မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ICT-Laboratory “Router Configuration”

manawphyulayMay 25, 20111min721

ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ်ပြုလုပ်မည် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(MCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့လေ့လာမှု များအား အထောက်အကူပြုနိုင်ရန်အတွက် လစဉ် LAB Schedule များရေးဆွဲ၍ လက်တွေ့လုပ်ဆောင်မှုများကို ဆောင်ရွက် ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင်များဖြစ်ကြသော ဦးရဲကျော်သိန်း၊ ဦးအောင်ဇော် မြင့် တို့မှ မေလ (၂၈) ရက်တွင် နေ့လည် ၁းဝဝ နာရီ မှ ၅းဝဝ နာရီအထိ “Router Configuration” ခေါင်းစဉ်ဖြင့် လက်တွေ့ သရုပ်ပြသွားမည် ဖြစ်သည်။
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ MCPA စာမေးပွဲအောင်မြင်ထားသူများ နှင့် စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်လေ့လာနိုင်ပြီး မေလ (၂၇) ရက် ညနေ (၃းဝ၀) နာရီ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်။ လက်တွေ့ စမ်းသပ်သူ (၂၄) ဦး လက်ခံမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း (၄)၊ ဖုန်း-၆၅၂၂၇၆၊
၀၉-၇၃၀၈၈၃၀ဝ သို့ဆက်သွယ်စုံစမ်းနိုင်သည်။
source : မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း

One comment

  • intro

    May 25, 2011 at 2:27 pm

    ကျေးဇူးပါ အစ်မရေ… Shared ပေးတာ ကျေးဇူးပါပဲ… အချိန်ရရင် သွားမယ်လို့ စိတ်ကူးပါတယ်… အခုလို အကျိုးရှိတဲ့ Event လေးတွေကို ပြန် Shared တာ အများကြီး အကျိုးရှိပါတယ်…

Leave a Reply