ရန်ကုန်တိုင်းဒေသကြီး၌ ဧပြီလနှင့်မေလအတွင်း ဖမ်းဆီးရမိခဲ့သော တရားမဝင် ခိုးကူးခွေများအနက် ထက်ဝက်ကျော်မှာ ညစ်ညမ်းခွေများ ဖြစ်ကြောင်း သိရ

ဦးကောက်May 25, 20111min15613

 

e6342

ရန်ကုန်တိုင်းဒေသကြီး၌ ဧပြီလနှင့် မေလအတွင်း ရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်းကာ တရားမဝင်ကူးခွေ ရောင်းချသူများအား ဖမ်းဆီးမှုပြုလုပ်ခဲ့ရာ အချပ်ရေ ၆၀၀ဝကျော် ဖမ်းဆီးရမိခဲ့ပြီး အဆိုပါအချပ်များ အနက် အချပ် ၃၅၀ဝမှာ ညစ်ညမ်းခွေများဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့မှ သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး ဗီဒီယို အခြေခံအဖွဲ့သည် အဆိုပါကာလအတွင်း တရားမဝင်ဖမ်းဆီး အရေးယူမှုများကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ တာမွေမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နှင့် သင်္ဃန်းကျွန်း မြို့နယ်တို့တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။

“မြို့နယ်ခြောက်မြို့နယ်မှာ ဖမ်းဆီးအရေးယူမှု ၁၂ မှု ပြုလုပ်ခဲ့ပါ တယ်။ အဲဒီ ၁၂ မှုကနေ အချပ်ရေ ၆၀၀ဝ ကျော် ဖမ်းဆီရမိခဲ့ပါတယ်။ လမ်းဘေးရောင်းချသူအများစု ဖမ်း ဆီးခဲ့ပြီး ဖမ်းဆီးရမိတဲ့အချပ်ရေ အနက်က ၃၅၀ဝ လောက်ကညစ်ညမ်း ခွေတွေဖြစ်ပါတယ်”ဟု အဆိုပါအဖွဲ့မှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

“ဒီနှစ်ကျွန်တော်တို့ တရားမဝင်ကူးခွေ ဖမ်းဆီးမှုပြုလုပ်တဲ့အခါမှာ ဖမ်းဆီးရမိသူအားလုံးက ငွေဒဏ် အဖြစ် ပြစ်ဒဏ်ခံရတာမျိုး မဟုတ်ဘဲ  ထိရောက်တဲ့ ထောင်ဒဏ်ချမှတ်နိုင်ဖို့ ဆောင်ရွက်ထားပါတယ်။ ဖမ်းဆီးမှု မှာတွေ့ရှိရတဲ့ ထူးခြားမှုကတော့ မြန်မာဇာတ်ကားကို ဗီစီဒီနှစ်ချပ်နဲ့ ကူးယူ ဖြန့်ချိမှုအစား ဒီဗီဒီအဖြစ် ကူးယူဖြန့်ချိတာကို တွေ့ရတဲ့အပြင် ညစ်ညမ်းခွေတွေကို လမ်းဘေးတရားမဝင် ရောင်းချသူထံက အများစု ဖမ်းဆီးရမိခဲ့ခြင်းပါ”ဟု အဖွဲ့မှ ကိုငယ်လေးက ရှင်းပြခဲ့ပါသည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။



13 comments

  • bigcat

    May 25, 2011 at 2:30 am

    ဧပြီနဲ့မေလအတွင်းမှာ ခြောက်ထောင်ကျော်ပဲ ဖမ်းမိတယ်ဆိုတော့ ကျန်တဲ့ခြောက်သိန်းကျော်က ဘယ်ရောက်သွားပါလိမ့်…ကြောင်ကြီးဆီတော့ ရောက်မလာဘူးနော်၊ ကျုပ်က အွန်လိုင်းဖောက်သည်ကြီး…

    • etone

      May 25, 2011 at 4:20 am

      ဒါဆိုသဂျီးဆီရောက်သွားတာများလား 😛

  • moethidasoe

    May 25, 2011 at 4:34 am

    ကျန်တဲ့အခွေတွေက ကြည့်ဖို့ ယူသွားတယ် .. နောက်ပြီး ရတာလေးတွေ ယူနိုင်ဖို့ အမှုပေါ့အောင် လုပ်တာလေ .. အခွေများရင် အမှုလေးမယ် ..

  • mgbahlaing

    May 25, 2011 at 5:05 am

    မဂါ နိုင်တဲ့လူ ပါ သွားတာလေ။

  • king

    May 25, 2011 at 8:03 am

    ပြန်ပြီး ဖြန့်ချီရေးလုပ်စားတယ်ထင်တယ် …..
    တိုက်ဆိုင်မှုရှိရင် ဆောရီးပဲ
    ( * _ ^ )
    😛 😀 🙂

  • မြန်မာပြည်မှာ ခိုးတာတွေများ
    အချိန်မီပြင်နိုင်ပါတော့မလား……………………
    (မြန်မာပြည်နာရီတွေကများ အချိန်တွေမှန်နိုင်ပါတော့မလား………..
    ဆိုတဲ့သူများသီချင်းအလိုက်ထဲကို ကျနော်ကလဲ စားသားခိုးထဲ့ကြည့်တာပါ။)
    မြန်မာပြည်မှာ ခိုးတာတွေက ခေတ်စားနေတယ်လေ။
    ခိုးစားတယ်။
    ုခိုးဝတ်တယ်။
    ခိုးရောင်းတယ်။
    သူများသီချင်းကို ခိုးကူးခွေလုပ်ရောင်းတယ်။
    သူများရေးထားတဲ့စာကိုခပ်တည်တည်နဲ့ခိုးပြီး နာမယ်ပြောင်းပြီး တယ်။
    အရင်က ခိုးတယ်ဆိုရင် လူတွေအားလုံးကဆန့်ကျင်တာများတယ်၊
    အခုတော့ခိုးတဲ့သူကိုရော ခိုးရာပါပစ္စည်းကိုရော လက်ခံရမှာ ဝန်မလေးကြတော့
    သူများပစ္စည်းခိုးတယ်ဆိုတာတောင် မိမိရဲ့ရပိုင်ခွင့်တစ်ခုလို သတ်မှတ်တဲ့ခေတ်ရောက်ဘို့တော့ နီးလာပြီလို့ထင်ပါတယ်။

    သူများပစ္စည်းကို ခိုးဘူးတဲ့သူက နောက်လူကိုဒီကောင်ခိုးနေတယ်လို့ပြောနေတယ်လို့ခံစားရလို့
    ဒီကော်မင်းကိုရေးတာပါ။
    သွယ်ဝိုက်ပြောတာမဟုတ်ပါဘူး၊
    ဒဲ့ပြောနေတာပါ။

    • etone

      May 28, 2011 at 5:10 am

      တိုက်ရိုက်ကို ဆော်နေပါလား လေးပေါက်ရေ… ။
      စိတ်လျှော့စိတ်လျှော့ … ။

  • eros

    May 25, 2011 at 11:03 am

    ဦးပေါက်ကို ထောက်ခံပါတယ်။

  • naywoonni

    May 25, 2011 at 3:29 pm

    ပေါက်ပေါက်ရေ….။ စိတ်လျော့ …စိတ်လျော့ ….။

  • မမလေး

    May 25, 2011 at 3:43 pm

    မကောင်းတဲ့ခွေက မြန်မာနိုင်ငံကရိုက်တာမို့လား … နိုင်ငံခြားခွေတွေ မဖမ်းဘူးဆို …

  • zawinaing

    May 25, 2011 at 5:23 pm

    ိနိုင်ငံခြားခွေတွေက အားလုံးကြည့်ပြီးသား ဖြစ်လို့နေမှာပေါ့ မမလေးရေ……………………

  • virus

    May 27, 2011 at 2:44 pm

    တခြားအမှုုုုုတွေလည်းမဖမ်းတာတွေရှိတယ်

  • virus

    May 27, 2011 at 2:46 pm

    ဥပမာ ခေါင်းဆောင်ကိုယ်တိုင်ရောင်းတာမျိုးပေါ့

Leave a Reply