ဟာသလေးများ

Yin Nyine NwayMay 25, 20111min530

(နှစ်ဦးသဘောတူ)
မောင်ရိုးဆိုသူ လူငယ်တစ်ဦးအားမိဘများက အိမ်ထောင်ပြုရန်ပြောသည်။ မိဘများသဘောတူနေသောမိန်းခလေး အရုပ်ဆိုးသောလည်း အလွန်ချမ်းသာသည်။
မောင်ရိုးကြိုက်နေသောမိန်းခလေးမှာ ဆင်းရဲသော်လည်းချောလှ၏။
ကဲ…မောင်ရိုး မင်းကြိုက်နေသောမိန်းခလေးးကိုယူမလား။ ငါတို့ပေးစားမဲ့မိန်းခလေးကိုယူမလား။
မောင်ရိုး သေချာစဉ်းစားပြီးမှ မိဘများကိုပြောလိုက်သည်….
အမေတို့သဘောတူတဲ့မိန်းခလေးအိမ်မှာထမင်းစားသောက်ပြီး ……..သားကြိုက်တဲ့မိန်းခလေးအိမ်မှာအိပ်မယ်ဗျာ နော်….

(ခိုင်းနည်းသစ်)
ယောကျင်္ားဖြစ်သူသည် ဘာခိုင်းခိုင်းအလွန် အပျင်းထူသည်။ မိန်းမဖြစ်သူသည်အားလပ်ချိန်တွင်ယောကျာင်္းကိုခြံထဲဆင်းပြီး သစ်ပင်စိုက်စေချင်သည်။
သို့သော် တော်တော်နဲ့ခို်င်းလို့ရမည်မဟုတ်။တစ်နေ့တွင် အကြံရကာမိန်းမဖြစ်သူက……
`ရှင်ခြံထဲဆင်းပြီးဘာမှမလုပ်တော့ဘူးလား၊ဪအင်းလေ မလုပ်နိုင်ရင်လဲနေပါစေ။ အသက်လည်းရလာပြီဆိုတော့ အဘိုးကြီးလည်းဖြစ်တော့မှာဘဲလေ´
မကြာမီ သူ၏ယောကျင်္ားထပြီးခြံထဲဆင်း အလုပ်လုပ်လေသည်။

(လက်ထပ်လျင်)
အမျိုးသမီးနှစ်ယောက် တစ်နေ့လက်ထပ်ရင် ဘယ်လိုယောကျင်္ားမျိုးကိုရှာပြီး လက်ထပ်ရမည့် အကြောင်းပြောနေကြသည်။
ပထမမိန်းမ။ ။ငါယူတဲ့ယောကျင်္ားကချမ်းသာတဲ့သူဖြစ်ရမယ်။သဘောကောင်းတဲ့သူဖြစ်ရမယ်။ရုပ်ချောတဲ့သူဖြစ်ရမယ်။
ဒုတိယမိန်းမ။ ။အို……….ဒါဆို နင်ကယောကျင်္ား ၃ ယောက်တောင်ယူမှာလား

(ကြိုက်နေလို့ပါ)
ဒီအမျိုးသမီးကို ခင်များ ဘာလို့အဓမ္မ ကျင့်ရတာလဲ” တရားခံကို တရားသူကြီးကမေးသည်..။
“သူ့ကို ကျနော်ကြိုက်လို့ပါ”ဟုတရားခံက မျက်လုံးနှစ်ဖက် ကို လက်နှင့်ပိတ်ရင်းပြန်ဖြေသည်..။
“ဒီယောက်ျားကိုရော ဘာဖြစ်လို့အဓမ္မ ကျင့်ရပြန်တာလဲ “ဟုတရားသူကြီးကထပ်မေးသည်..။
“သူ့ကိုကျနော်ကြိုက်လို့ပါ “ဟုတရားခံကမျက်လုံးနှစ်လုံးကို လက်ဝါးဖြင့်ပိတ်ရင်းပြန်ဖြေသည်။
‘ဒါနဲ့နေပါအုံး ခင်များဘာဖြစ်လို့ မျက်လုံးကိုလက်နှစ်ဖက်နဲ့ ပိတ်ပြီးဖြေနေရတာတုန်း ”
“တရားသူကြီးမင်းကိုလည်းကျနော်ကြိုက်နေလို့ပါ..။”

(နောင်တ)
ညတစ်ည သန်းခေင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိူးလာ၍ ယောက်ျားဖြစ်သူကို ရှာရာ မီးဖိုချောင်ထဲ၌ ရှိက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ ့လိုက်ရလေသည်။

ဇနီး ။ မောင်…ဘာဖြစ်လို ့ငိုနေတာလဲ
ကျား ။ တို ့တတွေ သမီးရည်းစားဘဝချိန်းတွေ တုန်းက မင်းအဖေကြီးနဲ ့မိသွားတော ့မင်းအဖေကြီးပြောတဲ ့စကားကို မင်းမှတ်မိသေးရဲ ့လား…။ မင်း ငါ့သမီးကို အတည်ယူမှာလား… မယူရင်တော ့ထောင်ထဲမှာ အနှစ်နှစ်ဆယ် သွားနေပေတော့ ဆိုတာလေ ..

ဇနီး ။ မှတ်မိသားဘဲ …အဲဒါဘာဖြစ်လို ့လဲ

ကျား ။ အေး….အဲဒီတုန်းက ထောင်သာကျခဲ ့ရင် ဒီနေ ့လွတ်ပြီ ..အီး ဟီးဟီးဟီး …ရွှတ်..

(မထူးပါဘူး)
လမ်းတွင် ဖိနပ်အနီတစ်ဖက်၊အနက်တစ်ဖက်မှား စီးလာသော ကလေးတစ်ဦးကိုတွေသဖြင့် လူကြီးတစ်ဦးက…
`ဟေ့ချာတိတ် မင်းဖိနပ်အနီတစ်ဖက် ၊အနက်တစ်ဖက် ဖြစ်နေတယ်၊ အိမ်ပြန်လဲလိုက်အုံး´
ဟာ…အိမ်ပြန်လည်း မထူးပါဘူး ဦးဦးရာ…
`ဘာဖြစ်လို့လဲကွ`
`အိမ်မှာလည်း ဖိနပ်အနီတစ်ဖက်၊အနက်တစ်ဖက်ပါဘဲဗျာ.

(ညီမျှသလိုပဲ) အသက်၄ဝခန့်ရှိသောလူပျိုသိုးကြီးသည် မိဘများအား အိမ်ထောင်ပြုချင်ကြောင်း ဖွင့်ဟပြောသည်။
ထိုအခါမိဘဖြစ်သူတို့က ရိုးအသော သားအကြာင်းသိသဖြင့် ဒါဆိုမေမေတို့က
မင်းနဲ့ရှေ့သွားနောက်လိုက်ညီမဲ့ အသက်၃ဝကျော်မိန်းခလးတစ်ယောက်ရှာပေးမယ်နော်။
ထိုအခါလူပျိုသိုးကြီးက မျက်နှာငယ်လေးဖြင့်…….့် မေမေတို့စကားလည်းနားထောင်ပြီးသားဖြစ်အောင် သားလိုချင်တာလည်းဖြစ်အောင်
အသက်၁၆နှစ်အရွယ် နှစ်ယောက်ယူလို့မရဘူးလားမေမေ…

(လက်တည့်လာလို့ပါ)
လင်မယားနှစ်ဦးကွာရှင်းပြတ်ဆဲမည်ဟု ရုံးတော်သို့ရောက်လာသည်။
ယောကျင်္ားဖြစ်သူက…ဒီမိန်းမအားကွာရှင်းချင်ပါတယ်…
တရားသူကြီးက…..သီးမခံနိုင်အောင်ဘာကြောင့်များလဲ
ယောကျင်္ားဖြစ်သူက…ဒီမိန်းမနဲ့လက်ထပ်ပြီးတဲ့နှစ်၂ဝလုံးလုံးမှာ သူစိတ်တိုင်းမကျရင်တွေတဲ့အရာနဲ့ကောက်ကောက်ပေါက်ပါတယ်။ဒါေကြောင့်သီးမခံနိုင်တာပါ။
တရားသူကြီးက….နှစ်၂ဝလုံးသီးခံပြီးမှဘာလို့ရုံးတော်ကိုလာတိုင်ရတာလဲ။
ယောကျင်္ားဖြစ်သူက…ဒီမိန်းမရဲ့လက်ကအခုမှပိုပြီးလက်တည့်လာလို့ပါ…

(မှီနိင်သေးတယ်)
အမျိုးသမီး၏နောက်သို့လူငယ်တစ်ယောက် ပြေးလိုက်လာပြီးပြောသည်။
“ဒိမှာခင်ဗျာ၊ ဒိမှာခင်ဗျာ´´
အမျိုးသမီး ပြန်လှည့်ကြည့်ပြီး မေးသည်။
“ကျွန်မကိုခေါ်တာလား ဘာကိစ္စလဲ´´
“ဘတ်စ်ကားပေါ်မှာ ထီးမေ့ကျန်ခဲ့တာ ခင်ဗျားလား´´
အမျိုးသမီးလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
“ဟုတ်ပါရဲ့ ကျွန်မ ထီးမေ့ကျန်ခဲ့တယ်´´
“အဲဒါဆိုမြန်မြန်ပြေးလိုက်၊ကားကအခုမှ စထွက်ကာစပဲရှိသေးတယ်။´´

(သူဌေးနှင့်နွား)
လူတစ်ယောက်ကသူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။
သို့ကြောင့်လည်းနွားငှားရန် သူဌေးကြီးထံစာရေးကာ တပည့်တစ်ယောက်ကို
စေလွှတ်လိုက်သည်။ ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီးသည်
ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။ သူဌေးကြီးကစာကိုယူလိုက်သည်။
စာမတတ်သည်ကိုရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။
သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။
“ငါသိပါတယ်ကွာ´´
သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။
“အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ဟုတ်လား´´

(မရှိရင်ပိုကောင်းသေး)
မိန်းမဖြစ်သူသည်ယောကျင်္ား၏ ပုဆိုးအပြဲကိုချုပ်ပေးနေရင်းလှမ်းပြောသည်။
မိန်းမ၊ ၊`ရှင်တို့ယောကျင်္ားတွလေ ကျမတို့မိန်းမတွေမရှိရင် တော်တော်စိတ်ညစ်ရမယ်၊
မိန်းမတွေရှိနေလို့သာရှင်တို့ ပုဆိုးတွေ၊ ဘောင်းဘီ၊အကျင်္ီတွေချူပ်ပေးမဲ့သူရှိတာ´
ယောကျင်္ား၊ ၊`အိုမရှိမဖြစ်ဟုတ်ပါဘူးကွာ၊ငါတို့ အဲဒီဘောင်းဘီ၊ပုဆိုးတွေ ဝတ်ရတာလည်း မင်းတို့မိန်းမတွေရှိနေလို့ကွ၊မိန်းမတွေမရှိရင် ငါတို့ဘာမှဝတ်စရာ
မလိုဘူးကွ´

(အပါအဝင်၂၃ ယောက်မြောက်)

တခါက အရူးတွေကို ခုနှစ်ထပ်ရှိတဲ့အရူးထောင်မှာထား တယ်တဲ့ တနေ့ကျတော့ အရူးတွေက အော်နေကြ တယ် ” ၂၂ ” ဆိုပြီးတော့ အဲဒါနဲ့တာဝန်ကျဆရာဝန်ကလည်း ထူးဆန်းတယ်ဆိုပြီး မြေညီထပ်ကအရူးတွေကိုသွားမေးတယ် အရူးတွေကအပေါ်ထပ်ကအော်လို့အော်ရတာပါတဲ့ ဒါနဲ့ ဆရာဝန်လည်း ဒုတိယထပ်ကိုတက်သွားပြီးမေးပြန်တယ် ဒုတိယထပ်က အရူးတွေကကျတော့နဲနဲအဆင့်မြင့်လာတယ် စာတန်းတွေဘာတွေနဲ့ပေါ့ သူတို့ကလည်းအပေါ်ကအော်လို့အော်ရတာပါလို့ဖြေပြန်တယ် ဒါနဲ့ထပ်တက်ပြန်တာပေါ့ တတိယထပ်ကျတော့ မိုက်ကရိုဖုန်းတွေဘာတွေနဲ့အော်နေကြတာပေါ့ သူတို့ကလည်း အပေါ်ကအော်လို့အော်ရတာပါလို့ပြောပြန်ကော ဒီလိုနဲ့ တစ်ထပ်ပြီးတစ်ထပ်တက်ရင်းတက်ရင်းနဲ့ နောက်ဆုံးထပ် ခုနှစ်လွာကိုရောက်တော့ အဲအထပ်မှာက ဂိုဏ်းစတား အရူးတွေကြီးပဲရှိတယ် ဒါနဲ့ဆရာဝန်ကထုံးစံတိုင်းမေးပြန်ရောတဲ့ အရူးတွေကဘာမှမပြောဘူး ပြတင်းပေါက်ကို လက်ညိုးထိုးပြတယ် ဆရာဝန်ကလည်းဘာများလည်းဆိုပြီးသွားကြည့်တာပေါ့ အဲချိန်မှာအရူးတွေက ဆရာဝန်ကိုခြေထောက်ကနေကိုင်ပြီး ပြတင်းပေါက်ကနေပစ်ချလိုက်ကြတယ် ပြီးတော့
သူတို့အားလုံးအော်လိုက်တာက ၂၃ ၂၃ တဲ့

(အဲ့ဒါလဲကောင်းပါတယ်)
မိန်းခလေးနှစ်ယောက် စားသောက်ဆိုင်တွင်စကားပြောနေကြသည်။
ပထမ မိန်းခလေး……ငါ့မှာရည်းစားနှစ်ယောက်ရှိတယ်။တစ်ယောက်ကချမ်းသာတယ်၊တစ်ယောက်ကရုပ်ချောတယ်။ဒါဆိုဘယ်သူ့ကိုရွေးရမလဲဟင်။
ဒုတိယမိန်းခလေး……လွယ်ပါတယ်။ရုပ်ချောတဲ့သူနဲ့ ဆက်တွဲနေပေါ့။လက်ထပ်တဲ့ခါမှ ချမ်းသာတဲ့သူနဲ့လက်ထပ်လိုက်။

(သတင်း၃ခု)
ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။
“ခင်ဗျားကို သတင်းသုံးခုပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ ့သတင်း၊ နောက်တစ်ခုက ကောင်းတဲ ့သတင်း၊ အဲ နောက်ဆုံးတစ်ခုကတော ့ အကောင်းဆုံးပဲ၊ မကောင်းတဲ ့သတင်းက စပြောမယ်၊ မဖြတ်ရမဲ ့ခင်များခြေထောက်ကို ကျွန်တော်တို ့မှားဖြတ်မိတယ်၊
ကောင်းတဲ ့သတင်းကတော ့ဖြတ်ရမယ် ့ခြေထောက်ကို ကျွန်တော်တို ့ထပ်ဖြတ်ပေးမယ်…. အဲ …..
အကောင်းဆုံး သတင်းကတော ့ ဘေးခန်းက လူနာက ခင်းဗျားရဲ ့ ရှူးဖိနပ်ကို သူဝယ်မယ်တဲ ့”

(အထီးအမခွဲခြားနည်း)

“မေမေ၊ ကျွန်တော် ယင်ငါးကောင်ကို သတ်လိုက်တယ်၊ နှစ်ကောင်က အထီး၊ သုံးကောင်က အမ” ဟု ငါးနှစ်သား လူငယ်လေးက သူ့မိခင်ကိုပြောလိုက်သည်။
“ဟုတ်လား၊ ဒါနဲ့သားက ယင်ကောင် အထီးနဲ့ အမ ဘယ်လိုခွဲသလဲကွဲ့။”
“အော်…ဒါလား နှစ်ကောင်က ဘီယာပုလင်းပေါ်မှာ၊ သုံးကောင်က ကြည့်မှန်ပေါ်မှာ နားနေကြတာလေ”

(ကောင်းပါတယ်)
မောင်ချစ်။ ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား?
ဇနီးဖြစ်သူ။ ။ ဟင့်အင်း… ကျွန်မညီမနဲ့ပဲ နေမှာ။ ဒါနဲ့ ရှင်ကော ကျွန်မ သေသွားရင် နောက် အိမ်ထောင် ပြုမှာလား?
မောင်ချစ်။ ။ ဟင့်အင်း… ငါလဲ မင်းလိုပဲ မင်းညီမနဲ့ပဲ နေမှာပေါ့။