ဖီလိုဆိုဖာ ကိုပလာတာ နှင့် မျက်လှည့်

တစ်နေ ့ကိုပလာတာတစ်ယောက် ကိုမူဆာကြီးဆိုင်မှာထိုင်နေတုန်း ဆိုင်ေ့ရှမှာ မျက်လှည့်ဝိုင်းလာပြနေတယ်။
ဘာရယ်မဟုတ်မျက်လှည့်ဝိုင်းကိုငေးမိတော့ ကျောင်းကပြန်လာတဲ့ရက်ကွက်ထဲကကလေးတွေအုံနေတာသတိထားမိ
တယ်။မျက်လှည့်ကတော့ဘာတွေပြတယ်မသိ။အာဘောင်အာရင်းသန်သန်နဲ ့ပြောနေတဲ့ မျက်လှည့်ဆရာအသံကို
ပဲကြားနေရတာ။နောက်တော့ ဆေးရောင်းဘာရောင်းနဲ ့ပဲမျက်လှည့်ဝိုင်းသိမ်းသွားပါရော။အဲဒီကျမှ နီမိုးတို ့ ကလေး တစ်သိုက် ကိုပလာတာကိုမြင်သွားပြီး ဆိုင်ထဲကိုဝင်လာကြတယ်။
“ဦးဦး ..ဟီးဟီး”
ကလေးတွေက ဟီးဟီးဟားဟားလုပ်နေပြီဆိုကတည်းက ကိုပလာတာ ပေါက်တယ်။
“အေးအေး ..လာကြ ..မုန် ့စား”
မုန် ့တွေပလုပ်ပလောင်းစားနေရင်း မျက်လှည့်အကြောင်းတွတ်ထိုးနေကြတာနင်တောင်နင်နေကြတယ်။ခဏကြာ
တော့ နီမိုးက-
“ဦးဦး ရော မျက်လှည့် ကြိုက်လားဟင်”
“အာ..ကြိုက်တာပေါ့”
“ဒါဆို ..ဦးဦး အတွေ ့အကြုံလေးတွေပြောပြပါလား ”
“ဦးဦး ကြိုက်တဲ ့အထူးဆန်းဆုံးပြကွက်ကိုပြောပြ”
ကလေးတွေတစ်ယောက်တစ်ပေါက်နဲ ့တောင်းဆိုနေတော့ ကိုပလာတာ အတိတ်ကိုပြန်တွေးမိတယ်။
“ဦးဦး ဟိုးအဝေးကြီးက နိုင်ငံခြားတိုင်းပြည်ကြီးမှာ ကျောင်းသွားတက်တုန်းကပေါ့ကွယ်…”
ကိန်းဘရစ်မှာတုန်းက ကိုပလာတာနဲ ့အရမ်းခင်ခဲ ့တဲ့အပေါင်းအသင်းတွေထဲမှာ မျက်လှည့်ကိုဝါသနာထုံတဲ့
ဂျော့ ဆိုတဲ့ကနေဒီယန်တစ်ယောက်ပါတယ်။နောက်ဆုံးနှစ်ရောက်တော့ကျောင်းတောင်မှန်မှန်မလာတော့ဘဲ
မှော်ဆရာလိုလို မျက်လှည့်ဆရာလိုလို ပီရူးနိုင်ငံက ငနဲတစ်ကောင်နဲ ့တတွဲတွဲလုပ်နေတယ်။မျက်လှည့်နဲ ့ပက်သက်
ပြီးစာတမ်းပဲပြုစုတော့မယောင်ယောင် ။တစ်နေ ့လူရှင်းတဲ ့ကဖေးဆိုင်လေးတစ်ဆိုင်မှာ ကိုပလာတာစာဖတ်နေ
တုန်း ဂျော့နဲ ့သူ ့ဘော်ဒါ မှော်ဆရာကောင်ရောက်လာတယ်။
“အိုင်ဆေး ပလာတာ..ခင်ဗျားနဲ ့တွေ ့တာအတော်ပဲဗျာ”
ပိုက်ဆံများချေးမလားဆိုပြီး ကိုပလာတာ ရင်ထိတ်သွားတယ်။
“ခင်ဗျားမျက်လှည့် စိတ်ဝင်စားလား”
တော်သေးတယ်လို ့ကိုပလာတာတွေးပြီး
“နည်းနည်းပါးပါးပေါ့”
“အမှန်တော့ ရွှေတစ်လှည်းဖွဲတစ်ဆုပ်ဆိုပြီး ချိုးချိုးနှိမ်နှိမ်ပြောခဲ့ကြတာဗျ”
“အဲ နေဦးဗျို ့ ဒါကျုပ်မိတ်ဆွေ မာနီ တဲ့ဗျ”
ကိုပလာတာ ခေါင်းပဲငြိမ့်ပြလိုက်ပြီးလက်ဆွဲ မနှုတ်ဆက်ဘူး။ဂျော့ကတော့ မျက်လှည့်အကြောင်းဆက်ပြောနေတယ်။
“ကဲဗျို ့ ..ခင်ဗျားကို မျက်လှည့်လေးတစ်ကွက်လောက်ပြမယ်ဗျာ”
“ပြဗျာ..”
“ ပြကွက်အစအဆုံး ခင်ဗျားပဲလုပ်ရမှာ..ကျုပ်တို ့နှစ်ယောက်ကဘေးကပဲထိုင်နေမှာ”
နည်းနည်းတော့ဆန်းသားလို ့ကိုပလာတာ တွေးမိတယ်။ဂျော့က ဝိတ်တာလေးတစ်ယောက်ကိုခေါ်ပြီးဖန်ခွက်တစ်
ခွက်တောင်းတယ်။ပြီးတော့ ကြက်ဥတစ်လုံးလောက်လဲတောင်းဦးမှလို ့သူ ့ဘာသာပြောပြန်တယ်။
ဖန်ခွက်နဲ ့ကြက်ဥရောက်လာတော့ ဂျော့က-
“ခင်ဗျားမှာ အကြွေစေ့ကလေးများတစ်စေ့လောက်မပါဘူးလားဗျ”
“ပါပါတယ်ဗျာ”
“ဒါဆို အကြွေစေ့မှာ အမှတ်အသားတစ်ခုခုုလုပ်ထားဗျာ”
ကိုပလာတာက အကြွေစေ့ပေါ်မှာဆော့ပင်နဲ ့ပီလို ့ရေးလိုက်တယ်။
“ဟုတ်ပြီဗျို ့..ကဲ ဖန်ခွက်ထဲကို ကြက်ဥလေးထဲ ့..ဖြေးဖြေး..
ပြီးရင် ခင်ဗျားအကြွေစေ့လေးကိုပါထဲ့..အိုကေ..နောက်ဆုံးဟောဒီလက်ကိုင်ပုဝါလေးနဲ ့အုပ်လိုက်ဗျာ..”
“ပြီးပြီလားဗျ”
“ပြီးပါပြီဗျာ..ကဲ လက်က်ိုင်ပုဝါလေးကို လှန်လိုက်ပါ”
“လှန်ပြီဗျာ ..ကိုင်း”
ဖန်ခွက်ထဲမှာကြက်ဥလေးကငုတ်တုတ်။အဲ ..အကြွေစေ့ကဘယ်ရောက်သွားပါလိမ့်။ကိုပလာတာကြက်ဥကိုဖယ်
ပြီးရှာတယ်။မတွေ ့။ဂျော့က ..
“အိုင်ဆေး ..လက်ထဲကကြက်ဥကိုထိပ်လေးအသာခွဲပြီး အရည်တွေကိုဖန်ခွက်ထဲ့လိုက်ဗျ”
သူပြောတဲ့အတိုင်းလုပ်ကြည့်တော့ ကိုပလာတာ တော်တော်အံ့ဩသွားတယ်။ကြက်ဥထဲမှာ သူ ့အကြွေစေ့လေး။
“ဆန်းလှချည်လားဟ”
“အမှန်တော့ အဲဒါတွေဟာခင်ဗျားကိုလှည့်စားတာဗျ..စိတ်ကိုရော မျက်လုံးကိုရောပေါ့ဗျာ..”
ဂျော့ကခပ်လှမ်းလှမ်မှာထိုင်နေတဲ့လူငယ်တစ်ယောက်ကိုခေါ်လိုက်တယ်။
“ဓာတ်ပုံရရဲ ့လားကွ”
“ရပါတယ် ဗျာ..ဒီမှာ”
ပိုလာရွိုက်ကင်မရာနဲ ့ရိုက်ထားတဲ့ဓာတ်ပုံလေးငါးပုံ။သေချာကြည့်မိတော့ ကိုပလာတာမျက်လုံးတွေပြာသွားတယ်။
သူတို ့သုံးယောက်ပုံ။ကိုပလာတာက ဖန်ခွက်ကြီးထဲမှာ ရေဖြည့်ထားတဲ ့ခွက်လေးကိုဂရုတစိုက်ထဲ့နေတယ်။ကြက်
ဥမှမဟုတ်တာပဲ။နောက်တစ်ပုံက သူ ့အကြွေစေ့လေးကို ရေခွက်လေးထဲကိုထဲ့နေတာ။နောက်ထပ်တစ်ပုံက ဖန်
ခွက်ပေါ်က ပုဝါလေးကိုဖယ်ပြီး အထဲကရေခွက်လေးကိုဂရုတစိုက်ထုတ်ယူနေတဲ့ပုံ။နောက်ဆုံးပုံက ခွက်လေးထဲ
က အကြွေစေ့လေးကို ကြည့်ပြီး ကိုပလာတာအံ့ဩနေတဲ့ပုံ။ဟား..ဘာတွေလဲ ကိုပလာတာအာရုံတော်တော်နောက်
သွားတယ်။ဂျော့က သူ ့ပခုံးကိုပုတ်ပြီး စပ်ဖြီးဖြီးနဲ ့ထွက်သွားတော့ ကိုပလာတာ တစ်ယောက်ငိုင်ရင်းကျန်ခဲ့တာပဲ။
ဒဿနသမိုင်းမှာ အတွေးခေါ်ပညာရှင်ကြီး သေးလိစ် ရဲ ့အခြေခံမူလက နားမျက်စိစသော အာရုံတို ့ဖြင့်သိမြင်သော
တစ်စုံတစ်ခုသည်ရှိ၏ တဲ့။ဒါဆိုခုဟာက..။ဒေးကား ကတော့ဆင်ခြင်မှုပဓာနတဲ့။အဲဒါမှ ခိုင်မာတဲ့အသိပညာတဲ့။
ဒါဟာ ကိုပလာတာအတွေးအခေါ်တွေပြောင်းလဲလာဖို ့ပထမခြေလှမ်းပဲဆိုသူ ့ဘာသာတောင်မရိပ်မိခဲ့ဘူးလေ။
“ဟား..ဒါဆို ဟို ဦးဂျော့ ကရောဘယ်ရောက်သွားလဲဟင်.. ဦးဦး”
“မသိပါဘူးကွယ်..”
“အော်..ဒါနဲ ့ဦးဦးရောမျက်လှည့်ပြတတ်လားဟင်”
“ဟားဟား နည်းနည်းပါးပါးတော့ ရတာပေါ့..ဂျော့ကငါ့ကိုသင်ပေးတာလေ”
နီမိုးက-
“ဒါဆို…သားရဲ ့ဘာမှမရှိတဲ့ဟောဒီ အိပ်ကပ်ထဲကနေပြီးတစ်ထောင်တန် ထွက်လာအောင်လုပ်ပြနိုင်လားဦးဦး”
“ဟားဟား ဒီလောက်များကွာ..”
“ကဲ ..သေချာကြည့်ဟေ့..ဟိတ်”
ကိုပလာတာက နီမိုးအိပ်ကပ်ထဲကို နှိုက်ပြီး ပြန်ထုတ်လိုက်တယ်။
“ဟပ်ချလောင်း…ငှဲငှဲ”
“ဟား..ဦးဦးကတော်လိုက်တာ”
ကလေးတွေ ဩဘာဝိုင်းပေးတော့ ကိုပလာတာ ပီတိဖြစ်သွားတယ်။လက်ထဲကတစ်ထောင်တန်ကို ကလေးတွေ
ေ့ရှမှာဝှေ့ယမ်းပြနေတာ နီမိုးအမေ ဒေါ်သုန်ရောက်လာတာတောင်သတိမထားလိုက်မိဘူး။ကလေးတွေအကုန်
အပိုးသေသွားတယ်။ဒေါ်သုန်ကအရိုက်ကြမ်းတယ်။အပြောဆိုးတယ်။
“ဟဲ့ နီမိုး..ကျောင်းပြန်ရင်ဒေါ်သန်းဆိုင်မှာဆန်တစ်ပြည်ဝယ်ခိုင်းထားတယ်လေ..”
“ဟို.. မေကြီး ..သား..သား”
“ဆန်ဝယ်ဖို ့ပေးထားတဲ့တစ်ထောင်တန်ရော..ဘယ်မလဲ”
ဒေါ်သုန် အံကြိတ်မေးလိုက်တော့ နီမိုးဆတ်ကနဲတောင်တုန်သွားတယ်။သူ ့အမေပေးတဲ့တစ်ထောင်တန်ကကျ
ပျောက်သွားပြီလေ။နီမိုးက ကိုပလာတာကိုအားကိုးတကြီးလှမ်းကြည့်တယ်။ကိုပလာတာကတော့အူတူတူနဲ ့ပေါ့။
အဲဒီမှာ ကိုပလာတာကိုသိပ်မကြည်တဲ့ ကိုမူဆာကြီးကဝင်ချွန်တယ်။
“ဒါတော့မသိဘူး ဒေါ်သုန်ရေ..စောစောကတော့ နီမိုးအိပ်ထဲက တစ်ထောင်တန်တစ်ရွက် ပလာတာထုတ်ယူနေ
တာတော့မြင်တာပဲ”
“ဟာ ကိုမူဆာကြီးလဲ ..မျက်လှည့်ပြနေတာပါဗျ” ကိုပလာတာငြင်းတယ်။
“ဟဲ့ကောင်လေး..ပလာတာပြောတာဟုတ်လား ..”ဒေါ်သုန်က သူ ့သားကိုမေးပြီးကိုပလာတာ့ကိုမျက်စောင်းလှမ်းထိုး
တယ်။နီမိုး ဘာပြောရမှန်းမသိဘူး..ကိုပလာတာကိုကြည့်လိုက်..သူ ့အမေကိုကြည့်လိုက်လုပ်နေတာ ဒေါ်သုန်စိတ်မ
ရှည်တော့ဘူး။
“ဟဲ့ မသာလေး နင့်ပထွေးကိုကြည့်မနေနဲ ့ ငါမေးတာဖြေ” ကိုပလာတာတွန့် ့သွားတယ်။နီမိုးကတော့သနားစဖွယ်
မျက်လုံးလေးတွေနဲ ့ကြည့်နေတုန်း။ကိုပလာတာ ဆုံးဖြတ်လိုက်တယ်။
“ဟဲဟဲ ဒီလိုပါ ဒေါ်သုန်..ကလေးတွေပျော်အောင်လို ့နီမိုးတစ်ထောင်တန်နဲ မျက်လှည့်ပြနေတာ”
“ဟုတ်တယ်..ဟုတ်တယ် ကြီးကြီး” ကျန်ကလေးတွေကဝိုင်းထောက်ခံကြတယ်။ဒေါ်သုန်က ကိုပလာတာလက်ထဲက
တစ်ထောင်တန်ကို ဆောင့်ကြီးအောင့်ကြီးနဲ ့ဆွဲယူလိုက်တယ်။ဒီကြားထဲကိုမူဆာကြီးက တမှောင့်။
“သတိထား ဒေါ်သုန်ရေ..ခုခေတ်ကမလွယ်ဘူး လစ်ရင်သုတ်မဲ့လူတွေချည်းပဲ…လူမိရင်တော့ဟီးဟီးဟဲဟဲနဲ.့.
နောက်တာပါဘာညာပေါ့ ..ကလေးကို အရွက်ကြီးတွေပေးမကိုင်နဲ ့”
ဒေါ်သုန်ကလေးဆွဲပြီးထွက်သွားတော့ ကိုပလာတာငေါင်ပြီးကျန်ခဲ့တော့တာ။

4 comments

  • လင်းဝေကျော်

    May 25, 2011 at 8:41 am

    ဟားဟား…
    ရှင်းရခက်မယ့် ဇာတ်… ကိုယ့်စားရိတ်နဲ့ ကိုယ်ရှုပ်တယ် ဆိုတာမျိုးပေါ့။

  • MaMa

    May 25, 2011 at 1:06 pm

    အဲဒီမျက်လှည့်မျိုး စိတ်ဝင်စားတယ်။ ရွှေဖြစ်တဲ့ ဘိုးတော်ထက်တောင် လက်တွေ့ကျသေးတယ်။ မျက်လှည့်လည်း ကြည့်ရတယ်။ ၁၀၀ဝ လည်း ရတယ်။

  • intro

    May 26, 2011 at 3:03 am

    မိုက်တယ်ဗျာ… ကိုပလာယာ မျက်လှည့်ပြတာထက် ပိုက်ဆံ ၁၀၀ဝ ပျောက်သွားလို့ ကြံမိကြံရာ ကြံလိုက်တဲ့ ကလေးအတွေးကို ပိုသဘောကျမိတယ်… လူကြီးတွေလဲ နုံရင် ခံရမယ်သာမှတ် ……….။

  • mgbahlaing

    May 26, 2011 at 5:33 am

    ကိုပလာတာ ဟာသလေးတွေက ဆူဖီသခင်ကြီးတွေရဲ ့ဒဿနတွေနဲ ့ နိုင်ငံခြား
    ဟာသလေးတွေကို ပေါင်းစပ်မှီငြမ်းပြီး ကျွန်တော် ဖန်တီးထားတာပါ။

Leave a Reply