချပေးနေတာ… ။ နောက်ပိုင်း ဆိုက်ကား မောင်းတဲ့လူတို့ ကုန်ထမ်းသမားတို့ တောင် ဖုန်းဝယ်နိုင်တဲ့ အထိ ဖုန်းတွေ ပေါများလာလိမ့်မယ်… ။ ချက်ချင်းတော့ မဟုတ်ဘူးနော် … ကိုယ်တွေ မှီချင်မှလည်းမှီမယ် 😛 😛

  • antimoe

    May 25, 2011 at 1:07 pm

    ္လဝယ်ရင်လည်း ပိုက်ပိုက်ကုန်လို့စိတ်ညစ်ရတယ်။
    ဝယ်ပြီးရင်လည်း ပိုက်ပိုက်ထပ်ကုန်လို့စိတ်ညစ်ရတယ်။
    ……..
    ကိုယ်ကိုဆက်ရင်တော့…လိုင်းမကောင်းလို့..တော်ပြီနော်..လို့..ပြောပြီး၊
    ကိုယ်ကပြန်ဆက်တော့မှ…အိမ်မှာရှိတဲ့လူအကုန်အကြောင်းတင်မက.
    ရွာက ဆွေမျိုးအတင်းပါစုံအောင်ပြောပြီးလေရှည်တဲ့.သူငယ်ချင်းနဲ့ ..တွေ့ရင်….ပိုစိတ်ညစ်ရပါတယ်။

  • nature

    May 25, 2011 at 2:23 pm

    ဒီဈေးဆိုမဆိုးဘူး၊တလုံးလောက်သွားဝယ်လိုက်ဦးမယ်၊ ကျေးဇူးပဲ။

  • မမလေး

    May 25, 2011 at 3:45 pm

    ကြိုးဖုန်းဝယ်မယ့်အစား 5 သိန်းဖုန်းဆို အပြင်တောင်ယူသွားလို့ရတယ်လေ …

  • bigbird

    May 28, 2011 at 6:22 pm

    သူများနိုင်ငံမှာ လိုချင်ရင်ဖုန်းသာဆက်လိုက် အိမ်အရောက် တစ်ပတ်အတွင်းအလကားလာတပ်ဆင်ပေးတယ်။
    ကုမ္ပဏီတစ်ခုနဲ့တစ်ခု ပြိုင်ကြလို့ တစ်လတောင် အလကားဆက်ခွင့်ပေးသေး။ မလိုချင်မှအဆုံး။
    ဒို့ဆီမှာတော့ ပိုက်ဆံလဲပေးရ .. ၃လ စောင့်ရ.. ဟီး..ဟီး.. ရယ်စရာကြီး၊။
    လက်ကိုင်ဖုန်း sim card တွေကို ကားမှက်တိုင်တွေမှာ အလကား လိုက်ဝေကြတယ်။ ယုံမလားတော့မသိဘူး။

Leave a Reply